ဗြိတိန်အခြေစိုက် YouGov စစ်တမ်းကုမ္ပဏီက ဖော်ပြလာတာပါ။

၄၂နိုင်ငံစစ်တမ်းကောက်ယူခဲ့ရာမှာ ၃၂နိုင်ငံစစ်တမ်းရဲ့ ထိပ်ဆုံးကို ရော်နယ်ဒိုက ရယူထားနိုင်တာလို့သိရပါတယ်။

ဂျူဗင်တပ်အသင်းရဲ့ တိုက်စစ်မှူး ရော်နယ်ဒိုဟာ ကမ္ဘာပေါ်မှာ လေးစားမှု အခံရဆုံး အားကစားသမားအဖြစ် အနီးစပ်ဆုံး ပြိုင်ဖက် မက်ဆီကို ကျော်လွန်ပြီး ထိပ်ဆုံးမှာ ရပ်တည်နေတယ်လို့ သိရပါတယ်။



YouGov စစ်တမ်းက ထုတ်ပြန်ခဲ့တာ ဖြစ်ပြီး ကမ္ဘာပေါ်မှာ လေးစားမှု အခံရဆုံး ပုဂ္ဂိုလ်ကတော့ အမေရိကန် သမ္မ တဟောင်း ဘားရက်အိုဘားမားဖြစ်တယ်လို့လည်း စစ်တမ်းအရ သိရပါတယ်။

အခု ဖော်ပြတဲ့ YouGovစစ်တမ်းကတော့ ဗြိတိန်အခြေစိုက် အင်တာနက် အသုံးပြုပြီး စျေးကွက်ရှာဖွေရေးနှင့် သုတေသနစစ်တမ်းများ လုပ်ဆောင်တဲ့ ကုမ္ပဏီတစ်ခု ဖြစ်ပါတယ်။

သုတေသန စစ်တမ်းအရ နိုင်ငံပေါင်း ၄၂နိုင်ငံမှာစစ်တမ်းကောက်ယူရာ၌ ၃၂နိုင်ငံရဲ့စာရင်းမှာ ရော်နယ်ဒိုက မက်ဆီအထက်မှာ ရပ်တည်နိုင်ပြီး လေးစားမှု အခံရစား အားကစားသမားအဖြစ် ရှိနေတာလို့သိရပါတယ်။

ရော်နယ်ဒိုနဲ့မက်ဆီကိုတော့ လက်ရှိအချိန်ထိ တစ်ကမ္ဘာလုံးက ယှဥ်တွဲမမြင်ပဲ ပြိုင်ဖက်တွေအဖြစ် သတ်မှတ်ပြီး အားပေးလာခဲ့ကြတာ ၁၀စုနှစ်တစ်ခုကျော်ကြာမြင့်လာခဲ့ပြီ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ နှစ်ဦးသားရဲ့ အသက်တွေဟာ ၃၀ကျော်သွားပြီး ကစားသမားဘဝရဲ့ နေဝင်ချိန်တွေကို ရောက်ရှိ လုနီးပါး ဖြစ်နေသည့်တိုင် ဘယ်သူ အကောင်းဆုံး ကစားသမားလဲဆိုတာ အတိအကျ ဆုံးဖြတ်လို့ မရသေးပါဘူး။

မနေ့က ကစားခဲ့တဲ့ လိဂ်ပွဲ ကိုယ်စီမှာလည်း ရော်နယ်ဒိုက ၂ဂိုး မက်ဆီက ၁ဂိုး အသင်းအတွက် ကိုယ်စီ သွင်းယူ ပေးထားနိုင်ခဲ့ကြပါတယ်။

Share

Loading Next Article...
က္က