မိနစ် ၂ဝသာကစားခဲ့ပြီး ၂ဂိုးသွင်းကာ ၁ကြိမ်ဖန်တီးပေးခဲ့ပါတယ်။
Pyae Phyo Thein

ဂရန်နာဒါကို အိမ်ကွင်းမှာ အက်သလက်တီကိုက ၆-၁ နဲ့ အနိုင်ရရှိခဲ့ရာမှာ ဆွာရက်ဇ်က မိနစ် ၂၀ တည်း ဝင်ရောက်ကစားခဲ့ရပေမယ့် ၂ဂိုးသွင်းကာ ၁ကြိမ်ဖန်တိးပေးနိုင်ခဲ့ပါတယ်။


အက်သလက်တီကိုမက်ဒရစ်အသင်းရဲ့ တိုက်စစ်မှူးသစ်ဆွာရက်ဇ်ဟာ အသင်းသစ်အတွက် ပထမဆုံးကစားပေးခဲ့တဲ့ပွဲမှာ ကလပ်စံချိန်သစ်တစ်ခုကို ရယူနိုင်ခဲ့ပြီဖြစ်ပါတယ်။ ဂရန်နာဒါကို အိမ်ကွင်းမှာ အက်သလက်တီကိုက ၆-၁ နဲ့ အနိုင်ရရှိခဲ့ရာမှာ ဆွာရက်ဇ်က မိနစ် ၂၀ တည်း ဝင်ရောက်ကစားခဲ့ရပေမယ့် ၂ဂိုးသွင်းကာ ၁ကြိမ်ဖန်တိးပေးနိုင်ခဲ့ပါတယ်။

မိနစ် ၇၀ မှာ ဒီယေဂိုကော်စတာနဲ့ ဆွာရက်ဇ်က လူစားလဲပါဝင်ခွင့်ရရှိခဲ့ပြီး ခြေစွမ်းပြခဲ့တာလည်းဖြစ်ပါတယ်။ ပွဲဦးထွက်မှာပဲ အခုလိုဂိုးသွင်းယူပြီး ဖန်တီးမှုပါလုပ်ပေးနိုင်ခဲ့တာဟာ ၂၁ရာစုအတွင်း အက်သလက်တီကိုမက်ဒရစ်အသင်းမှာ ပထမဆုံးစွမ်းဆောင်နိုင်တဲ့ ကစားသမားအဖြစ် ဆွာရက်ဇ်က မှတ်တမ်းဝင်ခဲ့တယ်လို့ Gola.com က ဖော်ပြခဲ့ပါတယ်။ 

အသက် ၃၃ နှစ်အရွယ်တိုက်စစ်မှူးဟာ ဘာစီလိုနာကနေ ပြောင်းရွှေ့လာခဲ့ပြီးနောက် အသင်းသစ်အတွက် ပွဲထွက်ကစားခွင့်ရဖို့တော့ စောင့်ဆိုင်းခဲ့ရပါတယ်။ ဒါပေမယ့်လည်း ပါဝင်ကစားခွင့်ရချိန်မှာ သူ့ရဲ့ထိပ်တန်းခြေစွမ်းကိုပြသနိုုင်ခဲ့ပြီး နည်းပြဆီမြွန်နီအတွက်တော့ ဆွာရက်ဇ်ကို ဝယ်ယူခဲ့တာဟာ မှန်ကန်ခဲ့ပြီဆိုတာကို သက်သေပြနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ 

ဘာစီလိုနာကနေ ဝမ်းနည်းမှုတွေနဲ့ ထွက်ခွာခဲ့ရပေမယ့် ဆွာရက်ဇ်ကတော့ အသင်းသစ်မှာ ပရော်ဖက်ရှင်နယ်ပီသတဲ့ ခြေစွမ်းကို ပြသခဲ့တာလည်းဖြစ်ပါတယ်။ ဘာစီလိုနာအတွက် ဂိုးပေါင်း ၂၀၀ နီးပါးသွငး်ယူပေးခဲ့တဲ့ ဥရုဂွေးတိုက်စစ်မှူးဟာ အသင်းသစ်မှာ အလျင်အမြန်ပဲ ခြေစွမ်းပြနိုင်ခဲ့ပြီး လာမယ့်ဗုဒ္ဓဟူးနေ့မှာကစားရမယ့် ဟူစကာနဲ့ပွဲကို ပွဲထွက်ပါဝင်ခွင့်ရဖွယ်ရှိနေပြီလည်းဖြစ်ပါတယ်။ 


Author


က္က