ပြင်သစ်လိဂ်ကို ဖျက်သိမ်းသွားပြီဖြစ်ကာ နိုင်ငံတွင်းကစားဖို့ကိုလည်း ပိတ်ပင်ထားပါတယ်။
Pyae Phyo Thein

ပီအက်စ်ဂျီအသင်းအနေနဲ့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ကို တက်ရောက်ထားပြီးဖြစ်လို့ အိမ်ကွင်းမှာလက်ခံကစားရမယ့်ပွဲကို အခြားနေရာမှာ လက်ခံကစားဖို့ အခုကတည်းက ကြိုတင်ပြင်ဆင်မှုတွေကို ပြုလုပ်နေပြီဖြစ်ပါတယ်။


ပြင်သစ်ကလပ်ပီအက်စ်ဂျီအသင်းက သူတို့ကစားဖို့ ကျန်ရှိနေသေးတဲ့ ချန်ပီယံလိဂ်ပွဲစဉ်အိမ်ကွင်းပွဲတွေကို အခြားသောနေရာတွေမှာ ကစားသွားမယ်လို့ အတည်ပြုပြောဆိုသွားခဲ့ပါတယ်။ ပြင်သစ်မှာ အားကစားပွဲအခမ်းအနားတွေကို စက်တင်ဘာလအထိ မပြုလုပ်ရဘူးလို့ အမိန့်ထုတ်ပြန်ခဲ့သလို ဘောလုံးပွဲတွေကိုလည်း ကွင်းပိတ်ကစားခွင့်မပြုဘူးလို့ တားမြစ်ခဲ့ပါတယ်။

လက်ရှိမှာ ပြင်သစ်လီဂူးပွဲစဉ်တွေကို ဆက်လက်ကစားခြင်းမပြုဘဲ ဖျက်သိမ်းလိုက်ပြီဖြစ်ပါတယ်။ ဒါကြောင့် ပီအက်စ်ဂျီအသင်းအနေနဲ့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ကို တက်ရောက်ထားပြီးဖြစ်လို့ အိမ်ကွင်းမှာလက်ခံကစားရမယ့်ပွဲကို အခြားနေရာမှာ လက်ခံကစားဖို့ အခုကတည်းက ကြိုတင်ပြင်ဆင်မှုတွေကို ပြုလုပ်နေပြီဖြစ်ပါတယ်။

ဥရောပဘောလုံးအဖွဲ့ချုပ်ကတော့ ချန်ပီယံလိဂ် နဲ့ ယူရိုပါလိဂ်ပြိုင်ပွဲတွေကို ဆုံးခန်းတိုင်အောင်ကျင်းပသွားမယ်လို့ ပြောဆိုထားပြီးဖြစ်ပါတယ်။ ဒီအတွက်ကြောင့် လိဂ်ပွဲတွေကို အစောဆုံးပြီးစီးအောင်ကစားဖို့တိုက်တွန်းမှုတွေပြုလုပ်ထားပြီး ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကိုလည်း လမ်းညွှန်ပေးက အကြံပြုမှုတွေလည်း လုပ်ပေးခဲ့ပါတယ်။ 

ပီအက်စ်ဂျီအသင်းဥက္ကဌနတ်ဆာအယ်လ်ခီလိုင်ဖီက "ပြင်သစ်အစိုးရရဲ့ ဆုံးဖြတ်ချက်အပေါ် ကျွန်တော်တို့လေးစားမှုရှိပါတယ်၊ ကျွန်တော်တို့ ချန်ပီယံလိဂ်ပွဲတွေကို ကစားဖို့အတွက် ယူအီးအက်ဖ်အေနဲ့ သဘောတူညီမှုရရှိပြီးသားပါ၊ ဘယ်နေရာမှာ ဘယ်အချိန်ပဲဖြစ်ဖြစ် ကစားရကစားရပါ၊ ပြင်သစ်မှာကစားဖို့မဖြစ်နိုင်ဘူးဆိုရင် ကျွန်တော်တို့ရဲ့ ကစားသမားတွေ၊ ဝန်ထမ်းတွေအတွက် အလုံခြုံဆုံးဖြစ်စေမယ့် နေရာတစ်ခုမှာကစားသွားပါမယ်" လို့ ကြေညာချက်ထုတ်ပြန်ခဲ့ကြောင်း Daily Mail က ဖော်ပြခဲ့ပါတယ်။

ပီအက်စ်ဂျီအသင်းနဲ့အတူ လိုင်ယွန်အသင်းကလည်း ဥရောပပွဲစဉ်ကစားဖို့ ကျန်ရှိနေပါသေးတယ်။ ဒါပေမယ့်လည်း သူတို့အနေနဲ့ ဘယ်လိုအနေအထားမျိုးနဲ့ ဆက်လက်ကစားသွားမလဲဆိုတာကိုတော ့ထုတ်ပြန်ခြင်းမရှိသေးပါဘူး။ ပီအက်စ်ဂျီဟာ ချန်ပီယံလိဂ် ၁၆ သင်းအဆင့်မှာ ဒေါ့မွန်ကို အနိုင်ယူပြီး ကွာတားဖိုင်နယ်ကို တက်ရောက်ထားခဲ့လို့ အနည်းဆုံးနောက်ထပ် ၂ပွဲကစားရဖို့ရှိနေတာလည်းဖြစ်ပါတယ်။ 


က္က