ပထမဆုံး အင်တာဗျူးမှာပြောဆိုသွားခဲ့တာပါ။
Pyae Phyo Thein

ရော်နယ်ကိုးမန်းရဲ့ လိုလားနှစ်သက်မှုကိုမရရှိခဲ့တဲ့နောက် ဆွာရက်ဇ်ဟာ နူးကမ့်ကနေ ထွက်ခွာခဲ့ရပြီး မနေ့ကပဲ အေတီကိုနဲ့ ၂ နှစ်စာချုပ်သစ်ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။ 


အက်သလက်တီကိုမက်ဒရစ်အသင်းတိုက်စစ်မှူးသစ် ဆွာရက်ဇ်က အသင်းသစ်နဲ့ပထမဆုံးအင်တာဗျူးမှာပဲ ဆုဖလားတွေရရှိအောင် အတတ်နိုင်ဆုံးကြိုးစားပေးသွားမယ်လို့ ပြောဆိုသွားခဲ့ပါတယ်။ ရော်နယ်ကိုးမန်းရဲ့ လိုလားနှစ်သက်မှုကိုမရရှိခဲ့တဲ့နောက် ဆွာရက်ဇ်ဟာ နူးကမ့်ကနေ ထွက်ခွာခဲ့ရပြီး မနေ့ကပဲ အေတီကိုနဲ့ ၂ နှစ်စာချုပ်သစ်ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။ 

အက်သလက်တီကိုမက်ဒရစ်လို စပိန်အင်အားကြီးအသင်းက သူ့ကိုခေါ်ယူခဲ့တာဟာ စိတ်ပိုင်းဆိုင်ရာအရ လှုံ့ဆော်မှုပေးခဲ့တယ်လို့လည်း ဆွာရက်ဇ်က ဝန်ခံခဲ့ပါတယ်။ ဂရစ်မန်းက အက်သလက်တီကိုအသင်းအကြောင်း သူ့ကိုပြောပြခဲ့ပြီး အသင်းရဲ့ အစဉ်အလာနဲ့ သမိုင်းကြောင်းတွေကို သူ ကောင်းကောင်းသိခဲ့တယ်လို့ ဆွာရက်ဇ်က ပြောဆိုခဲ့ပါတယ်။ 

"စပိန်ထိပ်သီးအသင်းက ကျွန်တော့်ကို ခေါ်ယူခဲ့တယ်ဆိုတာ စိတ်ပိုင်းဆိုင်ရာအရ အင်အားဖြစ်ခဲ့ရပါတယ်၊ ပြီးခဲ့တဲ့ရာသီတွေမှာ အေတီကိုက လာလီဂါမှာ အကောင်းဆုံးတိုက်ပွဲဝင်နိုင်ခဲ့ပြီး သူတို့ဘာအတွက်ကစားနေလဲဆိုတာကို အားလုံးသိအောင် လုပ်ပြနိုင်ခဲ့ပါတယ်၊ ကျွန်တော်ကလည်း အသင်းကို အကောင်းဆုံးကူညီပေးသွားမှာပါ"

"ဂရစ်မန်း နဲ့ ဂိုဒင်တို့က ကျွန်တော့်ကို ဒီအသင်းနဲ့ပတ်သက်ပြီး ကောင်းတာတွေပဲပြောဆိုခဲ့တာပါ၊ သူတို့က အက်သလက်တီကိုမှာ သမိုင်းကြောင်းရေးထိုးနိုင်ခဲ့သူတွေပါ၊ သူတို့လိုပဲ ကျွန်တော်လည်း အခု ဒီအခွင့်အရေးကိုရခဲ့ပါပြီ" လို့ ဆွာရက်ဇ်က ပြောဆိုခဲ့ကြောင်း Marca က ဖော်ပြခဲ့ပါတယ်။ ဘာစီလိုနာနဲ့ ကွဲပြားခြားနားတဲ့ အသင်းကို ရောက်ရှိခဲ့တဲ့အပေါ်မှာလည်း ဆွာရက်ဇ်က - 


"ကစားသမားတစ်ဦးတည်းနဲ့ အသင်းရဲ့ ဒဿနတွေကို ပြောင်းလဲပစ်လို့မရပါဘူး၊ ကစားသမားကသာ အသင်းချမှတ်ထားတဲ့အတိုင်း လိုက်နာပြီး အံဝင်ခွင်ကျဖြစ်အောင် ကြိုးစားရမှာပါ၊ ကျွန်တော့်ကစားသမားဘဝမှာ ဒီလိုပဲကျင့်ကြံအားထုတ်ခဲ့တာပါ" လို့ ထပ်မံပြောဆိုသွားခဲ့ပါတယ်။


Author


က္က