ဝမ်းနည်းမှုတွေ၊ ဒေါသဖြစ်မှုတွေနဲ့ ဆွာရက်ဇ်အတွက် မက်ဆီရဲ့ နှုတ်ဆက်စာ

ဘာစီလိုနာအသင်းခေါင်းဆောင်မက်ဆီဟာ သူ့ရဲ့အင်စတာဂရမ်ကတဆင့် အသင်းဖော်ဆွာရက်ဇ်ကို နှုတ်ဆက်စကားရေးသားပြောဆိုခဲ့ပြီး အသင်းရဲ့ အပြုအမူတွေကိုလည်း ဝေဖန်ပြစ်တင်သွားခဲ့ပါတယ်။ ဆွာရက်ဇ်ဟာ အက်သလက်တီကိုမက်ဒရစ်ကို ၂ နှစ်စာချုပ်နဲ့ ရောက်ရှိသွားခဲ့ပြီဖြစ်ကာ သူ့အတွက်နှုတ်ဆက်ပွဲကို ဘာစီလိုနာအသင်းက စီစဉ်ပေးခဲ့ပါတယ်။

နှုတ်ဆက်ပွဲမှာတော့ ဆွာရက်ဇ်ကိုယ်တိုင်လည်း ဝမ်းနည်းမှုတွေနဲ့ နှုတ်ဆက်စကားဆိုခဲ့ရပါတယ်။ ဒီနောက်မှာတော့ မက်ဆီက သူ့ရဲ့အင်စတာဂရမ်ကနေ နူးကမ့်မှာ သူနဲ့အရင်းနှီးဆုံးဖြစ်ခဲ့တဲ့ အသင်းဖော်ကို နှုတ်ဆက်ခဲ့ပြီး ဘာစီလိုနာဘက်က ဆွာရက်ဇ်ကို မောင်းထုတ်သလိုမျိုး ပြုမူခဲ့တယ်ဆိုတဲ့ ရေးသားမှုလည်း ပါဝင်ခဲ့ပါတယ်။ 

"ငါ့အတွက် ဒီလိုကိစ္စတွေနဲ့ ရင်ဆိုင်နေရတာတွေကို နေသားကျနေပါပြီ၊ ဒါပေမယ့် ဒီနေ့အသင်းရဲ့ အဝတ်လဲခန်းအတွင်းက အရှိတရားတွေက ကျွန်တော့်ကို တကယ်ပဲနာကျင်စေခဲ့ပါတယ်၊ မင်းနဲ့အတူတူ ဖြတ်သန်းခဲ့ရတဲ့ နေ့ရက်တွေ ကုန်ဆုံးသွားပြီဆိုတဲ့ အသိကလည်း တော်တော်လေးခက်ခဲပါတယ်၊ မင်းကို အရမ်းသတိရနေကြမှာပါ"

"အတူဖြတ်သန်းခဲ့တဲ့ နှစ်ပေါင်းများစွာ၊ အသင်းဖော်များစွာ၊ နေ့လည်စာများစွာ၊ ညစာများစွာ စသဖြင့် မမေ့နိုင်တဲ့ အတူတကွလုပ်ဆောင်ခဲ့တဲ့ အဖြစ်အပျက်တွေ အများကြီးရှိခဲ့ပါတယ်၊ ပြိုင်ဘက်အသင်းအကျီနဲ့ ခင်ဗျားကို တွေ့ရမှာက တကယ်ထူးဆန်းပါတယ်၊ အဲဒီထက်ပိုတာက ခင်ဗျားကို ပြိုင်ဘက်အဖြစ် ရင်ဆိုင်ရမယ့်ကိစ္စပဲ၊ မင်းဒီမှာ စွမ်းဆောင်ပေးခဲ့တာတွေက အားလုံးကို သတိရနေစေမှာပါ"

"အသင်းသမိုင်းမှာ အရေးအပါဆုံးကစားသမားတွေထဲက တစ်ဦးဆိုတာကလည်း သေချာပါတယ်၊ မင်းကို သူတို့တွေ ဒီလိုမျိုးပြုမူဆက်ဆံတာတွေက မဖြစ်သင့်ပါဘူး၊ ဒါပေမယ့် အခုချိန်မှာတော့ ဒါတွေကိုလည်း ငါ အံ့သြနေမှာမဟုတ်ပါဘူး၊ စိန်ခေါ်မှုအသစ်တွေနဲ့ အဆင်ပြေပါစေ၊ မကြာခင်ပြန်တွေ့မယ် မိတ်ဆွေကြီးရေ" လို့ မက်ဆီက ရေးသားသွားခဲ့ပါတယ်။



က္က