‌ဘေးလ်အပေါ် အမျိုးမျိုး ဝေဖန်နေတာ မမျှတဘူးလို့ မိုဒရစ်က ဆိုလာတာပါ။

ရီးရဲအသင်းနဲ့အတူ ဘေးလ်ဟာ အောင်မြင်တဲ့ ဘောလုံးသမားဖြစ်ပေမယ့်လည်း မီဒီယာနဲ့ပရိသတ်ရဲ့ ချစ်ခင်မှု ကိုတော့ မရခဲ့ဘူးလို့ မိုဒရစ်က ခုခံပြောပေးလာတာပါ။

ရီးရဲအသင်းနဲ့အတူ အောင်မြင်မှု ဆုဖလားပေါင်းများစွာ ပိုင်ဆိုင်ခဲ့သည့်တိုင် ဘေးလ်ကို ပရိသတ်နဲ့ မီဒီယာက ချစ် ခင်မှု မရှိခဲ့ဘူးလို့ အသင်းဖော် မိုဒရစ်က ထွက်ဆို ပြောလာခဲ့ပါတယ်။



ဘေးလ်အနေနဲ့ ရီးရဲအသင်းမှာရှိစဥ် အဝတ်လဲခန်းအတွင်း ပြဿနာ တစ်စုံတစ်ရာ မရှိခဲ့ဖူးသလို ပရိသတ်တွေ အနေနဲ့လည်း ဘေးလ်ရဲ့ အသင်းအတွက် အောင်မြင်အောင် စွမ်းဆောင်ပေးခဲ့မှုတွေအပေါ် သတိရစေချင်တယ် လို့ လူကာမိုဒရစ်က ဆိုပါတယ်။

“ကျွန်တော့်ရဲ့ ပရော်ဖက်ရှင်နယ်ဘဝ အတော်များများသူနဲ့ အတူ ရှိနေခဲ့တာပါ။သူက တမူထူးခြားတဲ့ ကစား သမားပါ။နောက်ပြီး ကျွန်တော့်လိုပဲ ရီးရဲမှာ အတူတူ အောင်မြင်မှုတွေ ရရှိခဲ့သူပါ။သူနဲ့ ပတ်သက်ပြီး မှတ်ချက် အမျိုးမျိုးတွေ ပေးနေကြတာ မမျှတဘူးလို့ ခံစားရပါတယ်။သူ့လိုကစားသမားမျိုးကို ကလပ်အသင်းနဲ့ ပရိသတ် တွေ သတိရနေသင့်တာပါ။သူ့ရဲ့ အောမြင်မှုတွေကိုပဲ အရင်ရေတွက်ကြည့်ပါဦး။နောက်ပြီး အဝတ်လဲခန်းအတွင်း လည်း ဘယ်တုန်းကမှ ပြဿနာမရှိခဲ့ဖူးဘူး။သူဟာ ပျော်ပျော်နေတတ်ပြီး ကျွန်တော်တို့ကို အမြဲစနောက်နေတတ် သူပါ။”လို့ မိုဒရစ်က COPE မီဒီယာကို ပြောခဲ့တာပါ။

ဘေးလ်ဟာ အခုချိန်မှာ ရီးရဲအသင်းကနေ အသင်းဟောင်း စပါးအသင်းထံ ပြန်လည်ပြောင်းရွှေ့လာခဲ့ပြီ ဖြစ်ပြီး ရီးရဲမှာရှိစဥ် ချန်ပီယံလိဂ် ၄ကြိမ်၊လာလီဂါ ၂ကြိမ်နဲ့ကိုပါဒယ်ရေး တစ်ကြိမ် ဆွတ်ခူးနိုင်ခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က