ရော်နယ်ဒိုကတော့လိဂ် ၂ပွဲကစားအပြီး ၃ဂိုးသွင်းထားနိုင်ပါပြီ။

ရော်နယ်ဒိုဟာ လေ့ကျင့်ကွင်းကို အစောဆုံးရောက်သူဖြစ်ပြီး နောက်ဆုံးမှ ပြန်သူ ဖြစ်တယ်လို့ ပီယာလို ချီးကျူး ပြောဆိုခဲ့ပါတယ်။

ဂျူဗင်တပ်အသင်းရဲ့ နည်းပြသစ် ပီယာလိုက အသင်းရဲ့ တိုက်စစ်မှူး ရော်နယ်ဒိုအနေနဲ့ ရှေ့ဆက် အောင်မြင်မှုရနိုင်သေးတယ်လို့ ဂုဏ်တင်ပြောဆိုမှု ပြုလုပ်ခဲ့ပါတယ်။



ရော်နယ်ဒိအနေနဲ့ ၂၀၂၀-၂၁ ဘောလုံးရာသီ စီးရီးအေ ၂ပွဲကစားပြီးချိန်မှာ အသင်းအတွက် ၃ဂိုးသွင်း ကာ ၁ဂိုးဖန်တီးပေးထားနိုင်ပါတယ်။

ယနေ့ နာပိုလီနဲ့ပွဲမှာလည်း ရော်နယ်ဒိုဆီက သွင်းဂိုးတွေ ထပ်မံ မျှော်လင့်မိတယ်လို့ နည်းပြ ပီယာလို က ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တာပါ။

“ရော်နယ်ဒိုက အလုပ်အရမ်းကြိုးစားတယ်၊သူက လေ့ကျင့်ကွင်းကို အစောဆုံးရောက်ပြီး နောက်ဆုံး မှ ပြန်တတ်တဲ့သူမျိုးပါ။”လို့ ပီယာလိုက ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တာပါ။

ရော်နယ်ဒိုအနေနဲ့ တစ်ပွဲကို တစ်ဂိုး၊နှစ်ဂိုး ဆက်လက်သွင်းယူနိုင်ဖို့ မျှော်လင့်ထားပြီး အသင်းအတွက် အရေးကြီးတဲ့ ကစားသမားလို့လည်း ပီယာလိုက ဆက်လက်ဆိုပါတယ်။

ရိုးမားမှာ တစ်ဖက် ၂ဂိုးစီ သရေကျခဲ့ချိန်တုန်းကလည်း ရော်နယ်ဒိုက အသင်းကို ပွဲမပြီးမချင်း မရှုံး သေးပဲ လူတိုင်းအတွက် ဥပမာတစ်ရပ်သဖွယ် စွမ်းဆောင်ပြနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။

လက်ရှိမှာတော့ ရော်နယ်ဒိုနဲ့ ပီယာလိုတို့ရဲ့ ဂျူဗင်တပ်အသင်းဟာ မက်ဆီပါဝင်နေတဲ့ ဘာစီလိုနာ အသင်းနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ တစ်အုပ်စုတည်း ကျရောက်လျက်ရှိနေပြီး ဒါဟာ ရော်နယ်ဒိုနဲ့ မက်ဆီ အတွက်တော့ ပထမဆုံးအကြိမ် အုပ်စုပွဲစဥ်အဖြစ် တွေ့ဆုံရဖို့ ရှိနေတာပါ။

ဂျူဗင်တပ်အသင်းကတော့ ချန်ပီယံလိဂ် ဆုဖလားကို ၁၉၉၆ခုနှစ်က နောက်ဆုံးအကြိမ် ရယူထားနိုင် ပြီး လာမယ့် အောက်တိုဘာ ၂၀ရက်နေ့ ကိဗ်မှာ ကစားရမယ့် ချန်ပီယံလိဂ် အဖွင့်ပွဲကအသာ အရေး အကြီးဆုံး ဖြစ်တယ်လို့လည်း ပီယာလိုက ပြောပါသေးတယ်။

Share

Loading Next Article...
က္က