အက်စတိုးနီးယားနဲ့ပွဲမှာ တစ်ဂိုးသွင်း ၂ဂိုးဖန်တီးပေးခဲ့ပါတယ်။

ယူနိုက်တက်မှာ ပုံမှန်ခြေစွမ်းမရခဲ့ပဲ လိုင်ယွန်အသင်းနဲ့အတူ ပြန်လည်တောက်ပလာခဲ့တဲ့ဒီပေးကတော့ လက်ရှိ မှာ နယ်သာလန်အသင်းအတွက်၂၀၁၀နောက်ပိုင်း ဂိုးဖန်တီးမှု အများဆုံး ကစားသမားဖြစ်လာခဲ့ပါပြီ။

အက်စတိုးနီးယားကို ၄-ဝ နဲ့အနိုင်ရရှိခဲ့တဲ့ ယူရို ၂၀၂၀ ခြေစစ်ပွဲမှာ အသင်းအတွက် တစ်ဂိုးသွင်းပြီး ၂ ဂိုးဖန်တီး ပေးနိုင်ခဲ့တဲ့ ဒီပေးကတော့ ၂၀၁၀ ခုနှစ်ကစပြီး နယ်သာလန်အသင်းအတွက် ဂိုးအများဆုံးဖန်တီး ပေးထားနိုင်သူ ဖြစ်နေပြီလို့ Opta စစ်တမ်းရဲ့ ဖော်ပြချက်အရ သိရပါတယ်။



ဒီပေးအနေနဲ့ အသက် ၂၅ နှစ်အရွယ်သာရှိသေးပြီး ၇၆ မိနစ်မှာ ကိုယ်တိုင် တစ်ဂိုးသွင်းသလို ဘာဘယ်နဲ့ဝစ်ဂျ် နယ်ဒန်တို့ရဲ့သွင်းဂိုးတွေကိုလည်း ဖန်တီးပေးခဲ့တာပါ။



လက်ရှိမှာလိုင်ယွန်အသင်းရဲ့ အဓိက ကစားသမားတစ်ဦးဖြစ်နေသူ ဒီပေးအနေနဲ့ နယ်သာလန်အသင်းအတွက် ၂၀၁၀ ခုနှစ်ကစပြီး ဂိုးဖန်တီးမှု ၁၇ ကြိမ်ထိ ပြုလုပ်ထားနိုင်ပြီ ဖြစ်ပြီး သူ့နောက်မှာတော့ ကစားသမားဘဝက အနားယူသွားပြီ ဖြစ်တဲ့ ရှနိုက်ဒါက ၁၆ ကြိမ်နဲ့ ရပ်တည်နေပါတယ်။

အာဂျန်ရော်ဘင်က ၁၅ ကြိမ်၊ဗန်ဒါဘတ်က ၁၁ ကြိမ်နဲ့ ကူရစ်က ၁၁ တို့နဲ့ အသီးသီး ရပ်တည်နေကြပါတယ်။

နယ်သာလန်အသင်းကတော့ လာမယ့် အောက်တိုဘာလအတွင်း မြောက်အိုင်ယာလန်၊ဘီလာရုစ်အသင်းတို့နဲ့ ဆက်လက်ကစားရပါဦးမယ်။


ဆက်စပ်အကြောင်းအရာများ



က္က