ဒီရာသီအတွက် မျှော်လင့်နေတာဖြစ်ပါတယ်။
Pyae Phyo Thein

စပိန်တိုက်စစ်မှူးဟာ အပြီးသတ်ဝယ်ယူခွင့်သဘောတူညီချက်ပါဝင်တဲ့ ပြောင်းရွှေ့မှုမျိုးနဲ့ တူရင်ကို ပြန်လည်ရောက်ရှိလာခဲ့သူဖြစ်ပါတယ်။


ဂျူဗင်တပ်စ်အသင်းကို အငှားနဲ့ပြောင်းရွှေ့ရောက်ရှိခဲ့ပြီဖြစ်တဲ့ တိုက်စစ်မှူးသစ်မိုရာတာက ဒီတစ်ကြိမ်မှာ အသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလားရရှိအောင်အထိ ရည်ရွယ်ထားတယ်လို့ ထုတ်ဖော်ပြောဆိုလိုုက်ပါတယ်။ စပိန်တိုက်စစ်မှူးဟာ အပြီးသတ်ဝယ်ယူခွင့်သဘောတူညီချက်ပါဝင်တဲ့ ပြောင်းရွှေ့မှုမျိုးနဲ့ တူရင်ကို ပြန်လည်ရောက်ရှိလာခဲ့သူဖြစ်ပါတယ်။

တူရင်မှာ ၂ ရာသီကြာကစားခဲ့ဖူးပြီး လက်ရှိအသင်းနည်းပြပီယာလိုနဲ့ အသင်းဖော်တွေအဖြစ် မိုရာတာက ကစားခဲ့သူဖြစ်ပါတယ်။ အက်သလက်တီကိုမက်ဒရစ်တိုက်စစ်မှူးဟောင်းက ဒီတစ်ကြိမ်မှာ အသင်းကို ချန်ပီယံလိဂ်ဖလားရရှိအောင် ကူညီပေးချင်တယ်လို့ ဖွင့်ဟခဲ့ပြီး ရော်နယ်ဒို၊ ဒီဘာလာတို့နဲ့ တွဲဖက်ကာ အသင်းတိုက်စစ်ကို ဦးဆောင်ရတော့မှာလည်းဖြစ်ပါတယ်။

"တူရင်ကို ပြန်လာနိုင်ခဲ့တဲ့အတွက် ကျွန်တော်ဝမ်းသာပျော်ရွှင်မိပါတယ်၊ တိုးတက်မှုတွေရှိလာတဲ့ ကစားသမားတစ်ဦး၊ လူတစ်ဦးအဖြစ်နဲ့ ကျွန်တော်ပြန်လာခဲ့တာပါ၊ ဒီရာသီမှာ ဂျူဗင်တပ်စ်အတွက် ချန်ပီယံလိဂ်က အရမ်းအရေးကြီးပါတယ်၊ အသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလားကို ရယူနိုင်ခဲ့မယ်ဆိုရင် ကမ္ဘာပေါ်မှာ အပျော်ရွှင်ရဆုံးက ကျွန်တော်ပဲဖြစ်မှာပါ"

"အသင်းကို ချန်ပီယံလိဂ်ဖလားရယူပေးနိုင်ဖို့အတွက်လည်း ကျွန်တော်ကူညီပေးချင်ပါတယ်" လို့ မိုရာတာက ပြောဆိုခဲ့ကြောင်း Goal.com က ဖော်ပြခဲ့ပါတယ်။ မိုရာတာကတော့ ရီးရဲလ်မက်ဒရစ်အသင်းသားဟောင်းဖြစ်ပြီး ဂျူဗီမှာ အငှားကစားသမားဘဝနဲ့ ခြေစွမး်ပြနိုင်ခဲ့လို့ ရီးရဲလ်က ပြန်လည်ခေါ်ယူခဲ့ကာ အဲဒီနောက် ချယ်လ်ဆီးကိုရောင်းချခဲ့ရသူဖြစ်ပါတယ်။


ချယ်လ်ဆီးမှာ အဆင်မပြေခဲ့တဲ့နောက်မှာ အက်သလက်တီကိုကို အငှားနဲ့ ပြောင်းရွှေ့ခဲ့ပြီး ဆီမြွန်နီက အပြီးသတ်ခေါ်ယူသွားခဲ့ပါတယ်။ အခုအခါမှာတော့ ဂျူဗီကို နောက်တစ်ကြိမ်အငှားနဲ့ထွက်ကစားရပြီဖြစ်ပြီး အရင်တစ်ခါလိုပဲ ခြေစွမ်းပြနိုင်မလားဆိုတာ စောင့်ကြည့်ရတော့မှာပါ။ 


Author


က္က