ဒူးဒဏ်ရာဟောင်း ပြန်ထိသွားလို့ ၂ပတ်ခန့် ပြန်ရနားရမှာပါ။

မန်စီးတီးမှာ ရရှိခဲ့တဲ့ ဒူးအရွတ်စုတ်ပြဲ ဒဏ်ရာဟောင်းရဲ့ နေရာမှာ ဒဏ်ရာဟောင်းပြန်လည် အနာတရ ရရှိသွား ခဲ့တာပါ။

ဘိုင်ယန်မြူးနစ်အသင်းရဲ့ တောင်ပံ ကစားသမား လီရွိုင်းဆာနေးကတော့ ဒူးဒဏ်ရာရရှိထားလို့ အနည်းဆုံး ၂ပတ် ခန့် အသင်းရဲ့ ပွဲစဥ်တွေကို လွဲချော်ရအုံးမယ်လို့ သိရပါတယ်။



ဂျာမန် လက်ရွေးစင် ကစားသမားဟာ ပြီးခဲ့တဲ့ ၂၀၁၉-၂၀ ဘောလုံးရာသီတုန်းကလည်း ဒူးဒဏ်ရာကြောင့် မန်စီး တီးရဲ့ ပွဲစဥ်တွေကို တစ်ရာသီလုံးနီးပါးမျှ ပါဝင်ကစားပေးခဲ့နိုင်ခြင်း မရှိခဲ့ပါဘူး။

ဒူးဒဏ်ရာကိုတော့ ဆာနေးအနေနဲ့ ပြီးခဲ့တဲ့ ၂၀၁၉ ကွန်မြူနတီးဒိုင်းပြိုင်ပွဲမှာ ရရှိခဲ့တာ ဖြစ်ပြီး ဒူးအရွတ်စုတ်ပြဲမှုကို ခွဲစိတ်မှု ခံယူထားရသူပါ။

လက်ရှိမှာတော့ ဆာနေးအနေနဲ့ မူလ ဒူးဒဏ်ရာနေရာမှာပဲ ဒဏ်ရာပြန်ပေါ်လာတာ ဖြစ်တယ်လို့ အင်္ဂါနေ့က အတည်ပြု ထုတ်ဖော်ပြောလာတာပါ။

ဒါကြောင့် ဆာနေးအနေနဲ့ ဗုဒ္ဓဟူးနေ့နဲ့ တနင်္ဂနွေနေ့တွေမှာ ကစားဖို့ ရှိနေတဲ့ ဒေါ့မွန်နဲ့ ဂျာမန်စူပါဖလားဗိုလ်လုပွဲနဲ့ ဟာသာဘာလင်နဲ့ကစားရမယ့် ဘွန်ဒက်လီဂါပွဲတွေကို လွဲချော်ရတော့မှာပါ။

အလားတူ အောက်တိုဘာ ၁၅မှာ ကစားရအုံးမယ့် ဂျာမန်ဖလား ပထမအဆင့် ပွဲစဥ်ကိုလည်း လွဲချော်ရဖွယ်ရှိနေ ပြီး နိုင်ငံတကာပြိုင်ပွဲတွေ အပြီးမှပဲ အသင်းနဲ့အတူ ပြန်လည်ပူးပေါင်းနိုင်မယ်လို့ နည်းပြ ဖလစ်ခ်က ဆိုပါတယ်။

ဆာနေးအနေနဲ့ ဟော်ဖန်ဟိမ်းကို ၄-၁နဲ့ အံ့အားသင့်ဖွယ် အရေးနိမ့်ခဲ့တဲ့ ဘွန်ဒက်လီဂါပွဲစက်မှာ ၇၃မိနစ် ပါဝင်က စားပေးနိုင်ခဲ့ပြီး ဒဏ်ရာပြန်ပေါ်လာလို့ လူစားလဲခြင်း ခံခဲ့ရတာပါ။

နိုင်ငံပွဲတွေအဖြစ် ဂျာမနီအသင်းရဲ့ ယူကရိန်း၊ဆွစ်ဇာလန်တို့နဲ့ နေးရှင်းလိဂ်ပွဲတွေကိုလည်း ပါဝင်ကစားပေးနိုင် တော့မှာ မဟုတ်ပါဘူး။

ဘောလုံးသမားအများစုဟာ ဒူးဒဏ်ရာရပြီးရင် အရင်လို ပုံမှန် ခြေစွမ်းပြန်ရဖို့ ခက်ခဲလေ့ရှိကြပြီး အဆိုပါ ဒဏ်ရာ ကြောင့်ပဲ ကစားသမားဘဝက အချိန်မတိုင်ခင် ခြေစွမ်းကျဆင်းပြီး စောစော အနားယူခဲ့ရသူတွေလည်း သာဓက ရှိကြပါတယ်။

ပြန်ကောင်းလာသူတွေရှိပေမယ့် ဒဏ်ရာရဲ့ အတိမ်အနက်ပေါ်မူတည်ပြီး အရင်လို ခြေစွမ်း ၁၀၀ ရာခိုင်နှုန်း အပြည့် ပြန်ကောင်းဖို့ကတော့ ကစားသမားရဲ့ စိတ်ဓာတ်နဲ့ ကြံ့ခိုင်မှု လေ့ကျင့်ခန်းတွေကလည်း အများကြီး သက်ဆိုင် နေပါတယ်။

ဥရောပ ထိပ်တန်းလိဂ်မှာ ခြေစွမ်းကောင်းမွန်ပါလျက် ဒဏ်ရာမကြာခဏ ရလေ့ရှိသူတွေရှိကြပြီး သူတို့ဟာလည်း နှစ်စဥ် ဒဏ်ရာတွေနဲ့ နပန်းလုံးရင်း အသင်းရဲ့ အရေးပါတဲ့ အခန်း ကဏ္ဍကနေ တဖြေးဖြေးသွေဖယ်သွားရလေ့ရှိ ကြပြီး ဥပမာ ဆာနေးရဲ့ နိုင်ငံအသင်းဖော် မာကိုရူးစ်၊ဘာစီလိုနာက ဒမ်ဘီလီ၊ စတဲ့ ကစားသမားတွေဟာ ဒဏ်ရာ မကြာခဏ ရလေ့ရှိတာကြောင့် ထင်ပေါ်သင့်သလောက် မထင်ပေါ်လာပဲ ရှိနေကြတာပါ။

ဆာနေးအနေနဲ့ ဒူးဒဏ်ရာအကင်းသေပြီး ဘိုင်ယန်မြူးနစ်အသင်းနဲ့အတူ တစ်ဖန် ပြန်လည်တောက်ပ လာနိုင်မလားဆိုတာကတော့ ရင်ခုန်စွာ စောင့်ကြည့်သွားရမှာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က