၁၃ နှစ်အတွင်းမှာ ကာဗာနီထက် သူတို့နှစ်ဦးသာ လိဂ်ဂိုးပိုများခဲ့တာပါ။
Pyae Phyo Thein

ယူနိုက်တက်အနေနဲ့ ကာဗာနီကို အလွတ်ခေါ်ယူခဲ့တာဖြစ်ပြီး တစ်နှစ်လုပ်ခ ယူရို ၁၁သန်းအထိပေးချေခဲ့ရလို့ တစ်ပတ်လုပ်ခပေါင်နှစ်သိန်းအထိ ကျသင့်မှာလည်းဖြစ်ပါတယ်။


မန်ချက်စတာယူနိုက်တက်အသင်းကို အသစ်ရောက်ရှိလာခဲ့တဲ့ ဥရုဂွေးတိုက်စစ်မှူးကာဗာနီဟာ ပီအက်စ်ဂျီအသင်းရဲ့ ထာဝရဂိုးသွင်းအများဆုံးကစားသမားအဖြစ် ရပ်တည်နိုင်ခဲ့သူဖြစ်ပါတယ်။ ယူနိုက်တက်အနေနဲ့ ကာဗာနီကို အလွတ်ခေါ်ယူခဲ့တာဖြစ်ပြီး တစ်နှစ်လုပ်ခ ယူရို ၁၁သန်းအထိပေးချေခဲ့ရလို့ တစ်ပတ်လုပ်ခပေါင်နှစ်သိန်းအထိ ကျသင့်မှာလည်းဖြစ်ပါတယ်။

အသက် ၃၃ နှစ်အရွယ် တိုက်စစ်မှူးဟာ ပီအက်စ်ဂျီမှာ ၇ နှစ်ကြာကစားပေးခဲ့ပြီး ပြိုင်ပွဲစုံ ၃၀၁ ပွဲမှာ ဂိုးပေါင်း ၂၀၀ အတိ သွင်းယူနိုင်ခဲ့ပါတယ်။ ဥရုဂွေးတိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ရာသီမှာတော့ ပြိုင်ပွဲစုံ ၂၂ပွဲသာကစားထားခဲ့ရပြီး သွင်းဂိုး ၇ ဂိုးသာရရှိခဲ့ကာ ဒါဟာ သူ့ရဲ့ကစားသမားဘဝမှာ ပွဲအနည်းဆုံးကစားခဲ့ရတဲ့ ရာသီနဲ့ ဂိုးအနည်းဆုံးသွင်းယူနိုင်ခဲ့တဲ့ ရာသီဖြစ်ခဲ့ပါတယ်။

ဒါပေမယ့်လည်း Optajoe ရဲ့ မှတ်တမ်းဖော်ပြချက်တွေအရဆိုရင်တော့ ကာဗာနီဟာ ၂၀၀၇ ခုနှစ်က ပါလာမိုအတွက် စတင်ကစားပေးချိန်ကစပြီး လက်ရှိအချိန်ထိ ဥရောပရဲ့ထိပ်တန်းလိဂ်ငါးခုမှာ လိဂ်ဂိုးအများဆုံးသွင်းယူနိုင်တဲ့စာရင်းမှာ တတိယနေရာရောက်ရှိနေပြီး သူ့ထက်သာလွန်သူတွေအဖြစ် မက်ဆီနဲ့ ရော်နယ်ဒိုတို့ နှစ်ဦးသာရှိတယ်လို့ သိရပါတယ်။ 

အဆိုပါကာလအတွင်းမှာ မက်ဆီက ပွဲပေါင်း ၄၅၀ ကစားခဲ့ကာ ၄၃၂ ဂိုး၊ ရော်နယ်ဒိုက ၄၃၃ ပွဲကစားကာ ၄၁၆ ဂိုးအထိရရှိခဲ့ပြီး ကာဗာနီကတော့ ၄၁၃ ပွဲကစားကာ ဂိုးပေါင်း ၂၅၀ အထိ ရရှိခဲ့ပါတယ်။ ဒါဟာ လိဂ်ဂိုးအရေအတွက်တစ်ခုတည်းကိုသာ တွက်ချက်ခဲ့တာဖြစ်ပြီး ပြိုင်ပွဲစုံသွင်းဂိုးတွေကို တွက်ချက်မယ်ဆိုရင်လည်း ကာဗာနီက ထိပ်ဆုံးငါးဦးစာရင်းထဲမှာ ပါဝင်နေသေးကာ အခြားသူနှစ်ဦးကတော့ လီဝန်ဒေါစကီးနဲ့ အဂူရိုတို့ဖြစ်တယ်လို့ သိရပါတယ်။ 


Author


က္က