အေဗရာဟင်မွေးနေ့ကို ဘန်ချီဝဲလ်နဲ့ ဆန်ချိုတို့ တက်ရောက်ခဲ့ကြပါတယ်။
Kyaw Ko Ko Sint

အေဗရာဟင်ရဲ့ မွေးနေ့ပါတီကို လူ ၂၀ခန့် တက်ရောက်ခဲ့ပြီး အစိုးရရဲ့ လူ၆ဦးထက် ပိုမစုရ ကိုဗစ် စည်းမျဥ်းကို ချိုးဖောက်ခဲ့ကြတာပါ။

ပြီးခဲ့တဲ့ စနေနေ့ညက ချဲလ်ဆီးတိုက်စစ်မှူး အေဗရာဟင်ရဲ့ ၂၃နှစ်ပြည့်မွေးနေ့ ပါတီပွဲကို ပြုလုပ်ခဲ့ပြီး အသင်း ဖော်တွေ ဖြစ်တဲ့ ဘန်ချီဝဲလ်နဲ့ ဂျော်ဒန်ဆန်ချိုတို့ သွားရောက် ဂုဏ်ပြုခဲ့ကြတယ်လို့ Daily Mail က ‌ဖော်ပြလာ ပါတယ်။

အဆိုပါ မွေးနေ့ပါတီပွဲမှာ လူ ၂၀ ခန့် တက်ရောက်ခဲ့ကြတယ်လို့ သိရပြီး အစိုးရက ထုတ်ပြန်ထားတဲ့ လူ၆ ဦးထက် ပိုမစုရ ထုတ်ပြန်ချက်ကို ချိုးဖောက်နေတယ်လို့ သိရပြီး အနည်းဆုံး ပေါင် တစ်သောင်းနှင့် အထက် ဒဏ်ရိုက်ခံရဖို့ ရှိနေတယ်လို့လည်း The Sun သတင်းဌာနက ဖော်ပြလာပါတယ်။

ပါတီကျင်းပသူနဲ့ ပါတီပွဲ တက်ရောက်သူအချို့မှာ အင်္ဂလန်လက်ရွေးစင်အဖြစ် လာမယ့် နိုင်ငံတကာ ပြိုင်ပွဲမှာ ပါဝင်ကစားရမယ့်သူတွေ ဖြစ်တာကြောင့်လည်း ပါတီပွဲ လူမှုကွန်ရက်မှာ ပျံ့နှံ့တာနဲ့ ပတ်သက်ကပြီး-“အိမ် ရောက်တော့ ပါတီအသေးလေးတစ်ခု လုပ်ဖို့ စိတ်ကူးခဲ့ပါတယ်၊ဒီပါတီပွဲမှာ ပါဝင်ခဲ့သူ အားလုံးကိုယ်စား စိတ် ရင်းအမှန်နဲ့ တောင်းပန်ချင်ပါတယ်။ဒီလို ထပ်မဖြစ်စေရဘူးလို့လည်း ကတိပေးပါတယ်။”လို့ အေဗရာဟင်က ပရိသတ်တွေနဲ့ တာဝန်ရှိသူ အားလုံးကို တောင်းပန်ခဲ့ပါတယ်။

ဒါဟာ နည်းပြ ဆောက်ဂိတ်အတွက် အသင်းစည်းကမ်း ဖောက်ဖျက်ခဲ့တဲ့ လူငယ်ကစားသမား ဂရင်းဝုဒ် နဲ့ဖိုဒန်တို့ကို အသင်းက ထုတ်ပယ်ခဲ့ရသလို ဂရိမှာ ရန်ဖြစ်ခဲ့တဲ့ နောက်ခံလူ အသင်းခေါင်းဆောင် မက်ဂွဲ ယားကိုလည်း မထည့်သွင်းဖို့ လုပ်ဆောင်နေရချိန်မှာ နောက်ထပ် ခေါင်းခဲစရာ ဖြစ်လာခဲ့ပါပြီ။

ဒါကြောင့် အဆိုပါ အင်္ဂလန် လက်ရွေးစင် ၃ဦးကို ပြစ်ဒဏ်တစ်စုံတစ်ရာ မချမှတ်ခင် နည်းပြဆောက်ဂိတ်က တွေ့ဆုံပြီး စကားပြောဆွေးနွေးမှုတွေ လုပ်ဆောင်သွားမယ်လို့လည်းသိရပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က