၀ါရင့်ကစားသမားတွေကို ဘာကာက ရောင်းချထားပါတယ်။
Pyae Phyo Thein

ပြီးခဲ့တဲ့ရာသီမှာ ဘာစီလိုနာက ဆုဖလားလက်မဲ့ဖြစ်ခဲ့ရပြီး နည်းပြဗယ်လ်ဗာဒီ၊ ဆက်တီယန်တို့ကို ထုတ်ပယ်ခဲ့ပြီး အခုချိန်မှာ ရော်နယ်ကိုးမန်းက နည်းပြသစ်အဖြစ် တာဝန်ယူနေတာဖြစ်ပါတယ်။ 


ဘာစီလိုနာဟာ ဆုဖလားတွေအတွက် စိန်ခေါ်နိုင်စွမ်းအပြည့်ရှိတဲ့ ကစားသမားတွေပိုင်ဆိုင်ထားဆဲဖြစ်တယ်လို့ ရီးရဲလ်မက်ဒရစ်နည်းပြဇီဒန်းက ပြောဆိုလိုက်ပါတယ်။ ပြီးခဲ့တဲ့ရာသီမှာ ဘာစီလိုနာက ဆုဖလားလက်မဲ့ဖြစ်ခဲ့ရပြီး နည်းပြဗယ်လ်ဗာဒီ၊ ဆက်တီယန်တို့ကို ထုတ်ပယ်ခဲ့ပြီး အခုချိန်မှာ ရော်နယ်ကိုးမန်းက နည်းပြသစ်အဖြစ် တာဝန်ယူနေတာဖြစ်ပါတယ်။ 

သူ့လက်ထက်မှာ ဗီဒယ်၊ ဆွာရက်ဇ်၊ ရာကီတစ်၊ အာသာ နဲ့ ဆယ်မီဒိုတို့ကို ပြန်လည်ရောင်းချခဲ့ပြီး ဘိုင်ယန်မှာအငှားနဲ့သွားကစားခဲ့တဲ့ ကော်တင်ဟို ပြန်လည်ရောက်ရှိခဲ့ကာ ဂျူဗီကွင်းလယ်လူပီယာနစ်ကိုခေါ်ယူထားခဲ့ပါတယ်။ မက်ဆီကလည်း အသင်းမှာဆက်လက်ကစားသွားမှာဖြစ်လို့ ဇီဒန်းက မဟာပြိုင်ဘက်ကြီးဟာ အင်အားတောင့်တင်းနေဆဲဖြစ်တယ်လို့ ဆိုခဲ့တာပါ။ 

"သူတို့အပေါ် လေးစားမှုအပြည့်အဝ ကျွန်တော်ထားပါတယ်၊ ဘေးကနေကြည့်ပြီးတော့ သူတို့အတွင်းထဲမှာ ဘာဖြစ်နေလဲဆိုတာကို ကျွန်တော်မသိပါဘူး၊ ဒီအတွက် သူတို့အသင်းနဲ့ပတ်သက်ပြီး ကျွန်တော်ပါဝင်စွက်ဖက်နေမှာလည်းမဟုတ်ပါဘူး၊ အသင်းတိုင်းမှာက သူတို့ပြသနာ၊ အခက်အခဲကိုယ်စီနဲ့ပါ၊ ဘာစီလိုနာက လူစာရင်းပိုင်းတောင့်တင်းနေဆဲလို့ ကျွန်တော်ထင်တယ်"

"သူတို့က အရာရာတိုင်းအတွက် တိုက်ပွဲဝင်နိုင်ပါလိမ့်မယ်၊ ဒါကို ကျွန်တော် လုံးဝသံသယမရှိပါဘူး" လို့ ဇီဒန်းက ပြောဆိုခဲ့ကြောင်း Goal.com က ဖော်ပြခဲ့ပါတယ်။ လက်ရှိချန်ပီယံဘွဲ့ကို ကာကွယ်ရမယ့်အချိန်မှာ ဇီဒန်းက ပြိုင်ဘက်ကိုလျှော့တွက်ထားခြင်းမရှိဘဲ သတိကြီးကြီးထားဖို့ အသင်းသားတွေကို သတိပေးခဲ့တာလည်းဖြစ်ပါတယ်။

ရီးရဲလ်ကတော့ ရာသီအဖွင့်ပွဲမှာ နိုင်ပွဲပျောက်ခဲ့ပြီး သရေတစ်မှတ်နဲ့သာ ကျေနပ်ခဲ့ရပါတယ်။ ဆိုဆီဒက်နဲ့ ဂိုးမရှိသရေကျခဲ့ကာ ဒီနေ့မှာတော့ ဘက်တစ်နဲ့ ကစားသွားရမှာဖြစ်ပါတယ်။ 


Author


က္က