ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှုကြောင့်ပါ။
Kyaw Ko Ko Sint

ကွာတားဖိုင်နယ်နဲ့ဆီမီးဖိုင်နယ်ပွဲတွေကို တစ်ကျော့သာကစားတော့မှာ ဖြစ်ပြီး အိမ်ရှင်အသင်းကို ပန်းခေါင်းလှန် ဆုံးဖြတ်မယ်လို့ သိရပါတယ်။

၂၀၁၉-၂၀ ဘောလုံးရာသီရဲ့ လက်ကျန် ချန်ပီယံလိဂ်နဲ့ယူရိုပါလိဂ်ပွဲတွေကို နှစ်ကျော့မကစားစေတော့ပဲ တစ်ကျော့ သာ ကစားစေဖို့ ယူအီးအက်ဖ်အေက ဆုံးဖြတ်ချက် ချလိုက်တယ်လို့ BBC SPORT သတင်းဌာနကဖော်ပြလာပါ တယ်။

လက်ရှိမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုတွေကြောင့် အများနည်းတူ ဥရောပကလပ်အသင်းပြိုင်ပွဲတွေကိုလည်း ရွှေ့ ဆိုင်းထားလို့ မူလသတ်မှတ်ထားတဲ့ မေလအကုန်မှာ ပြီးဖို့ မဖြစ်နိုင်တော့တာပါ။

ဒါကြောင့် ချန်ပီယံလိဂ်နဲ့ယူအီးအက်ဖ်အေတို့ရဲ့ ဗိုလ်လုပွဲစဥ်တွေကို ဇွန် ၂၇နဲ့ ၂၄ တွေလောက်မှသာ ကျင်းပနိုင်ဖို့ ရှိနေတာပါ။



အမျိုးသမီး ချန်ပီယံလိဂ်ဗိုလ်လုပွဲကိုလည်း မေ ၂၄မှာ မူလသတ်မှတ်ထားပေမယ့် အခုအခါ ရက်ရွှေ့ထားလိုက်ပြီလို့ သိရပါသေးတယ်။

အမျိုးသားပြိုင်ပွဲတွေမှာ ချန်ပီယံလိဂ်ပြိုင်ပွဲက ၁၆သင်းအဆင့်ပွဲတွေကစားနေတဲ့အဆင့် ရောက်နေပေမယ့် ပြိုင်ပွဲ အားလုံးတော့ မကစားရသေးပါဘူး။

ယူရိုပါလိဂ်မှာလည်း ၁၆သင်းအဆင့် ဒု-ကျော့ကစားဖို့ ကျန်နေသေးတာကြောင့် ယူအီးအက်ဖ်အေရဲ့ တစ်ကျော့သာ ကစားမယ့် အခြေအနေက ကွာတားဖိုင်နယ်နဲ့ဆီမီးဖိုင်နယ်တို့မှသာ စတင်အကျုံးဝင်နိုင်မှာပါ။

တစ်ကျော့ကစားချိန် အိမ်ကွင်းကစားရမယ့် အသင်းကိုတော့ ပန်းခေါင်းလှန်ပြီး ဆုံးဖြတ်သွားမယ်လို့လည်း သိရပါ တယ်။

နောက်ဆုံးအနေနဲ့ လာမယ့်နှစ် ၂၀၂၀-၂၁ဥရောပကလပ်ပြိုင်ပွဲဝင်ခွင့်ကိုလည်း လက်ရှိ အဆင့် ရပ်တည်မှုတွေနဲ့ မဆုံးဖြတ်တော့ပဲ လာမယ့်နှစ် ရာသီမစခင်မှာပဲ တစ်မျိုးတစ်ဖုံ ဆုံးဖြတ်သွားဖို့ ရှိနေတယ်လို့လည်း သိရပါတယ်။


က္က