အသင်းကထွက်ခွာနိုင်ချေက ပိုမိုမြင့်မားလာပါတယ်။
Pyae Phyo Thein

နူးကမ့်မှာ သူ့ရဲ့အနာဂတ်ကို မြင်တွေ့မှုမရှိဘူးလို့ မက်ဆီကပြောဆိုခဲ့တာဟာ နည်းပြသစ်ကိုးမန်းအတွက်လည်း တော်တော်လေးကြီးမားတဲ့ပြသနာကိုဖြေရှင်းရဖို့ ဖြစ်လာခဲ့ပါတယ်။ 


ဘာစီလိုနာမှာ သူ့ရဲ့အနာဂတ်မရှိတော့ဘူးလို့ နည်းပြသစ်ရော်နယ်ကိုးမန်းနဲ့ တွေ့ဆုံခဲ့မှုမှာ မက်ဆီကပြောဆိုခဲ့တယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။ နူးကမ့်မှာ သူ့ရဲ့အနာဂတ်ကို မြင်တွေ့မှုမရှိဘူးလို့ မက်ဆီကပြောဆိုခဲ့တာဟာ နည်းပြသစ်ကိုးမန်းအတွက်လည်း တော်တော်လေးကြီးမားတဲ့ပြသနာကိုဖြေရှင်းရဖို့ ဖြစ်လာခဲ့ပါတယ်။ 

ဘိုင်ယန်မြူးနစ်ကို ၈-၂ နဲ့ အရေးနိမ့်ခဲ့မှုက မက်ဆီကို နူးကမ့်ကနေထွက်ခွာစေမယ့် အကြောင်းရင်းဖြစ်တယ်လို့ RAC1 သတင်းဌာနကဖော်ပြခဲ့ပြီး ရော်နယ်ကိုးမန်းနဲ့ ဆွေးနွေးမှုမှာ မက်ဆီက အထက်ပါအတိုင်းပြောဆိုခဲ့တယ်လို့လည်း ဖော်ပြခဲ့ပါတယ်။ ကိုးမန်းက အသင်းအတွက် သူ လုပ်ဆောင်သွားမယ့် စီမံကိန်းတွေကို ရှင်းပြခဲ့တယ်လို့လည်း သိရပါတယ်။ 

ဘာစီလိုနာအနေနဲ့ နည်းပြဆက်တီယန်၊ အားကစားဒါရို်က်တာအဘီဒယ်တို့ရဲ့ ပြသနာကို လွယ်လင့်တကူဖြေရှင်းနိုင်ခဲ့ပေမယ့် မက်ဆီရဲ့အနာဂတ်ကို ဖြေရှင်းနိုင်ဖို့အတွက်တော့ တော်တော်လေးခက်ခဲနေခဲ့ပါတယ်။ အသင်းရဲ့ အဓိကကစားသမား ထွက်ခွာသွားရမယ့်အရေးကို ရော်နယ်ကိုးမန်းက အပူတပြင်းဖြေရှင်းရတော့မှာဖြစ်ကာ မက်ဆီရဲ့ ဆန္ဒပြောင်းလဲလာဖို့က သူ့အတွက်ဦးစားပေးဖြစ်လာခဲ့ပါတယ်။ 

ဘာစီလိုနာဥက္ကဌဘာတိုမြူကတော့ မက်ဆီအပါအဝင် အဓိကကစားသမား ၈ ဦးကိုရောင်းချသွားမှာမဟုတ်ဘူးလို့ အခိုင်အမာပြောဆိုထားခဲ့ပါတယ်။ ဒါပေမယ့် မက်ဆီဟာ ရာသီကုန်တိုင်းမှာ အသင်းကနေထွက်ခွာခွင့်ရရှိထားခဲ့သူဖြစ်ပြီး သူ့ရဲ့အနာဂတ်ကလည်း ဒီနှစ်ပိုင်းမှာ ပိုမိုလှုပ်ခတ်လာခဲ့ပြီး ဘိုင်ယန်မြူးနစ်ကို အရှက်ရဖွယ်အရေးနိမ့်ခဲ့မှုက အသင်းကနေထွက်ခွာဖို့ တွန်းအားပေးမှုတစ်ခုဖြစ်လာခဲ့ပါတယ်။ 


အသက် ၃၃ နှစ်အရွယ် အာဂျင်တီးနားကြယ်ပွင့်ဟာ ကစားသမားဘဝအဆိုးရွားဆုံးဘောလုံးရာသီကို ရင်ဆိုင်ခဲ့ရတာဖြစ်ပြီး အသင်းရဲ့လက်ရှိအနေအထားနဲ့ ဘုတ်အဖွဲ့ရဲ့ ဆုံးဖြတ်ချက်တွေအပေါ်မှာ တော်တော်လေးမကျေမနပ်ဖြစ်နေခဲ့သူလည်းဖြစ်ပါတယ်။ 


Author


က္က