မိနစ် ၂၀ပဲ ကစားပြီး ၂ဂိုးသွင်း ၁ဂိုးဖန်တီးခဲ့သူပါ။

ဆွာရက်ဇ်ရဲ့ သွင်းဂိုး ၂ဂိုးထက် ဂိုးဖန်တီးမှုနဲ့လှုပ်ရှားမှုတွေကို ကိုပြီး လေးစားကြောင်း ဆီမြွန်နီက ပြောခဲ့ပါတယ်။

ဂရန်နာဂါကို ၆-၁ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ အသင်းအတွက် ပထမဆုံး ပါဝင်ကစားပြီး ၂ဂိုးသွင်းကာ ၁ဂိုးဖန်တီးမှု ပြုလုပ်နိုင်ခဲ့တဲ့ တိုက်စစ်မှူးသစ် ဆွာရက်ဇ်ရဲ့ စွမ်းရည်ကို နည်းပြ ဆီမြွန်နီက လေးစားတယ်လို့ဆိုလာခဲ့ပါတယ်။



ဒါ့အပြင် သွင်းဂိုး ၂ဂိုးထက် ဖန်တီးမှုပြုလုပ်ပေးခဲ့တဲ့ တစ်ဂိုးနဲ့ ဘောလုံး မရှိခင် လှုပ်ရှားမှုတွေကို ပိုပြီး လေးစား တယ်လို့လည်း ဆီမြွန်နီက ဆိုပါတယ်။

ဆွာရက်ဇ်ကတော့ မိနစ် ၇၀မှ ကော်စတာအစား လူစားဝင်လာခဲ့တာဖြစ်ပြီး မိနစ် ၂၀ အတွင်း ၂ဂိုးသွင်းကာ ၁ဂိုး ဖန်တီးပေးနိုင်ခဲ့တာပါ။

“သူ့နှစ်ဂိုးကို ကျွန်တော်မပြောချင်ပါဘူး။သူ့ရဲ့ ဖန်တီးပေးမှု၊လှုပ်ရှားမှု၊နေရာယူမှုတွေကိုသာ ပြောချင်ပါတယ်။ ပြောင်းလဲမှုပေးခဲ့တဲ့ မားကို့စ်၊ဗီတိုလိုရဲ့ စွမ်းဆောင်ရည်၊ပါတေးရဲ့ တိကျပြတ်သားတဲ့ ရှင်းလင်းမှု၊ဆွာရက်ဇ်ရဲ့ စွမ်းဆောင်ရည်တွေကို အသိအမှတ်ပြုချင်ပါတယ်။”လို့ဆီမြွန်နီက ဦးစွာ ပြောပါတယ်။

ဆွာရက်ဇ်နဲ့ ပတ်သက်ပြီးတော့လည်း - “ ဆွာရက်ဇ်ရောက်ရှိလာတဲ့အတွက် ပြည်တွင်းပြိုင်ဆိုင်မှု ပိုမို မြင့်မား လာမှာပါ။တကယ်လို့ ကစားသမား ၂၃ဦးလောက်သာ ပွဲကစားဖို့ အဆင်သင့်ဖြစ်နေပြီဆိုရင် ကျွန်တော်တို့ အကောင်းဆုံး ယှဥ်ပြိုင်နိုင်မယ်လို့ ယုံကြည်ပါတယ်။”လို့ ဆီမြွန်နီက ဆက်လက်ဆိုပါတယ်။”လို့ ဆီမြွန်နီက ဆက် လက်ဆိုပါတယ်။

တစ်ဆက်တည်းမှာပဲ ဆွာရက်ဇ်ရောက်ရှိလာတာဟာ အသင်းအတွက် အရေးကြီးတဲ့ တိုးတက်မှုတစ်ခုဖြစ်စေတာ မှန်ပေမယ့်လည်း နဂိုကတည်းက အသင်းက တိုးတက်မှုရှိပြီးသားအသင်းတစ်သင်းဖြစ်ပြီး လက်ရှိအချိန်မှာတော့ တစ်ပွဲနှင့်တစ်ပွဲ နိုင်ပွဲရရှိအောင် အရင်လိုစွမ်းဆောင်သွားမယ်လို့လည်း ဆီမြွန်နီက ပြောခဲ့ပါတယ်။

Share

Loading Next Article...
က္က