စပွန်ဆာပေးတဲ့ ကုမ္ပဏီက ဘီယာကုမ္ပဏီဖြစ်နေခဲ့လို့ပါ။
Pyae Phyo Thein

ပွဲစဉ်အလိုက်အကောင်းဆုံးကစားသမားဆုအတွက် စပွန်ဆာပေးထားတာက ဘီယာကုမ္ပဏီဖြစ်ပြီး ဖာတီက အသက်မပြည့်သေးတာကြောင့်လည်း ဆုနဲ့လွဲချော်ခဲ့ရတာဖြစ်ပါတယ်။


ဘာစီလိုနာအသင်းရဲ့ လူငယ်ကြယ်ပွင့်ကစားသမား အန်ဆူဖာတီဟာ ဗီလာရီးရဲလ်နဲ့ပွဲမှာ အကောင်းဆုံးကစားသမားဆုကို ရရှိခဲ့ပေမယ့်လည်း သူ့ရဲ့အသက်အရွယ်ကြောင့် အဆိုပါဆုကို ရရှိဖို့က လွဲချော်ခဲ့ရတယ်လို့ သိရပါတယ်။ ပွဲစဉ်အလိုက်အကောင်းဆုံးကစားသမားဆုအတွက် စပွန်ဆာပေးထားတာက ဘီယာကုမ္ပဏီဖြစ်ပြီး ဖာတီက အသက်မပြည့်သေးတာကြောင့်လည်း ဆုနဲ့လွဲချော်ခဲ့ရတာဖြစ်ပါတယ်။

စပိန်နိုင်ငံရဲ့ ဥပဒေအရ အသက် ၁၈ နှစ်ပြည့်ပြီးမှသာ အရက်၊ဘီယာသောက်သုံးခွင့်ရရှိမှာဖြစ်ပြီး ဖာတီဟာ ဆုနဲ့ လွဲချော်ခဲ့ရပါတယ်။ Budweiser ဘီယာကုမ္ပဏီက ပေးအပ်နေတာဖြစ်ပြီး ဘာစီလိုနာကြယ်ပွင့်အတွက်တော့ အကောင်းဆုံးဆုကို ရရှိပြီးမှ အခြေအနေတချို့ကြောင့် ငြင်းဆန်ခဲ့ရပြီး အသင်းဖော်ယော်ဒီအယ်လ်ဘာက အကောင်းဆုံးကစားသမားအဖြစ် ပြောင်းလဲသတ်မှတ်ခံခဲ့ရပါတယ်။ 

ဖာတီဟာ ဗီလာရီးရဲလ်နဲ့ပွဲမှာ အနိုင်ဂိုး ၂ဂိုးသွင်းယူပေးခဲ့ပြီး ပြိုင်ဘက်ခံစစ်ကြောင်းကို ဒုက္ခပေးနိုင်ခဲ့ပါတယ်။ အသက် ၁၇ နှစ်အရွယ်သာရှိသေးပြီး မက်ဆီမရှိတော့မယ့် ဘာစီလိုနာအတွက် မျှော်လင့်ချက်လို့ တင်စားခံနေရသူဖြစ်ပြီး ရာသီအဖွင့်ပွဲမှာပဲ ခြေစွမ်းပြကာ တောက်မဲ့မီးခဲတရဲရဲဆိုတဲ့ ပုံစံကို ပြသနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ 

ဖာတီဟာ အောက်တိုဘာလ ၃၁ ရက်နေ့မှ အသက် ၁၈ နှစ်ပြည့်မြောက်မှာဖြစ်ပြီးတော့ တစ်လကျော်ကြာ လိုအပ်နေတာဖြစ်ပါတယ်။ ဒါကြောင့် လာမယ့်ပွဲစဉ်တွေမှာလည်း အကောင်းဆုံးကစားသမားဆုကို ရရှိခဲ့ဦးမယ်ဆိုရင်လည်း လွဲချော်နေရဦးမှာဖြစ်ပြီး နိုဝင်ဘာလအတွင်းမှသာ ပွဲစဉ်အလိုက်အကောင်းဆုံးကစားသမားဆုကို စည်းကမ်းသတ်မှတ်ချက်တွေနဲ့ အညီ လက်ခံနိုင်မှာလည်းဖြစ်ပါတယ်။ 


Author


က္က