ဘာနေဗျူးမှာ ၁၆သင်းအဆင့် ပထမအကျော့ကို ကစားရတော့မှာပါ။

ရီးရဲလ်မက်ဒရစ်နဲ့ မန်စီးတီးတို့ကတော့ သမိုင်းတစ်လျှောက်စုစုပေါင်း ၁၂ကြိမ်တွေ့ဆုံထားပြီး ရီးရဲလ်က ၆ပွဲအနိုင်ရကာ ၃ပွဲသရေကျပြီး မန်စီးတီးက ၃ပွဲအနိုင်ရရှိထားပါတယ်။ 


မန်စီးတီးအသင်းနည်းပြဂွာဒီယိုလာက ချန်ပီယံလိဂ် ၁၆သင်းအဆင့်ရှုံးထွက်ပွဲစဉ်မှာ ဆုဖလား ၁၃ကြိမ်အထိ ရရှိထားတဲ့ ဥရောပဘုရင် ရီးရဲလ်မက်ဒရစ်နဲ့ ရင်ဆိုင်ဖို့ အသင့်ဖြစ်နေပြီလို့ ပြောဆိုလိုက်ပါတယ်။ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ဂွာဒီယိုလာက ပြောဆိုခဲ့တာဖြစ်ပြီး မန်စီးတီးအတွက် ကြီးမားတဲ့စမ်းသပ်မှုတစ်ခုဖြစ်တယ်လို့လည်း ဖွင့်ဟသွားခဲ့ပါတယ်။ 

မန်စီးတီးကတော့ လာမယ့်၂ နှစ်အထိ ချန်ပီယံလိဂ်ပြိုင်ပွဲကို ဝင်ရောက်ကစားခွင့်ပိတ်ပင်ခံခဲ့ရပြီး ဒီရာသီမှာ ဆုဖလားရရှိဖို့အတွက် ကြိုးစားသွားရမှာဖြစ်ပါတယ်။ ဒါပေမယ့် ၁၆သင်းအဆင့်မှာပဲ ခက်ခဲတဲ့ပြိုင်ဘက်ဖြစ်တဲ့ ချန်ပီယံလိဂ်ဖလား ၁၃ကြိမ်ရရှိထားတဲ့ ရီးရဲလ်မက်ဒရစ်ကို ရင်ဆိုင်ရမှာပါ။ ဂွာဒီယိုလာကတော့ ကစားသမားဘဝမှာရော၊ နည်းပြဘဝမှာပါ ဘာစီလိုနာနဲ့ မကြာခဏရင်ဆိုင်ခဲ့ဖူးသူဖြစ်ပါတယ်။

"နည်းပြတစ်ယောက်အနေနဲ့ ကစားသမားတစ်ဦးအနေနဲ့ သူတို့ကို ကျွန်တော်အကြိမ်ပေါင်းများစွာ ရင်ဆိုင်ခဲ့ဖူးပါတယ်၊ ဒီအသင်းရဲ့ သမိုင်းကြောင်းက ကျွန်တော့်ကိုအမြဲတမ်းလေးစားအားကျစေခဲ့ပါတယ်၊ သူတို့အသင်းမှာ ကစားသမားကောင်းတွေရှိပြီးတော့ ရင်ဆိုင်ရခက်မယ်ဆိုတာ ကျွန်တော်သိပါတယ်၊ ဒီကစားသမားတွေက ဗိုလ်လုပွဲဘယ်နှစ်ကြိမ်ကစားဖူးလဲ ကျွန်တော်မသိပါဘူး"

"ဒါမှမဟုတ် ချန်ပီယံလိဂ်ဖလားကို ဘယ်နှစ်ကြိမ်ရရှိဖူးလဲ ကျွန်တော်မသိပါဘူး၊ ကျွန်တော်တို့အတွက် ဘရာဗိုက ဘာစီလိုနာနဲ့ ဆုဖလားရကောင်းရဖူးနိုင်ပါတယ်၊ ဒါပေမယ့် တခြားကစားသမားတွေကတော့ ဆုဖလားမရရှိဖူးပါဘူး၊ ကျွန်တော်တို့အနိုင်ရနိုင်တယ်၊ အရေးနိမ့်နိုင်တယ်၊ ဒါပေမယ့် မိနစ် ၁၈ဝလုံးမှာ အကောင်းဆုံးရင်ဆိုင်သွားဖို့ ကျွန်တော်တို့ ကြိုးစားသွားမှာပါ၊ ဒီပြိုင်ပွဲရဲ့ဘုရင်ဖြစ်တဲ့ အသင်းနဲ့ရင်ဆိုင်မှုမှာ ကျွန်တော်တို့ ခြေကုန်ထုတ်သွားမှာပါ" လို့ ဂွာဒီယိုလာက ပြောဆိုခဲ့ပါတယ်။ 

"ဒါက ကြီးမားတဲ့စမ်းသပ်မှုလည်းဖြစ်ပါတယ်၊ ဒီပြိုင်ပွဲမှာ ဗိုလ်စွဲချင်ရင် ရီးရဲလ်မက်ဒရစ်၊ ဘာစီလိုနာ၊ ဘိုင်ယန်မြူးနစ်တို့လိုအသင်းတွေနဲ့ ရင်ဆိုင်ပြီး အနိုင်ယူရမှာပါ" လို့ သူကထပ်ပြောခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်နဲ့ မန်စီးတီးတို့ကတော့ သမိုင်းတစ်လျှောက်စုစုပေါင်း ၁၂ကြိမ်တွေ့ဆုံထားပြီး ရီးရဲလ်က ၆ပွဲအနိုင်ရကာ ၃ပွဲသရေကျပြီး မန်စီးတီးက ၃ပွဲအနိုင်ရရှိထားပါတယ်။ 



က္က