လိုကိုမိုးတစ်အသင်းဖက်ကို အနိုင်ဂိုး ၂ ဂိုးစလုံးသွင်းပေးခဲ့သူပါ။

၁၉၉၆ ခုနှစ်နောက်ပိုင်း ချန်ပီယံလိဂ်ကို ဆွတ်ခူးနိုင်တော့ခြင်းမရှိတော့ပဲ မနှစ်က ကွာတားဖိုင်နယ်အထိသာ တက်လှမ်းနိုင်ခဲ့ပါတယ်။

ဂျူဗင်တပ်အသင်းက လိုကိုမိုးတစ် မော်စကိုအသင်းကို ၂-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီးနောက် ဥရောပ ချန်ပီယံလိဂ်သ ရဖူကို အပြည့်အ၀ စိန်ခေါ်နိုင်စွမ်းရှိနေပြီလို့ ဒိုင်ဘာလာက ကြုံးဝါးခဲ့တဲ့အကြောင်း Sportskeeda သတင်းဌာန က ဖော်ပြလာပါတယ်။



ဒိုင်ဘာလာကတော့ ဒီပွဲမှာ အသင်းက ၁-၀ နဲ့ အရေးနိမ့်နေချိန် ၂ မိနစ်အတွင်း ၂ ဂိုးစလုံးသွင်းယူပြီး နိုင်ပွဲ ရှာဖွေပေးနိုင်ခဲ့သူပါ။

ဂျူဗင်တပ်အသင်းကတော့ အက်သလက်တီကိုမက်ဒရစ်အသင်းနဲ့ သရေကျခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စုပွဲစဉ်ပြီး ကတည်းက ပြိုင်ပွဲစုံ ၇ ပွဲဆက် အနိုင်ရထားတဲ့အသင်းပါ။

“ကျွန်တော်တို့အသင်းက အတွေ့အကြုံပြည့်ဝနေကြပြီး ဒီပြိုင်ပွဲအပေါ်မှာလည်း အင်မတန် စိတ်အားထက်သန် နေကြပါတယ်။ လတ်တလောနှစ်တွေထဲမှာ ကျွန်တော်တို့ လုပ်ဆောင်ခဲ့တာတွေထက် အခုနှစ်မှာ ပိုမို စွမ်းဆောင်ပြနိုင်ပြီး ချန်ပီယံလိဂ် သရဖူကိုတောင် ဆွတ်ခူးနိုင်စွမ်းရှိနေပါတယ်။” လို့ ဒိုင်ဘာလာက ပြောခဲ့တာပါ။



ဂျူဗင်တပ်အသင်းကတော့ ချန်ပီယံလိဂ် ဆုဖလားကို ၁၉၉၆ ခုနှစ်က နောက်ဆုံးရခဲ့ပြီး မနှစ်ကတော့ ကွာတား ဖိုင်နယ်အဆင့်ထိသာ တက်လှမ်းနိုင်ခဲ့ပါတယ်။

ဒီနှစ်မှာတော့ ချန်ပီယံလိဂ် အုပ်စုတွင်း ၃ ပွဲကစားပြီးချိန် ၂ ပွဲနိုင် ၁ ပွဲသရေကျထားပြီး ရမှတ်တူ အက်သလက်တီကို မက်ဒရစ်အသင်းထက် ရဂိုးတစ်ဂိုးပိုသာနေလို့ ဂျူဗင်တပ်အသင်းက အဆင့် ၁ နေရာမှာ ရပ်တည်နေပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က