ကော်စတာက အသင်းဖော်သစ်ကို ဆွာရက်ဇ်ကိုချီးကျူးပြောဆိုခဲ့တာပါ။
Pyae Phyo Thein

ဥရုဂွေး၊ လီဗာပူးလ်နဲ့ အေဂျက်ဇ်အသင်းတို့မှာ ပြိုင်ဘက်ကစားသမားတွေကို ကိုက်ခဲ့တဲ့ ဆွာရက်ဇ်ရဲ့ အမူအကျင့်ကို ကော်စတာက အကောင်းဘက်ကမြင်ကာ ပြောဆိုခဲ့ပါတယ်။ 


အက်သလက်တီကိုမက်ဒရစ်အသင်းရဲ့ တိုက်စစ်မှူးဒီယေဂိုကော်စတာဟာ ဂရန်နာဒါနဲ့ပွဲအပြီးမှာ အသင်းဖော်သစ်ဆွာရက်ဇ်ကို ချီးကျူးစကားတွေပြောဆိုလိုက်ပါတယ်။ အသင်းအတွက် ကိုယ်တိုင်လည်းတစ်ဂိုးသွင်းပေးခဲ့တဲ့ ကော်စတာဟာ ဆွာရက်ဇ်နဲ့ လူစားလဲခံခဲ့ရပြီး ဆွာရက်ဇ်က ၂ဂိုးသွင်းကာ ၁ကြိမ်ဖန်တီးပြီး ခြေစွမ်းပြခဲ့တာလည်းဖြစ်ပါတယ်။ 

အသင်းဖော်သစ်ရဲ့ခြေစွမ်းအပေါ် ကော်စတာက ကျေနပ်နေပြီး ဒီလိုကစားသမားကို ဘာစီလိုနာက ရောင်းချခဲ့တာဟာ ဘာကြောင့်လဲဆိုတာကို သူနားမလည်ဘူးလို့လည်း ပြောဆိုခဲ့ပါတယ်။ Sky Sports ကတဆင့် ပြောဆိုခဲ့ရာမှာ ကော်စတာက သူနဲ့ ဆွာရက်ဇ်တို့ရဲ့ အကျင့်စရိုက်ကိုယ်စီကိုလည်း တင်စားခဲ့ပြီး သူက တိုက်နိုင်ကြောင်း နဲ့ ဆွာရက်ဇ်က ကိုက်နိုင်ကြောင်း ယှဉ်တွဲပြောဆိုသွားခဲ့ပါတယ်။ 

"သူက အရမ်းကောင်းမွန်တဲ့ကစားသမားပါ၊ တစ်ယောက်က တိုက်ခိုက်နိုင်တယ်၊ အခြားတစ်ယောက်က ကိုက်ခဲနိုင်တယ်" လို့ ကော်စတာက ပြောဆိုပြီး ဥရုဂွေး၊ လီဗာပူးလ်နဲ့ အေဂျက်ဇ်အသင်းတို့မှာ ပြိုင်ဘက်ကစားသမားတွေကို ကိုက်ခဲ့တဲ့ ဆွာရက်ဇ်ရဲ့ အမူအကျင့်ကို ကော်စတာက အကောင်းဘက်ကမြင်ကာ ပြောဆိုခဲ့ပါတယ်။ 

"သူ့ကိုရလိုက်တာ ကျွန်တော်တို့အရမ်းကံကောင်းပါတယ်၊ လူးဝစ္စကို ဘာစီလိုနာက ဘာလို့ရောင်းချခဲ့လဲဆိုတာကို ကျွန်တော်တကယ်နားမလည်မိဘူး၊ သူက စစ်သည်တစ်ဦးရဲ့စိတ်ဓာတ်၊ သူ့ရဲ့ ဆုဖလားဆာလောင်စိတ်တွေနဲ့ အသင်းကို ဂိုးတွေသွင်းပြီး ကူညီပေးမှာပါ၊ ကျွန်တော်တို့ ပရိသတ်တွေအတွက် နောက်ထပ်ဆုဖလားတွေရရှိအောင် သူ ကူညီပေးနိုင်မယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်၊ ဒါပေမယ့် ကျွန်တော်တို့ တစ်ပွဲချင်းစီအာရုံစိုက်ဖို့ လိုပါတယ်" လို့ ကော်စတာက ထပ်ပြောခဲ့ပါတယ်။ 

ကော်စတာက သူ့ကို အသင်းကမလိုအပ်ဘူးလို့ ယူဆမယ်ဆိုရင်လည်း ထွက်ခွာပေးဖို့ဝန်လေးမှာမဟုတ်ဘူးလို့ ပြောဆိုခဲ့ပါသေးတယ်။ "အသင်းတာဝန်ရှိသူတွေ၊ ဆီမြွန်နီနဲ့ ကျွန်တော်ပြောပြီးသားပါ၊ တကယ်လို့ ကျွန်တော့်ကို သွားသင့်ပြီလို့ သူတို့ပြောလာခဲ့ရင် ကျွန်တော်ပြန်ပြီးတိုက်ခို်က်နေမှာမဟုတ်ပါဘူး၊ အသင်းကနေ ထွက်သွားပေးမှာပါ၊ ဒါပေမယ့် ကျွန်တော့်နေရာရဖို့တော့ တိုက်ပွဲဝင်သွားပါမယ်" လို့ သူကပြောသွားခဲ့ပါတယ်။ 


Author


က္က