မူလက ဒီဇင်ဘာမှာ အပြီးသတ်ရမှာဖြစ်ပြီး တစ်လထပ်တိုးပေးထားတာပါ။
Kyaw Ko Ko Sint

အိမ်ကွင်း၊အဝေးကွင်းစနစ်ကစားဖို့ ဆုံးဖြတ်ထားပေမယ့်လည်း တစ်သင်းသင်းရဲ့ အစိုးရဖက်ပိုင်းက သွားလာခွင့် မပြုပါက ကြားကွင်းမှာ ယှဥ်ပြိုင်ရမှာ ဖြစ်ပြီး မကစားနိုင်ပါက ၃ဂိုး ၃မှတ်နဲ့ အရေးနိမ့်ပေးရမှာပါ။

ယူအီးအက်ဖ်အေ ချန်ပီယံလိဂ်နဲ့ယူရိုပါလိဂ် ပြိုင်ပွဲနှစ်ရပ်စလုံးရဲ့ အုပ်စုပွဲစဥ်တွေ နောက်ဆုံးထား အပြီးသတ် ကျင်းပနိုင်မယ့်နေ့ကို ဇန်နဝါရီလကုန်အထိ တိုးမြှင့်သတ်မှတ်ပေးထားပါတယ်။ အိမ်ကွင်းအဝေးကွင်းကစားဖို့ တစ်သင်းသင်းရဲ့ အစိုးရဖက်ပိုင်းက ကိုဗစ် သတ်မှတ်စည်းမျဥ်းတွေနဲ့ တားမြစ်ထား ရင်တော့ ကြားကွင်းမှာ ပြောင်းလဲ ယှဥ်ပြိုင်ရမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

အုပ်စုပွဲတွေကို သတ်မှတ်ထားတဲ့ ဇန်နဝါရီလ ၂၈ရက်နေ့ နောက်ဆုံးထားပြီး အပြီးသတ် မကျင်းပနိုင်ပဲ ပြီးလုပြီး ဆဲ ဖြစ်နေရင်တော့ ရက်ကို ထပ်မံ တိုးမြှင့်ပေးမှာ မဟုတ်ပဲ ယူအီးအက်ဖ်အေ အမှုဆောင် အစည်းအဝေးခေါ်ယူ ကာ နောက်တစ်ဆင့် တက်ရောက်နိုင်မယ့် အသင်းတွေကို ဆုံးဖြတ် အတည်ပြုပေးမယ်လို့လည်း Daily Mail ရဲ့ ဖော်ပြချက် အရသိရပါတယ်။

ဥရောပမှာ ကိုဗစ် ပျံ့နှံ့မှု မြင့်မားနေတာကြောင့် အချို့နိုင်ငံတွေရဲ့ အစိုးရတွေက အားကစားသမားတွေကို နိုင်ငံ ဖြတ်ကျော်ခွင့်ပြုထားပေမယ့် အချို့နိုင်ငံတွေကတော့ သီးခြား အခွင့်အရေး မပေးထားပဲ အများနည်းတူ နိုင်ငံ ဖြတ်ကျော်ခွင့်မရထားကြပါဘူး။

ပြိုင်ဖက်အသင်းကလာဖို့ အဆင်မပြေပါက အိမ်ရှင်အသင်းဖက်က အခြားကွင်းတစ်ကွင်းကွင်းကို ရှာဖွေကာ ပွဲ ကစားဖို့ အကုန်အကျခံ ပြန်လည်စီစဥ်ပေးရမယ်လို့လည်း သိရပါတယ်။ အဲ့လိုမှ အဆင်ပြေအောင် လုပ်ဆောင်ပေးနိုင်ခြင်း မရှိပါက ၃-၀ ဂိုး ၃မှတ်နဲ့ အရေးနိမ့်ခံရမှာလို့လည်း သိရပါတယ်။

အဝေးကွင်းလာကစားရမယ့်အသင်းရဲ့ အစိုးရက ခရီးသွားလာခြင်းကို ကန့်ကွက်ထားပါက အိမ်ရှင်လက်ခံ ကျင်းပမယ့်အသင်းကို အခြား အဆင်ပြေမယ့် ကွင်းတစ်ခု တောင်းဆိုလို့ရမှာ ဖြစ်ပြီး ရှာဖွေဖို့ အဆင်မပြေပါက ယူအီးအက်ဖ်အေက ကြားဝင် ရှာဖွေပေးခြင်းကို လက်ခံရမှာလည်း ဖြစ်ပါတယ်။ ကစားဖို့ ငြင်းဆန်တဲ့အသင်းကတော့ စည်းမျဥ်းအတိုင်း ၃ဂိုး ၃မှတ်နဲ့ အရေးနိမ့်ခြင်းကို ခံယူကာ ဆုံးဖြတ်ချက်ကို လက်ခံရမှာလည်း ဖြစ်ပါတယ်။


Author


က္က