တစ်ဂိုးသွင်းကာ နှစ်ကြိမ်ဖန်တီးပေးခဲ့တာပါ။
Pyae Phyo Thein

ပြီးခဲ့တဲ့ ပရီးမီးယားလိဂ်ဆောက်သမ်တန်နဲ့ပွဲမှာ တစ်ဦးတည်းလေးဂိုးအထိ သွင်းယူခဲ့တဲ့ ဆွန်ဟောင်မင်ဟာ စပါးရရှိခဲ့တဲ့ ၃ ဂိုးစလုံးကို ပါဝင်ပတ်သက်နိုင်ခဲ့တာဖြစ်ပါတယ်။


တော့တင်ဟမ်ဟော့စပါးတိုက်စစ်ကစားသမားဆွန်ဟောင်မင်ဟာ ယူရိုပါလိဂ်ခြေစစ်ပွဲအဖြစ် KF Shkendija နဲ့ ကစားခဲ့တဲ့ အဝေးကွင်းပွဲစဉ်မှာ အသင်းအတွက် ခြေစွမ်းပြခဲ့ပြန်ပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ်ဆောက်သမ်တန်နဲ့ပွဲမှာ တစ်ဦးတည်းလေးဂိုးအထိ သွင်းယူခဲ့တဲ့ ဆွန်ဟောင်မင်ဟာ စပါးရရှိခဲ့တဲ့ ၃ ဂိုးစလုံးကို ပါဝင်ပတ်သက်နိုင်ခဲ့တာဖြစ်ပါတယ်။

မက်ဆီဒိုးနီးယားကလပ်ကို ၃-၁ နဲ့ အနိုင်ရရှိခဲ့ရာမှာ လာမယ်လာ၊ ဆွန်ဟောင်မင်နဲ့ ဟယ်ရီကိန်းတို့က အနိုင်ဂိုးတွေသွင်းယူခဲ့ကြပါတယ်။ ဆွန်ဟောင်မင်ဟာ အသင်းဖော်နှစ်ဦးရဲ့ သွင်းဂိုးတွေအတွက် ဖန်တီးပေးခဲ့ပြီး ကိုယ်တိုင်လည်း တစ်ဂိုးသွင်းယူခဲ့တာဖြစ်ပြီး နောက်ဆုံး၂ပွဲမှာ သွင်းဂိုး ၅ ဂိုးနဲ့ ဖန်တီးမှု ၂ကြိမ်လုပ်နို်င်ခဲ့ပြီး ၇ ဂိုးအထိ တိုက်ရိုက်ပါဝင်ပတ်သက်နိုင်ခဲ့ပါတယ်။ 


တောင်ကိုရီးယားကြယ်ပွင့်ဟာ သူ့ရဲ့ခြေစွမ်းတက်နေမှုကို ဆက်လက်ပြသနိုင်ခဲ့ပြီး မော်ရင်ဟိုစိတ်ကြိုက်ကစားပြနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ ဆွန်ဟောင်မင်ရဲ့ ခြေစွမ်းပြမှုတွေနဲ့အတူ စပါးအသင်းဟာ သွင်းဂိုးတွေရရှိနေခဲ့ပြီး ဖိအားတွေရှိနေခဲ့တဲ့ မော်ရင်ဟိုအတွက်လည်း စိတ်သက်သာရာရစေခဲ့ပြီး အသင်းကလည်း နိုင်ပွဲဆက်တိုက်ရရှိနေခဲ့ပါတယ်။ 

ဆွန်ဟောင်မင်ဟာ နှစ်ဖက်ကစားသမားတွေရဲ့ စွမ်းဆောင်ရည်အဆင့်သတ်မှတ်မှုမှာလည်း အမြင့်ဆုံးဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ပရီးမီးယားလိဂ်မှာ တစ်ပွဲတည်းလေးဂိုးသွင်းယူနိုင်တဲ့ ပထမဆုံးအာရှသားဖြစ်ခဲ့တဲ့ ဆွန်ဟောင်မင်ဟာ ရာသီအစမှာပဲ ခြေစွမ်းကောင်းတွေပြသနေခဲ့တာဖြစ်ပြီး လာမယ့်ပွဲစဉ်တွေမှာလည်း အသင်းအတွက် ဘယ်လောက်ထိ စွမ်းဆောင်ပြမလဲ စိတ်ဝင်စားဖို့ ကောင်းလာခဲ့ပြီဖြစ်ပါတယ်။ 


Author


က္က