နာပိုလီအသင်းနဲ့ ချန်ပီယံလိဂ် ပွဲဦးထွက် ကစားရပါမယ်။

ချန်ပီယံလိဂ်ရတာနဲ့ ဥရောပအကောင်းဆုံးအသင်းမဟုတ်ပဲ မန်စီးတီးကသာ ဥရောပရဲ့ အကောင်းဆုံးအသင်းအဖြစ် ရှိနေပါတယ်လို့ ကလော့ပ်က ပြောခဲ့တာပါ။

လီဗာပူး နည်းပြ ဂျာဂျင်ကလော့ပ်ကတော့ မနှစ်က ချန်ပီယံလိဂ် ဆုဖလား ရထားရုံနဲ့ ကျွန်တော်တို့ကိုယ် ကျွန်တော်တို့ အကောင်းဆုံးအသင်းလို့ သတ်မှတ်လို့ မရသေးပါဘူးလို့ ပြောလာတဲ့အကြောင်း BBC SPORT ကဖော်ပြလာပါတယ်။


လီဗာပူးအသင်းကတော့ မနှစ်က ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ လီဗာပူး အသင်းက စပါးအသင်းကို ၂-၀ နဲ့ အနိုင်ရပြီး ၆ကြိမ်မြောက် ချန်ပီယံလိဂ် ဆုဖလားကို ကိုင်မြှောက်နိုင်ခဲ့ပါတယ်။

လာမယ့်အင်္ဂါညမှာတော့ လီဗာပူးအသင်းဟာ ချန်ပီယံလိဂ်ဆုဖလား ကာကွယ်ပွဲ ပထမဆုံးပွဲအဖြစ် နာပိုလီအ သင်းနဲ့ ကစားရပါမယ်။



“ နောက်ထပ် အသင်းကောင်းတွေ များစွာရှိနေပါသေးတယ်။ကျွန်တော်တို့အနေနဲ့ ဆက်လက်ပြီး အကောင်းဆုံး အသင်းဖြစ်ဖို့ သက်သေပြနိုင်ဖို့ လိုနေပါသေးတယ်။ကျွန်တော်တို့က အကောင်းဆုံးအသင်းမဟုတ်ပါဘူး၊မန်စီး တီးကသာ အကောင်းဆုံးအသင်းပါ။” လို့ကလော့ပ်က ပွဲကြို သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်တာပါ။

လီဗာပူးအသင်းအနေနဲ့ ဒီနှစ် ချန်ပီယံလိဂ် အုပ်စုတွင်းမှာ နာပိုလီ၊ဂျန့်၊ဆဲလ်ဘတ်အသင်းတွေနဲ့ တစ်အုပ်စုတည်း ကျရောက်နေပါတယ်။

“ မနှစ်ကတော့ကျွန်တော်တို့ တကယ်ကောင်းခဲ့ပါတယ်၊ ဒါပေမယ့် ဒါက ဥရောပရဲ့ အကောင်းဆုံးအသင်းလို့ သတ်မှတ်လို့ရတယ်လို့တော့ မသေချာပါဘူး။ အခုချိန်မှာတော့ ကျွန်တော်တို့ အကောင်းဆုံး အနေအထားတစ် ခုမှာရှိနေပါတယ်၊ ဒါကလည်း ချန်ပီယံလိဂ်ရထားလို့ပါ။” လို့ ကလော့ပ်က ဆက်လက်ပြောပါတယ်။

လီဗာပူးအသင်းအနေနဲ့ ချန်ပီယံလိဂ်ဆုဖလားကိုမနှစ်က ရခဲ့ချိန်မှာ တစ်ပွဲချင်းစီ အာရုံစူးစိုက်ပြင်ဆင်သွားတာ ဖြစ်ပြီး ဒီနှစ်မှာလည်း အဲ့ဒီအတိုင်းပဲ ဆက်လက်ပြင်ဆင်သွားမယ်လို့ ကလော့ပ်က ဆက်လက်ပြောခဲ့ပါတယ်။

Share

Loading Next Article...
က္က