ဒီဂျောင်ကို ထိန်းချုပ်ကစားသွားခဲ့တာ ဖြစ်ပါတယ်။

ဖာနန်ဒိုဆန်းတို့စ်က ဟော်လန်ကွင်းလယ်လူ ဒီဂျောင်ကို ထိန်းချုပ်နိုင်ခဲ့လို့ ပေါ်တူဂီနိုင်ပွဲရခဲ့တာလို့ ရှင်းလင်းပြောဆိုသွားခဲ့တာ ဖြစ်ပါတယ်။


ပေါ်တူဂီအသင်းနည်းပြ ဖာနန်ဒိုဆန်းတိ့ုစ်က နေးရှင်းလိဂ်ဗိုလ်လုပွဲမှာ နယ်သာလန်ကို အနိုင်ရရှိအောင် စွမ်းဆောင်ပေးခဲ့ပြီးနောက် ပေါ်တူဂီအသင်းနိုင်ပွဲရဖို့အတွက် ပြုလုပ်ခဲ့တဲ့ နည်းစနစ်ပိုင်းကို ပြန်လည်ပြောပြသွားခဲ့ပါတယ်။ ဖာနန်ဒိုဆန်းတို့စ်က ဟော်လန်ကွင်းလယ်လူ ဒီဂျောင်ကို ထိန်းချုပ်နိုင်ခဲ့လို့ ပေါ်တူဂီနိုင်ပွဲရခဲ့တာလို့ ရှင်းလင်းပြောဆိုသွားခဲ့တာ ဖြစ်ပါတယ်။



ဒုတိယပိုင်း မိနစ် (၆၀)မှာ သွင်းယူခဲ့တဲ့ ဂွီဒက်စ်ရဲ့ တစ်လုံးတည်းသောသွင်းဂိုးနဲ့ ပေါ်တူဂီက နယ်သာလန်ကို အနိုင်ယူပြီး နေးရှင်းလိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ပေါ်တူဂီအတွက် ယူရို ၂၀၁၆ ဖလားကိုလည်း ရရှိအောင် စွမ်းဆောင်ပေးခဲ့တဲ့ ဆန်းတို့စ်က ဒီဂျောင်ကို ဘယ်လိုထိန်းချုပ်ခဲ့လဲဆိုတာကို အခုလိုပဲ ပြောသွားခဲ့ပါတယ်။

"ဒီဂျောင်က ဘရူနိုဖာနန်ဒက်စ်နဲ့ နီးကပ်တဲ့နေရာမှာ ကစားပြီး မာတင်ဒီရွန်းကတော့ ဝီလီယံကာဗယ်လ်ဟိုနဲ့ နီးကပ်တဲ့နေရာမှာ ကစားတာပါ၊ ဟော်လန်အသင်းက အရည်အသွေးရှိကစားသမားတွေ ပေါများလို့ ကျွန်တော်တို့ ဂရုစိုက်ခဲ့ရပါတယ်၊ ဒီဂျောင်က ဖန်တီးနိုင်စွမ်း မြင့်မားသူဖြစ်ပြီးတော့ အန္တရာယ်ရှိတဲ့ ကစားသမားမျိုးပါ"

"ဒါကို ကျွန်တော်တို့ သိထားပါတယ်၊ သူ့ကို လွတ်လွတ်လပ်လပ်သာ ကစားခွင့်ပေးခဲ့ရင် ကျွန်တော်တို့ မတ်တပ်ရပ်ကြည့်နေဖို့ပဲ ရှိပါတော့တယ်၊ သူတို့ ဘောလုံးရချိန်တိုင်းမှာ ခံစစ်ကိုပါ မျှတအောင် ကူညီဖို့အတွက် ကျွန်တော့်ကစားသမားတွေကို ညွှန်ကြားခဲ့ပါတယ်၊ ပြီးတော့ ဒီဂျောင် နဲ့ ဗန်ဒိုက်တို့ကို လွတ်လွတ်လပ်လပ် လှုပ်ရှားခွင့်မပေးဖို့ ကျွန်တော်တို့ စီမံခဲ့ပါတယ်" လို့ ဆန်းတို့စ်က ပြောကြားခဲ့ကြောင်း Sportskeeda သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

နေးရှင်းလိဂ်ပြိုင်ပွဲဟာ ပထမဆုံးအကြိမ်ကျင်းပခဲ့တဲ့ ပြိုင်ပွဲဖြစ်ပြီး ပထမဆုံးချန်ပီယံအသင်းအဖြစ် ပေါ်တူဂီအသင်းက မှတ်တမ်းဝင်သွားခဲ့ပြီ ဖြစ်ပါတယ်။ ဖာနန်ဒိုဆန်းတို့စ်က နေးရှင်းလိဂ်ပြိုင်ပွဲဟာ ဥရောပရဲ့ အကောင်းဆုံးပြိုင်ပွဲတစ်ခုဖြစ်လာလိမ့်မယ်လို့လည်း ပြောဆိုသွားခဲ့ပြီး ပထမဆုံးချန်ပီယံအသင်းဖြစ်ခွင့်ရရှိခဲ့တဲ့အတွက် ပျော်ရွှင်မိတယ်လို့လည်း ပြောသွားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က