အနားယူချိန်မှာ အသက် ၄၁နှစ်ရှိပါပြီ။

အနားယူချိန်မှာ အသက် ၄၁နှစ်အရွယ်ရှိပြီ ဖြစ်ပြီး သူမဟာ မီဒီယာကတွေက သူမိကို ခေါင်းစဥ်တပ်ဖော်ပြတာ ထက်ဘောလုံးပွဲတစ်ပွဲ ဘယ်လောက်ကောင်းတယ်ဆိုတာကိုသာ ဖော်ပြဖို့အတွက် တိုက်တွန်းခဲ့သူတစ်ဦး ဖြစ်ပါတယ်။

အမျိုးသမီးကွင်းလယ်ဒိုင်လူကြီး ဘီဘီယာနာဟာ အသက် ၄၁နှစ်အရွယ်မှာ ဒိုင်လူကြီး ဘဝမှ အနားယူသွားခဲ့ပြီ ဖြစ်တယ်လို့ BBC SPORT သတင်းဌာနက ဖော်ပြလာပါတယ်။



သူမဟာ ၂၀၁၇ခုနှစ်က ဒိုင်လူကြီးတာဝန်ကို စတင်ထမ်းဆောင်စဥ်မှာ ဥရောပထိပ်တန်းလိဂ် ၅ခုအတွင်း တရားဝင် ပထမဆုံး အမျိုးသမီးကွင်းလယ်ဒိုင်လူကြီး ဖြစ်လာခဲ့သူပါ။

ဂျာမန် ကွင်းလယ်ဒိုင်လူကြီး ဘီဘီယာနာဟာ ဘွန်ဒက်လီဂါပွဲစဥ် ၂၃ပွဲကို ကွင်းလယ်ဒိုင်အဖြစ် တာဝန်ယူခဲ့ဖူးသူ ဖြစ်ပြီး သူမ နောက်ဆုံး တာဝန်ယူခဲ့တဲ့ ပွဲကတော့ ဘိုင်ယန်မြူးနစ်က ဒေ့ါမွန်ကို ၃-၂နဲ့ အနိုင်ရခဲ့တဲ့ စူပါဖလား ဗိုလ်လုပွဲ ဖြစ်ပါတယ်။

သူမဟာ ရဲအရာရှိတစ်ဦး ဖြစ်သလို ကွင်းလယ်ဒိုင်လူကြီး တစ်ဦးဖြစ်ပြီး မီဒီယာတွေကို သူမကို ခေါင်းစဥ်တပ် သတင်း ဖော်ပြလေ့ရှိတဲ့အပေါ်မှာလည်း မနှစ်မြို့သူလို့ သိရပါတယ်။

သူမ ၂၀၁၇ခုနှစ်တုန်းက ဘွန်ဒက်လီဂါ ပထမဆုံးပွဲကို စတင်တာဝန်ယူခဲ့ချိန်မှာ ဂျာမန်သတင်းစာ Bild က ဘီဘီသာ အကောင်းဆုံးဆိုတဲ့ ခေါင်းစဥ်နဲ့ သတင်းဖော်ပြခဲ့ချိန်မှာ -“ပုံမှန်ဆိုရင် ကျွန်မက ဒိုင်လူကြီးတွေအ ကြောင်း ခေါင်းစဥ်တပ်တာ သိပ်သဘောမကျပါဘူး၊ဘာလို့လဲဆိုတော့ ပွဲကိုပဲ အာရုံစိုက်စေချင်ပါတယ်။ပွဲ ဘယ်လိုကောင်းကြောင်း သူတို့ ခေါင်းစဥ်တပ်ရင်တော့ ကြိုက်ပါတယ်။အမျိုးသမီးတစ်ယောက်ဖြစ်နေတာက အခြားသူတွေလိုပဲ ကိုယ့်တာဝန်ကိုယ်ထမ်းဆောင်နေတာပါပဲ ဘာမှ မပိုပါဘူး။”လို့ သူ့အကြောင်း ဖွဲ့နွဲ့ရေးလေ့ ရှိတဲ့ မီဒီယာတွေကို ပြန်လည်ပြောဆိုခဲ့ဖူးပါတယ်။

အခုနောက်ဆုံး ကိုင်တွယ်ခဲ့တဲ့ ဂျာမန်ဖလား ဗိုလ်လုပွဲမှာ တာဝန်ယူခဲ့တာကြောင့်လည်း သူမဟာ ဂျာမန်ဖလား ဗိုလ်လုပွဲသမိုင်းမှာ ပထမဆုံး တာဝန်ယူကိုင်တွယ်တဲ့ အမျိုးသမီး ဒိုင်လူကြီး အဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပြီ ဖြစ် ပါတယ်။

၁၉၉၉ခုနှစ်က စတင်ပြီး ဒိုင်လက်မှတ်ရရှိကာ နိုင်ငံတကာပြိုင်ပွဲတွေ တာဝန်ယူနိုင်ဖို့ နိုင်ငံတကာအသိအမှတ်ပြု ဒိုင်လူကြီး လက်မှတ်ကိုတော့ ၂၀၀၅မှာ ရရှိခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က