ဂျူဗီကနေ အလွတ်ထွက်ခွာပြောင်းရွှေ့ခဲ့သူပါ။
Pyae Phyo Thein

ဟီဂူအင်ဟာ ပြင်းထန်အားပါတဲ့ ကန်ချက်နဲ့ အဆုံးသတ်ဖို့ ရည်ရွယ်ခဲ့ပြီး ခပ်ပြင်းပြင်းကန်သွင်းခဲ့ရာမှာ ဘားတန်းကိုပါကျော်လွန်သွားခဲ့ပြီး ဂိုးအဖြစ်မပြောင်းလဲနိုင်ခဲ့ဘဲရှိခဲ့ရပါတယ်။


ဂျူဗင်တပ်စ်ကနေ မေဂျာလိဂ်ကလပ်အင်တာမိုင်ယာမီကို ပြောင်းရွှေ့ခဲ့တဲ့ ဟီဂူအင်အတွက်တော့ ကျိန်စာဆိုးတွေက မကုန်ခမ်းနိုင်သေးဘဲရှိနေခဲ့ပါတယ်။ ဂျူဗင်တပ်စ်မှာ ခြေစွမ်းမပြနိုင်ခဲ့တဲ့ ဟီဂူအင်ဟာ အေစီမီလန်၊ ချယ်လ်ဆီးတို့ကို အငှားနဲ့ပြောင်းရွှေ့ကစားခဲ့ရပြီး ပြီးခဲ့တဲ့ရာသီမှာ ဂျူဗီအတွက်ပြန်ကစားခွင့်ရခဲ့ပေမယ့် ဒီရာသီမှာတော့ အင်တာမိုင်ယာမီကို အပြီးသတ်ပြောင်းရွှေ့သွားခဲ့သူဖြစ်ပါတယ်။ 

မနေ့က ဖီလာဒယ်ဖီယာယူနီယံအသင်းနဲ့ ကစားခဲ့တဲ့ပွဲမှာ အင်တာမိုင်ယာမီက ၃-၀ နဲ့ အရေးနိမ့်ခဲ့ပြီး ဟီဂူအင်က သူ့ရဲ့ပွဲဦးထွက်အဖြစ်ပါဝင်ကစားခဲ့ပါတယ်။ ပွဲကစားချိန် ၇၅ မိနစ်မှာ ၂-၀ နဲ့ အရေးနိမ့်ခဲ့ပြီး အသင်းအတွက် သရေကျစေနိုင်မယ့် မျှော်လင့်ချက်ကို ပေးစွမ်းနိုင်မယ့် ပယ်နယ်တီကန်သွင်းခွင့်ကို အင်တာမိုင်ယာမီတို့ရရှိခဲ့ပြီး ဟီဂူအင်က ကန်သွင်းခဲ့ရာမှာ လွဲချော်ခဲ့ရပါတယ်။ 



ဟီဂူအင်ဟာ ပြင်းထန်အားပါတဲ့ ကန်ချက်နဲ့ အဆုံးသတ်ဖို့ ရည်ရွယ်ခဲ့ပြီး ခပ်ပြင်းပြင်းကန်သွင်းခဲ့ရာမှာ ဘားတန်းကိုပါကျော်လွန်သွားခဲ့ပြီး ဂိုးအဖြစ်မပြောင်းလဲနိုင်ခဲ့ဘဲရှိခဲ့ရပါတယ်။ သူ့ရဲ့ပယ်နယ်တီမဝင်ခဲ့မှုကြောင့် ပြိုင်ဘက်အသင်းသားတွေက ပျော်ရွှင်ခဲ့ပြီး အောင်ပွဲခံချိန်မှာလည်း ဟီဂူအင်နဲ့ ပြသနာတက်ခဲ့ပြီး အာဂျင်တီးနားတိုက်စစ်မှူးဟာ ရှက်ရမ်းရမ်းကာ ပြိုင်ဘက်အသင်းသားကို ရန်မူခဲ့တာကိုလည်း တွေ့မြင်ခဲ့ရပါတယ်။ 

ဒါဟာ ဟီဂူအင်ကိုမျှော်လင့်ချက်ကြီးစွာနဲ့ ခေါ်ယူခဲ့တဲ့ ဒေးဗစ်ဘက်ခမ်းရဲ့ အင်တာမိုင်ယာမီအတွက်လည်း စိတ်ပျက်စရာဖြစ်ခဲ့ရပါတယ်။ ရီးရဲလ်မက်ဒရစ်၊ နာပိုလီတို့မှာ ခြေစွမ်းကောင်းပြသခဲ့တဲ့ ဟီဂူအင်ဟာ ဂျူဗီကိုရောက်ခဲ့ပြီးနောက် ပုံစံကောင်းပျောက်ဆုံးခဲ့ပါတယ်။ အခုချိန်ထိ အဆိုပါပုံစံအတိုင်းသာရှိနေခဲ့ပြီး မေဂျာလိဂ်ပွဲဦးထွက်မှာလည်း ပယ်နယ်တီလွဲချော်မှုနဲ့ အစပြုခဲ့ရတာလည်းဖြစ်ပါတယ်။ 


Author


က္က