အသင်းကထွက်ဖို့ ကြိုးစားခဲ့ရာမှ မထွက်ခွာဖြစ်တော့သူပါ။
Kyaw Ko Ko Sint

မိမိဟာ ဘာစီလိုနာအသင်းရဲ့ အကျိုးစီးပွားကိုသာ ရှေးရှုထားလို့ ဖြစ်ခဲသမျှ စိတ်ရှုပ်ခဲ့ရမှုတွေကို မေ့ပစ်ပေးကြဖို့ မက်ဆီက ပရိသတ်တွေကို ပြန်လည်တောင်းပန်လိုက်တာပါ။

အသင်းကနေ ထွက်ခွာတော့မယ်လို့ အကြီးအကျယ် သတင်းတွေ ထွက်ပေါ်ခဲ့ပြီးနောက် လီယွန်နယ်မက်ဆီဟာ ဘာစီလိုနာအသင်းမှာပဲ ၂၀၂၀-၂၁ ဘောလုံးရာသီအတွက် ဆက်လက်ရှိနေပါတယ်။

ဒါပေမယ့်လည်း Sport သတင်းဌာနနဲ့ အင်တာဗျူးစဥ်မှာတော့ - ပဥ္စလက်ဆန်တဲ့ အချိုးအကွေ့မှာ ပရိသတ်တွေ အတွက် စိတ်မကောင်းဖြစ်ခဲ့ရလို့ တောင်းပန်ချင်ပါတယ်။ကျွန်တော်က အမြဲတမ်း ဘာစီလိုနာအသင်းရဲ့ အကျိုးအ မြတ်အတွက်ပဲ ရှုခဲ့သူပါ။ကျွန်တော့်ရဲ့ အမှားတွေအားလုံးအတွက်လည်း တာဝန်ယူပါတယ်။”လို့ မက်ဆီက ဆိုခဲ့ပါ တယ်။

နည်းပြသစ် ကိုးလ်မန်းနဲ့အတူ ပထမဆုံး လာလီဂါအဖွင့်ပွဲမှာလည်း မက်ဆီက ပင်နယ်တီက တဆင့် အဖွင့်ဂိုး စတင် ရရှိခဲ့ပြီး ဂိုးသွင်းပြီးနောက်မှာတော့ သူ့ရဲ့ ချစ်လှစွာသော အသင်းဖော် ဆွာရက်ဇ်ကို ဂုဏ်ပြုတဲ့အနေနဲ့ ဆွာရက်ဇ်ရဲ့ ဂိုးသွင်းပြီး အောင်ပွဲခံလေ့ရှိတဲ့ ပုံစံအတိုင်း အောင်ပွဲခံကာ သူငယ်ချင်းကို ဂုဏ်ပြုခဲ့ပါသေးတယ်။

“ကျွန်တော့်ကို အားပေးချစ်ခင်ကြတဲ့ ပရိသတ်အားလုံးကို ပြောချင်တာက ကျွန်တော့် ပြောစကားတွေကြောင့် စိတ် အနှောက်အယှက်ဖြစ်ခဲ့ရင် တောင်းပန်ပါတယ်။အဲ့ဒါတွေကို ထားလိုက်ပါတော့ ဘာလို့လဲဆိုတော့ ကျွန်တော် က ဘာစီလိုနာအကျိုးအမြတ်အတွက် ရှေးရှုထားသူ ဖြစ်လို့ပါ။”လို့ မက်ဆီက သူ့အပေါ် ငြိုငြင်နေကြမယ်ထင်တဲ့ ပရိသတ်တွေကို ပြန်လည်တောင်းပန်လိုက်တာပါ။

ထပ်မံပြီးတော့လည်း မကျေလည်မှုတွေ ပြီးနောက် အသင်းဟာ ပိုမိုစည်းလုံးပြီး အကောင်းဆုံးပုံစံကိုရောက်ရှိကာ ရာသီအကုန်မှာတော့ အောင်မြင်မှုတွေ ဆောင်ကြဉ်းနိုင်မယ်လို့လည်း မက်ဆီက ယုံကြည်ကြောင်း ပြောခဲ့ပါ သေးတယ်။

ဘာစီလိုနာအသင်းမှာ ဆက်ရှိနေတယ်ဆိုပေမယ့် မက်ဆီနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်အရ ယခုနှစ် ဘောလုံးရာသီ ကုန်ရင် ပြည့်မှာ ဖြစ်တယ်လို့သိထားရပြီး စာချုပ်သစ်အတွက်တော့ တစ်စုံတစ်ရာ မသိရသေးပါဘူး။

ဘာစီလိုနာအသင်းအနေနဲ့ လာမယ့် ကြာသပတေးနေ့မှာ လာလီဂါ ဒုတိယပွဲစဥ်အဖြစ် ဆဲလ်တာဗီဂိုအသင်းနဲ့ ကစားဖို့ရှိနေပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က