တစ်ရာသီအတွင်းကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲတိုင်း ဂိုးသွင်းနိုင်တဲ့စံချိန်ပါ။

တကယ်လို့သာ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာသာ ဂိုးသွင်းနိုင်ခဲ့မယ်ဆိုရင်တော့ တစ်ရာသီအတွင်းကစားခဲ့သမျှပွဲတိုင်းကို ဂိုးသွင်းယူနိုင်တဲ့မှတ်တမ်းကို ပိုင်ဆိုင်မှာဖြစ်ပါတယ်။ 


လိုင်ယွန်နဲ့ကစားခဲ့တဲ့ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ပွဲစဉ်မှာ ဘိုင်ယန်အတွက် ပွဲသိမ်းဂိုးကိုသွင်းယူပေးခဲ့ပြီးနောက် လီဝန်ဒေါစကီးဟာ ချန်ပီယံလိဂ်မှာ ၉ ပွဲဆက်တိုက်ဂိုးသွင်းယူနိုင်ခဲ့ပြီဖြစ်ပါတယ်။ သူ့ရဲ့ ဒီရာသီချန်ပီယံလိဂ်သွင်းဂိုးကလည်း ၁၅ဂိုးအထိရှိလာခဲ့ကာ ချန်ပီယံလိဂ်ရဲ့ဘုရင်လို့ တင်စားခံနေရတဲ့ ရော်နယ်ဒိုရဲ့ စံချိန်ကိုလိုက်မီဖို့ နည်းနည်းသာလိုအပ်တော့ဖြစ်ပါတယ်။



ရော်နယ်ဒိုက ပွဲဆက်အများဆုံးဂိုးသွင်းယူနိုင်မှုမှာ ၁၁ပွဲနဲ့ ဦးဆောင်နေသလို တစ်ရာသီအတွင်းဂိုးသွင်းမှုမှာလည်း ၁၇ ဂိုးအထိရှိနေခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် လီဝန်ဒေါစကီးအနေနဲ့ ထူးခြားမှတ်တမ်းတစ်ခုကို ပိုင်ဆိုင်ဖို့ရှိနေပြီး အဆိုပါမှတ်တမ်းကိုတော့ ရော်နယ်ဒိုတောင် ရယူထားနိုင်ခဲ့ခြင်းမရှိတာကို မြင်တွေ့ခဲ့ရပါတယ်။

ဒီရာသီချန်ပီယံလိဂ်ပြိုင်ပွဲမှာ လီဝန်ဒေါစကီးက ပါဝင်ကစားထားတဲ့ပွဲတိုင်းကို ဂိုးသွင်းယူထားနိုင်ခဲ့ပါတယ်။ အုပ်စုအဆင့်ကနေစတင်ကာ ဆီမီးဖိုင်နယ်အဆင့်ထိ စုစုပေါင်း ၉ ပွဲကစားခဲ့ရာမှာ ၉ ပွဲစလုံးဂိုးသွင်းယူနိုင်ခဲ့ပြီး အုပ်စုတွင်းပွဲစဉ်ဖြစ်တဲ့ စပါးနဲ့ပွဲကိုသာ မပါဝင်ခဲ့ဘဲ ရှိနေခဲ့တာဖြစ်ပါတယ်။ တကယ်လို့သာ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာသာ ဂိုးသွင်းနိုင်ခဲ့မယ်ဆိုရင်တော့ တစ်ရာသီအတွင်းကစားခဲ့သမျှပွဲတိုင်းကို ဂိုးသွင်းယူနိုင်တဲ့မှတ်တမ်းကို ပိုင်ဆိုင်မှာဖြစ်ပါတယ်။ 

အဆိုပါမှတ်တမ်းမျိုးကို ရော်နယ်ဒိုက ရယူနိုင်ဖို့ နီးစပ်ခဲ့ဖူးပါတယ်။ ၂၀၁၃-၁၄ ရာသီမှာ ရော်နယ်ဒိုက ချန်ပီယံလိဂ်ပွဲစုစုပေါင်း ၁၁ ပွဲကစားခဲ့ရာမှာ ၁ဝပွဲအထိဂိုးသွင်းနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ဘိုင်ယန်နဲ့ကစားခဲ့တဲ့ ဆီမီးဖိုင်နယ်ပထမအကျော့မှာ ဂိုးမသွင်းယူနိုင်ခဲ့လို့ တစ်ရာသီအတွင်းကစားသမျှ ပွဲတိုင်းကို ဂိုးသွင်းနိုင်တဲ့စံချိန်ကို လက်လွှတ်ခဲ့ရပါတယ်။ 

လီဝန်ဒေါစကီးအတွက်တော့ ပီအက်စ်ဂျီနဲ့ကစားရမယ့်ပွဲဟာ ချန်ပီယံလိဂ်မှာ စံချိန်သစ်စိုက်ထူနိုင်မှာဖြစ်ပြီး ဆုဖလားပါရရှိခဲ့မယ်ဆိုရင်တော့ ကစားခဲ့တဲ့ပွဲတိုင်းဂိုးသွင်းယူနိုင်ကာ ဆုဖလားဆွတ်ခူးနိုင်တဲ့ ကစားသမားအဖြစ် မှတ်တမ်းဝင်လာတော့မှာဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က