အသင်းမှာ ပွဲထွက်နေရသည့်တိုင် ကစားပုံကြောင့် မပျော်မရွှင် ဖြစ်နေတာလို့သိရပါတယ်။

ဂရုဇ်မန်းကို သူအကောင်းဆုံး ကစားနိုင်မယ့် နေရာကို ပေးကစားမယ်ဆိုရင် ပိုကောင်းမယ်လို့ ဒက်စ်ချမ့်က ထောက်ပြခဲ့သလို တောင်ပံမှာဘောလုံးဖြတ်တင်ပေးရမယ့်သူမဟုတ်ပဲ ဘောလုံးကို ထိန်းပြီး လှုပ်ရှားထိုး ဖောက်တတ်တဲ့ ကစားသမားလို့လည်း အသိပေးခဲ့ပါသေးတယ်။

နည်းပြသစ် ရော်နယ်ကိုးလ်မန်းလက်ထက် အသင်းမှာ ပါဝင် ပတ်သက်နေရတာနဲ့ပတ်သက်ပြီး ပြင်သစ် လက်ရွေးစင် ဂရုဇ်မန်းတစ်ယောက် မပျော်မရွှင် ဖြစ်နေတယ်လို့ သိရပါတယ်။



ဒီအကြောင်းကိုတော့ ပြင်သစ်လက်ရွေးစင် နည်းပြ ဒက်စ်ချမ့်က မီဒီယာတွေနဲ့ တွေ့ဆုံစဥ် ပြောသွားခဲ့တာ ဖြစ်တယ်လို့ Goal.com က ဖော်ပြလာပါတယ်။

အသက် ၂၉နှစ်အရွယ် ကမ္ဘာ့ဖလား ချန်ပီယံ ဂရုဇ်မန်းဟာ နည်းပြ ကိုးလ်မန်းလက်ထက်မှာ တိုက်စစ်ကို မက်ဆီ၊ဖာတီတို့နဲ့ တွဲဖက် ကစားနေရသော်လည်း မိမိကစားသမားအနေဖြင့် ကလပ်အသင်းမှာ မပျော်မရွှင် ဖြစ်နေတယ်လို့ ပြင်သစ်လက်ရွေးစင် အသင်း နည်းပြ ဒက်စ်ချမ့်က ဆိုလာတာပါ။

အကြောင်းကတော့ ဂရုဇ်မန်းအနေနဲ့ ဘာစီလိုနာအသင်းရဲ့ တိုက်စစ်ကို ဦးဆောင်ခွင့်တောင်းသော်လည်း နည်းပြ ကိုးလ်မန်းကတော့ တောင်ပံ ကစားသမားအဖြစ်သာ ဆက်လက် အသုံးပြုနေတာကြောင့် ဖြစ်ပါ တယ်။

“လက်ရှိအခြေအနေကို သူမပျော်ဘူးဆိုတာ ကျွန်တော် သေချာ သိနေပါတယ်။သူနဲ့ စကားတွေ ပြောကြား ထားတယ်၊နောက်ပြီး မကြာခင် သူနဲ့လည်း တွေ့ဖို့ ရှိပါတယ်။”လို့ ဒက်စ်ချမ့်က မီဒီယာတွေကို ပြောခဲ့ တာပါ။

ဆက်လက်ပြီးတော့လည်း သူ့အနေနဲ့ ကစားသမားနဲ့ တွေ့ဆုံရာမှာ တစ်ဖက်အသင်းရဲ့ ကစားသမားအသုံးပြု ကို ဝင်ရောက်စွက်ဖက်မှာ မဟုတ်သလို ကစားသမားအနေနဲ့ တိုက်စစ်မှာ ဦးဆောင် ကစားနိုင်တယ်ဆိုတာကို နည်းပြက နားမလည်တာလည်း ဖြစ်‌ကောင်းဖြစ်နိုင်တယ်လို့လည်း ဒက်စ်ချမ့်က ဆက်လက်ဆိုပါတယ်။

“ဂရုဇ်မန်းက တောင်ပံမှာ ဘောလုံးကို ကိုင်ပြီး ဖြတ်တင်ဘောတွေ ပေးတဲ့ ကစားသမားမျိုး မဟုတ်ပါဘူး။သူ က ဘောလုံးကို ကိုင်ပြီး သေချာ လှုပ်ရှားကစားတတ်တဲ့ကစားသမားမျိုးပါ။အခု သူကစားနေရတဲ့ တောင်ပံ ထက် စာလျှင် ကွင်းလယ်မှာ ဘောလုံးကို ပိုကိုင်ကစားစေပြီး အသုံးပြုရင်တောင်ပို အကျိုးရှိနိုင်ပါလိမ့်မယ်။ ကစားသမားတစ်ယောက်ကို သူ အကောင်းဆုံး ကစားနိုင်မယ့် နေရာကို ခွင့်ပြုပေးတာဟာ အကောင်းဆုံး ဖြစ် ပါလိမ့်မယ်။လက်ရှိအချိန်မှာတော့ ဂရုဇ်မန်းအနေနဲ့ အသင်းနဲ့ လိုက်လျောညီထွေ ကစားနိုင်အောင်သာ ကြိုး စားပေးသင့်တယ်။”လို့လည်း ဒက်စ်ချမ့်က ဆက်လက်ဆိုပါတယ်။

ဂရုဇ်မန်းအနေနဲ့ ပြင်သစ်လက်ရွေးစင်အသင်းအတွက် ပွဲပေါင်း ၈၀ ကစားပေးထားနိုင်ပြီး ၃၁ဂိုး သွင်းယူထား နိုင်တဲ့ တိုက်စစ်မှူး တစ်ဦးဖြစ်ပါတယ်။

Share

Loading Next Article...
က္က