ဖရန့်ဖန်နဲ့ပွဲပြီးရင် အက်စတန်ဗီလာနဲ့ လိဂ်ပွဲကစားရပါဦးမယ်။

အာဆင်နယ်အသင်းအနေနဲ့ ယူရိုပါလိဂ် အဖွင့်ပွဲအဖြစ် ဖရန့်ဖတ်နဲ့ပွဲမှာ အဓိက ကစားသမားအချို့ ဖြစ်တဲ့ အိုလ်ဇေး၊ဆိုကရာတစ်တို့ကို အနားပေးသွားမှာဖြစ်သလို တိုက်စစ်မှူး လာကာဇက်တီကလည်း ဒဏ်ရာကြောင့် အနားယူနေရပါတယ်။

ဖရန့်ဖတ်နဲ့ ကစားမယ့် ယူရိုပါလိဂ် ပွဲစဉ်မှာ အာဆင်နယ်အသင်းရဲ့ အဓိက ကစားသမားတစ်ဦးဖြစ်တဲ့ မီဆွတ်အိုလ်ဇေး ပါဝင်နိုင်မဟုတ်ဘူးလို့ The Guardian သတင်းဌာနက ဖော်ပြလာပါတယ်။



အခုလို အိုလ်ဇေးကို အနားပေးသွားတာကတော့ လာမယ့် တနင်္ဂနွေနေ့မှာ ကစားမယ့် အက်စတန်ဗီလာနဲ့ပွဲမှာ လန်းဆန်းမှု အပြည့် ရရှိနေဖို့ ရည်ရွယ်တယ်လို့လည်း နည်းပြ အူနိုင်းက ရှင်းလင်းထားပါတယ်။



အိုလ်ဇေးအနေနဲ့ အဖျားဝေဒနာကြောင့် အာဆင်နယ်အသင်းအတွက် ဒီရာသီမှာ ၇၁ မိနစ်သာ ပါဝင်ကစားပေး ထားနိုင်ပါသေးတယ်။

“ မတူညီတဲ့ ကစားသမားတွေကို အသုံးပြုချင်ပါတယ်၊ဒါကြောင့် ဖရန့်ဖတ်နဲ့ ကစားမယ့် ၁၉ ယောက်စာရင်းရဲ့ ပွဲထွက် ၁၁ ယောက်မှာ မတူညီတာတွေ မြင်တွေ့နိုင်ပါတယ်။ လာမယ့် တနင်္ဂနွေနေ့မှာဆိုရင်လည်း လိဂ်ပွဲ ကစားဖို့ရှိပါသေးတယ်၊ ဒါကြောင့် မနက်ဖြန်ပွဲမှာ ဘယ်သူက ကစားဖို့အသင့်တော်ဆုံးလည်း ဆိုတာ ကျွန်တော်ရွေးချယ်ဖို့ လိုပါတယ်။ သေချာတာကတော့ ဆိုကရာတစ်နဲ့ အိုလ်ဇေးတို့ကတော့ ကစားဖို့ မသင့်သေးပါဘူး။” လို့ အူနိုင်းက ပြောခဲ့ပါတယ်။

နောက်ခံလူ ဆိုကရာတစ်ကတော့ ပြီးခဲ့တဲ့ ဝက်ဖို့ဒ်နဲ့ပွဲမှာ အမှားကြီး တစ်ခု ကျူးလွန်ခဲ့တာကြောင့် ပေးဂိုး ခွင့်ပြုခဲ့ရသူလည်း ဖြစ်ပါတယ်။

ဒီည ကစားမယ့်ယူရိုပါလိဂ်ပွဲမှာတော့ အသင်းခေါင်းဆောင်အဖြစ် ဇာခါကို ပွဲထွက်ခွင့်ပေးဖြစ်ရင် ဆက်လက် တာဝန်ယူစေမှာ ဖြစ်တယ်လို့လည်း ပြောထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က