အုပ်စု (ဆ)မှာ ဘာကာနဲ့ ဂျူဗီက အတူတူကျခဲ့တာပါ။

စပိန်လာလီဂါမှာ ပြိုင်ဘက်တွေအဖြစ် နှစ်ပေါင်းများစွာ သူတစ်လှည့်၊ ကိုယ်တစ်ခါရှိနေခဲ့ကြပြီးနောက် ရော်နယ်ဒိုက ဂျူဗီကို ပြောင်းရွှေ့ခဲ့ပြီး သူတို့နှစ်ဦးကြား လိဂ်ပြိုင်ဆိုင်မှုတွေက အဆုံးသတ်ခဲ့ရပါတယ်။

ချန်ပီယံလိဂ်အုပ်စုအဆင့်မဲခွဲပွဲတွေကို ဒီနေ့ မြန်မာစံတော်ချိန် ည ၉း၃၀ က စတင်ပြီးပြုလုပ်နေရာမှာတော့ အုပ်စု (ဆ) မှာတော့ ဘာစီလိုနာ နဲ့ ဂျူဗင်တပ်စ်တို့ ထိပ်တိုက်တွေ့ဆုံခဲ့ပြီဖြစ်ပါတယ်။ ဒါဟာ မက်ဆီနဲ့ ရော်နယ်ဒိုတို့ရဲ့ တွေ့ဆုံမှုလည်းဖြစ်လာခဲ့ပြီး ချန်ပီယံလိဂ်အုပ်စုအဆင့်မှာ သူတို့နှစ်ဦး ပထမဆုံးအကြိမ်ရင်ဆိုင်ရတော့မှာလည်းဖြစ်ပါတယ်။



မက်ဆီနဲ့ ရော်နယ်ဒိုတို့ဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာတော့ ဘာစီလိုနာနဲ့ ယူနိုက်တက်တို့ ရင်ဆိုင်ခဲ့စဉ်က တွေ့ဆုံခဲ့ဖူးပေမယ့်လည်း အဆိုပါတွေ့ဆုံမှုတွေက ရှုံးထွက်အဆင့်တွေမှာဖြစ်ပါတယ်။ ဒါကြောင့် အုပ်စုအဆင့်မှာ တစ်ကြိမ်မှရင်မဆိုင်ဖူးသေးတဲ့ ကမ္ဘာကျော်ကစားသမားနှစ်ဦးအတွက်တော့ အခုတစ်ကြိမ်က ပထမဆုံးအကြိမ်အုပ်စုတွင်းတွေ့ခဲ့ကြတာဖြစ်ပါတယ်။ 

စပိန်လာလီဂါမှာ ပြိုင်ဘက်တွေအဖြစ် နှစ်ပေါင်းများစွာ သူတစ်လှည့်၊ ကိုယ်တစ်ခါရှိနေခဲ့ကြပြီးနောက် ရော်နယ်ဒိုက ဂျူဗီကို ပြောင်းရွှေ့ခဲ့ပြီး သူတို့နှစ်ဦးကြား လိဂ်ပြိုင်ဆိုင်မှုတွေက အဆုံးသတ်ခဲ့ရပါတယ်။ တစ်ဦးချင်းမှတ်တမ်းပြိုင်ဆိုင်မှုတွေကိုသာ ပရိသတ်တွေ တွေ့မြင်ခဲ့ကြရပြီး အခုအခါမှာတော့ အုပ်စုတွင်းပြိုင်ဘက်တွေအဖြစ် ပြန်လည်ခံစားကြရတော့မှာပါ။

ချန်ပီယံလိဂ်ပြိုင်ပွဲကတော့ ရင်ခုန်စိတ်လှုပ်ရှားစရာတွေပေးစွမ်းတယ်လို့ နာမည်ကျော်ခဲ့တာနဲ့အညီ အခုရာသီမှာလည်း မက်ဆီ နဲ့ ရော်နယ်ဒိုတို့ရဲ့ အုပ်စုတွင်းအားပြိုင်မှုနဲ့ ဆွဲဆောင်ခဲ့ပြန်ပြီလည်းဖြစ်ပါတယ်။ မဲခွဲမှုတွေမစတင်ခင်ကတညး်က သူတို့နှစ်ဦး အုပ်စုအဆင့်မှာ ပထမဆုံးရင်ဆိုင်ရနိုင်တယ်လို့ ခန့်မှန်းထားခဲ့မှုတွေကလည်း အမှန်တကယ်ဖြစ်လာခဲ့ပြီဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က