စပိန်နိုင်ငံရဲ့ အလုပ်သမားဥပဒေပြဌာန်းမှုအရ စာချုပ်ဖျက်သိမ်းဖို့ ခွင့်ပြုပေးရဖို့ ရှိလာနိုင်ပါတယ်။

ကိုဗစ်ကြောင့် မနှစ်ကရာသီမှာ ပေါင် ၈၈သန်းအရှုံးပေါ်ခဲ့တဲ့ ဘာစီလိုနာဟာ ပြီးခဲ့တဲ့ မတ်လတုန်းက လစာ၇၀ ရာခိုင်နှုန်းသာ ပေးချေခဲ့ပြီး အခုလည်း ဘဏ္ဍာရေးဆိုင်ရာ ပြုပြင်မွမ်းမံဖို့ပြုလုပ်ရာမှာ ကစားသမားတွေကို ထပ်မံ လစာလျော့ပေးဖို့ စီစဥ်လာတာပါ။

ကစားသမားမဟုတ်တဲ့ အခြားဝန်ထမ်းတွေကို ဆက်လက် အလုပ်ခန့်အပ်ပေးနိုင်ရေးအတွက် ပြီးခဲ့တဲ့ မတ်လတုန်းက ကစားသမားတွေ လစာ ၇၀ ရာခိုင်နှုန်းသာ ယူခဲ့ကြရပြီး ယခုအခါမှာလည်း ထပ်မံပြီးတော့ လစာ လျော့ယူပေးရဖို့ ရှိနေတယ်လို့ Daily Mailက ဖော်ပြလာပါတယ်။



ယခုတစ်ပတ်အတွင်း ဘာစီလိုနာအသင်းက ဘဏ္ဍာရေး စာရင်းကို ထုတ်ပြန်ကြေညာခဲ့ရာမှာ မနှစ်က ဘောလုံးရာ သီအတွက် စုစုပေါင်း ပေါင် ၈၈သန်း အရှုံးပေါ်ခဲ့တယ်လို့ သိရပါတယ်။

ဒါကြောင့် နောက်တစ်ဖန် လစာလျော့ပေးမယ့် အရေး ထပ်မံ ကြုံတွေ့ရနိုင်ပြီး မရှင်းလင်းတာက အခုလို ကစားသ မားတွေကို လစာလျော့ပေးရာမှာ ကစားသမားတွေဖက်ကိုလည်း စာချုပ်ဖျက်သိမ်းပြီး လွတ်လပ်စွာ အသင်း ပြောင်းခွင့်ပေးမှာလားဆိုတာကတော့ မရှင်းမလင်း ဖြစ်နေတယ်လို့လည်း သိရပါတယ်။

ကလပ်အသင်းအနေနဲ့ ဝန်ထမ်းအားလုံးရဲ့ စာချုပ်ကို ပိုမို သိသိသာသာ ပြုပြင်မွမ်းမံဖို့ ထုတ်ပြန် ချက်မှာ အတိ အကျ ပါရှိနေတာကြောင့် အောင်မြင်ခဲ့ပါက လာမယ့် အပတ်(သို့)လအတွင်းမှာ ကစားသမားနှင့်ကစားသမား မဟုတ်တဲ့ ဝန်ထမ်းအားလုံးကို လစာလျော့ယူဖို့ အစီအစဥ် လုပ်ဆောင်တော့မှာလို့လည်း သိရပါတယ်။

ဒီအချိန်မှာတော့ ကစားသမားတွေဖက်က ကိုယ်စားပြု ဆွေးနွေးမယ့် သူတစ်ဦးတော့ ဘုတ်အဖွဲ့ အစည်းအဝေးမှာ ရှိနေဖို့ လိုပြီး လက်ရှိမှာတော့ အသင်းခေါင်းဆောင် မက်ဆီက နိုင်ငံအသင်းထံ ပြန်လည်ရောက်ရှိနေလို့ ဘယ်သူ ကိုယ်စားပြု ဆွေးနွေးမလဲဆိုတာ အခက်တွေ့နေပါတယ်။

အဓိက ပြဿနာ ဘာရှိလာနိုင်လဲဆိုတော့ အခုလို လစာလျော့ချမှု မလုပ်ခင်မှာ စပိန်အလုပ်သမားများအတွက် ဥပဒေ ပြဌာန်းချက် တွေကို သေချာ သိရှိနိုင်အောင် လုပ်ထားဖို့ ဖြစ်ပါတယ်။

ဘာလို့လဲဆိုတော့ စပိန်နိုင်ငံရဲ့ တရားရေးဆိုင်ရာ သတင်းရင်းမြစ်များအရ အခုလို ဘဏ္ဍာရေးဆိုင်ရာ ပြုပြင်မွမ်းမံ မှုများ ပြုလုပ်မယ်ဆိုရင် ကစားသမား(သို့)ဝန်ထမ်းတွေဟာ သူတို့ရဲ့ စာချုပ်တွေကို ဖျက်သိမ်းရန် တရားဝင် ထုတ်ပြန်ချက် ရှိနေလို့ ဖြစ်ပါတယ်။

ဒါကြောင့် ပြီးခဲ့တဲ့ အစောပိုင်းတုန်းက အသင်းကထွက်မယ်ဆိုပြီး သတင်းကြီးခဲ့တဲ့ မက်ဆီအတွက် အသင်းက ထွက်ခွာဖို့ အကောင်းဆုံး အချိန်ဖြစ်လာတော့မှာလားဆိုတာကလည်း စိတ်ဝင်စားဖို့ ကောင်းပါတယ်။

သူ့ကို ဘာစီလိုနာအသင်းက အနည်းဆုံး ပေါင် သန်း ၆၃၀ ရမှ ‌ရောင်းနိုင်မယ်လို့ သတင်းထုတ်ပြန်ထားပြီး လက် ကျန်စာချုပ်က တစ်နှစ်သာ ရှိတော့ချိန်မှာ ဘာစီလိုနာအသင်းအနေနဲ့ မက်ဆီကို ဘယ်လို ထိန်းသိမ်းမလဲ၊လွှတ် ပေးတော့မှာလားဆိုတာကလည်း စိတ်ဝင်စာဖို့ ကောင်းနေပါပြီ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က