ယူရိုပါလိဂ်ခြေစစ်ပွဲနောက်ဆုံးအဆင့်ပွဲစဉ်မှာဖြစ်ပါတယ်။
Pyae Phyo Thein

မော်ရင်ဟိုနဲ့ဆိုတော့ လက်နှစ်ထွာခန့်ပဲ လိုတော့တာဖြစ်ပြီး ဒါဟာ ပုံမှန်ဂိုးတိုင်တွေထက် ပိုမိုနိမ့်ကျနေခဲ့တာဖြစ်ပါတယ်။


ယူရိုပါလိဂ်ခြေစစ်ပွဲနောက်ဆုံးအဆင့်အဖြစ် မက်ဆီဒိုးနီးယားကလပ် KF Shkendija နဲ့ ကစားရမယ့်ပွဲမတိုင်ခင်မှာ စပါးနည်းပြမော်ရင်ဟိုဟာ ဂိုးတိုင်တွေနိမ့်နေခဲ့တာကြောင့် ပြန်ပြီးလဲလှယ်ခိုင်းခဲ့တယ်လို့ သိရပါတယ်။ ကွင်းအတွင်းကို မော်ရင်ဟိုက ကိုယ်တိုင်ဝင်စစ်ဆေးခဲ့ပြီးနောက်မှာ တာဝန်ရှိသူတွေကို ပြောဆိုခဲ့ကာ လဲလှယ်ခိုင်းခဲ့တာဖြစ်ပါတယ်။ 

ဂိုးဘားတန်းဟာ စပါးဂိုးသမားလိုရစ်အနေနဲ့ မတ်တပ်ရပ်အနေအထားနဲ့တောင်မှ ထိတွေ့လို့ရခဲ့အောင် နိမ့်နေခဲ့တာဖြစ်ပါတယ်။ မော်ရင်ဟိုနဲ့ဆိုတော့ လက်နှစ်ထွာခန့်ပဲ လိုတော့တာဖြစ်ပြီး ဒါဟာ ပုံမှန်ဂိုးတိုင်တွေထက် ပိုမိုနိမ့်ကျနေခဲ့တာဖြစ်ပါတယ်။ ဒီအတွက်ကြောင့်လည်း မော်ရင်ဟိုက သတ်မှတ်ထားတဲ့ အတိုင်းအတာရှိတဲ့ ဂိုးတိုင်တွေနဲ့ ပြန်လည်လဲလှယ်ပေးဖို့ တောင်းဆိုခဲ့ကြောင်း Sky Sports က ဖော်ပြခဲ့ပါတယ်။ 

ဒီဘောလုံးကွင်းဟာ KF Shkendija အသင်းရဲ့ ကွင်းမဟုတ်ဘူးလို့လည်း သိရပြီး အခြားကွင်းတစ်ခုမှာ ကစားခဲ့တာလို့လည်း သိရပါတယ်။ မော်ရင်ဟိုက အဆိုပါအခြေအနေနဲ့ပတ်သက်ပြီး "ပွဲမစခင်မှာ ရယ်ချင်စရာအနေအထားလေးတွေတော့ ရှိခဲ့ပါတယ်၊ ဘာလို့လဲဆိုတော့ ကျွန်တော့်ဂိုးသမားက ဂိုးအရွယ်အစားက သေးငယ်နေတယ်လို့ ပြောခဲ့ပါတယ်"

"ကျွန်တော်သွားကြည့်တော့လ်း ဂိုးက တကယ်သေးနေတာဗျ၊ ဂိုးသမားတွေဆိုတာက နာရီပေါင်းများစွာ ဂိုးထဲမှာ နေခဲ့ရတော့ ဂိုးအနေအထားကိုကောင်းကောင်းသိပါတယ်၊ ကျွန်တော်က ဂိုးသမားတစ်ဦးတော့မဟုတ်ပေမယ့် ဘောလုံးအကြောင်းကိုတော့ ကလေးဘဝကတည်းက သိပါတယ်၊ ကျွန်တော်မတ်တပ်ရပ်ပြီး လက်မြှောက်ကြည့်တော့ အကွာအဝေးကပုံမှန်မဟုတ်တာသိပါတယ်၊ ဒီအတွက် တစ်ခုခုမှားနေပြီဆိုတာသိလို့ တာဝန်ရှိသူတွေကို ပြောပြီး လဲခိုင်းခဲ့ပါတယ်" လို့ ပြောသွားခဲ့ပါတယ်။


ဂိုးဘားတန်းဟာ ပုံမှန်ထက် ငါးစင်တာမီတာအထိ နိမ့်နေခဲ့တယ်လို့ သိရပြီး တာဝန်ရှိသူတွေကလည်း လဲလှယ်ပေးခဲ့တယ်လို့ သိရပါတယ်။ အဆိုပါပွဲစဉ်မှာတော့ စပါးအသင်းက ဆွန်ဟောင်မင်၊ လာမယ်လာ၊ ဟယ်ရီကိန်းတို့ရဲ့ သွင်းဂိုးတွေနဲ့ အနိုင်ရရှိခဲ့ပါတယ်။ 


Author


က္က