loading...

loading...

loading...

ဒီရာသီ ရီးရဲအတွက် ပြိုင်ပွဲစုံ ဂိုး ၃၀ အထိသွင်းပေးထားနိုင်သူပါ။
Kyaw Ko Ko Sint

ဘီဘာအိုအသင်းကို ၃-၀ ဂိုးပြတ်နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ဘန်ဇီးမားတစ်ဦးတည်းက ဟက်ထရစ် သွင်းယူခဲ့တာ ဖြစ်ပါတယ်။

ဘီဘာအိုအသင်းဖက်ကို ဟက်ထရစ် သွင်းယူနိုင်ခဲ့တဲ့ တိုက်စစ်မှူး ဘန်ဇီးမားကို ကမ္ဘာ့အကောင်းဆုံး ကျောနံ ပါတ် ၉ ကစားသမားလို့ နည်းပြဖြစ်သူ ဇီဒန်းက ချီးကျူးခဲ့တယ်ဆိုတဲ့အကြောင်း Daily Mail သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

အဆိုပါ ဟက်ထရစ်ဂိုးကြောင့် ဘန်ဇီးမားဟာ ဒီရာသီ စပိန်လာလီဂါမှာ ရီးရဲအတွက် ၂၁ ဂိုးအထိ သွင်းယူပေးထားနိုင်ပြီ ဖြစ်ပြီး ထိပ်ဆုံးက ဂိုးသွင်းအများဆုံး ကစားသမား မက်ဆီပြီးလျှင် အဆင့် ၂နေရာမှာ ရပ်တည်နေပါပြီ။ အသက် ၃၁ နှစ်အရွယ်ရှိပြီ ဖြစ်တဲ့ ဘန်ဇီးမားအနေနဲ့ ရော်နယ်ဒို မရှိတော့တဲ့ အသင်းတိုက်စစ်ကို အဓိက ဦးဆောင်နေသူလည်း ဖြစ်ပါတယ်။

“ဘန်ဇီးမားက ဘယ်လို ကစားသမားလည်းဆိုတာ ကျွန်တော်သိပြီးသားပါ၊ ဒါကို လူတိုင်းလည်း သိပါတယ်။ သူ့ရဲ့ ဂိုးသွင်းနှုန်းကလည်း အထင်ကြီးစရာပါပဲ။ လက်ရှိမှာ လူတိုင်းက ကမ္ဘာ့အကောင်းဆုံး ကျောနံပါတ် ၉ ကစား သမားကို ပြောပါဆိုရင် ကျွန်တော်ကတော့ ဘန်ဇီးမားကိုပဲ လက်ညှိုး ထိုးပြရမှာပါပဲ” လို့ ဇီဒန်းက ပြောခဲ့တာပါ။

ရီးရဲအသင်းအနေနဲ့ ဒီနှစ် ချန်ပီယံလိဂ် ၁၆ သင်းမှာ အေဂျက်အသင်းကို အရေးနိမ့်ပြီး လက်ရှိ ၃ နှစ်ဆက် ချန်ပီယံဘွဲ့ကို ကာကွယ်ခွင့်နဲ့ လွဲချော်ခဲ့သလို လာလီဂါမှာလည်း အဆင့် ၃ နေရာမှာသာ ရပ်တည်နေပါတယ်။ ပြည်တွင်း ရှုံးထွက်ဖလားပြိုင်ပွဲကလည်း ထွက်ခဲ့ရနှင့်ပြီ ဖြစ်တာကြောင့် ဒီနှစ်မှာတော့ ဖလားလက်မဲ့ ဖြစ်ဖို့ အတော်လေးကို နီးစပ်နေခဲ့ပြီ ဖြစ်ပါတယ်။


loading...

က္က