ပြောင်မြောက်တဲ့ပြောဆိုမှုတွေနဲ့ ပရိသတ်တွေကို ပွဲကျစေခဲ့ပါတယ်။
Pyae Phyo Thein

ဇလာတန်ဟာ မနေ့ကပဲ ဗိုင်းရပ်စ်ကူးစက်ခံထားရတယ်ဆိုတဲ့ အဖြေထွက်လာခဲ့တာဖြစ်ပြီး စီးရီအေအဖွင့်ပွဲမှာ ၂ဂိုးသွင်းထားခဲ့တဲ့ တိုက်စစ်မှူးက ဒီအပေါ်မှာ တစ်စုံတစ်ရာစိုးရိမ်စိတ်မရှိဘဲ ဗိုင်းရပ်စ်ကို အံတုပြခဲ့ပါတယ်။ 


ကိုရိုနာဗိုင်းရပ််စ်ကူးစက်ခံလိုက်ရတဲ့ အေစီမီလန်တိုက်စစ်မှူးဇလာတန်ဟာ သူ့ကိုမှ လာကူးစက်တဲ့ ဗိုင်းရပ်စ်အတွက်တော့ အမှားကြီးမှားတာပဲလို့ ပြောဆိုလိုက်ပါတယ်။ ဇလာတန်ဟာ မနေ့ကပဲ ဗိုင်းရပ်စ်ကူးစက်ခံထားရတယ်ဆိုတဲ့ အဖြေထွက်လာခဲ့တာဖြစ်ပြီး စီးရီအေအဖွင့်ပွဲမှာ ၂ဂိုးသွင်းထားခဲ့တဲ့ တိုက်စစ်မှူးက ဒီအပေါ်မှာ တစ်စုံတစ်ရာစိုးရိမ်စိတ်မရှိဘဲ ဗိုင်းရပ်စ်ကို အံတုပြခဲ့ပါတယ်။ 

အသက် ၃၈ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဇလာတန်ဟာ နာမည်ကျော်ဘောလုံးသမားတွေထဲ ဗိုင်းရပ်စ်ကူးစက်ခံရတဲ့ နောက်ဆုံးကစားသမားဖြစ်လာခဲ့တာပါ။ သူ့အရင် နာမည်ကျော်ကစားသမားအများအပြားလည်း ကူးစက်ခံခဲ့ရပြီး အားလုံးက အလွယ်တကူပဲ ကျော်လွှားနိုင်ခဲ့ကာ အချိန်တိုအတွင်း ပြန်လည်ကောင်းမွန်လာခဲ့လို့ ဇလာတန်အတွက်လည်း လွယ်လင့်တကူကျော်ဖြတ်နိုင်မယ်လို့ ယူဆရပါတယ်။

ဗိုင်းရပ်စ်ကူးစက်ခံရပြီးနောက်မှာ ဇလာတန်က "မနေ့က စစ်တော့ Negative ၊ ဒီနေ့ကျတော့ Positive တဲ့၊ ဘယ်လိုရောဂါလက္ခဏာမျိုးမှ မပြသပါဘူး၊ ဒီဗိုင်းရပ်စ်က ငါ့ကို လာစိန်ခေါ်ရတဲ့ သတ္တိရှိနေပုံပဲ၊ တော်တော်လေးမှားသွားပြီ" လို့ ဇလာတန်က သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာတိုင်းမှာ ရေးသားခဲ့ပြီး ဒီရေးသားမှုဟာ ပရိသတ်တွေကြားထဲမှာ တော်တော်လေးရေပန်းစားခဲ့ပါတယ်။

ဗိုင်းရပ်စ်က လာကူးတာမဟုတ်ဘဲ ဇလာတန်ရဲ့ ကူးစက်မှုကို ခံလိုက်ရတာလို့ ပြောဆိုသူတွေလည်းရှိခဲ့ကာ နတ်ဘုရားကြီးလို့ ကိုယ့်ကိုကိုယ်သမုတ်ထားတဲ့ ဇလာတန်ကို အားပေးခဲ့ကြပါတယ်။ ပြောင်မြောက်တဲ့ပြောဆိုမှုတွေနဲ့ ပရိသတ်တွေကြားထဲမှာ ထင်ရှားနေတဲ့ ဇလာတန်က ဒီတစ်ချိန်မှာလည်း ရောဂါခံစားနေရတဲ့ကြားက ဝေဒနာကိုမမှုဘဲ အကောင်းဆုံးအံတုကာ တုံ့ပြန်ပြခဲ့လို့ သူ့ရဲ့မာကျောမှုကို မြင်တွေ့ခဲ့ရပြန်တာလည်းဖြစ်ပါတယ်။ 


Author


က္က