ပြင်သစ်သမိုင်းမှာ ဒုတိယမြောက်ဂိုးအများဆုံးသွင်းသူဖြစ်လာပါတယ်။
Pyae Phyo Thein

ယူကရိန်းနဲ့ပွဲဟာ လက်ရွေးစင်ကစားသမားဘဝ ပွဲပေါင်း ၁၀၀ ပြည့်မြောက်ခဲ့တဲ့ပွဲဖြစ်ခဲ့လို့ ဂီရော့ဒ်အတွက် ပိုမိုစိတ်ကျေနပ်ဖွယ်ရာဖြစ်လာခဲ့ပါတယ်။ 


ပြင်သစ်က ယူကရိန်းကို ၇-၁ နဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲမှာတော့ အနိုင်ဂိုး ၂ဂိုးသွင်းယူခဲ့တဲ့ ဂီရော့ဒ်ဟာ ပြင်သစ်သမိုင်းမှာ ဂိုးသွင်းအများဆုံးကစားသမား အဆင့် ၂နေရာကိုရောက်ရှိသွားခဲ့ပြီဖြစ်ပါတယ်။ ယူကရိန်းနဲ့ပွဲဟာ လက်ရွေးစင်ကစားသမားဘဝ ပွဲပေါင်း ၁၀၀ ပြည့်မြောက်ခဲ့တဲ့ပွဲဖြစ်ခဲ့လို့ ဂီရော့ဒ်အတွက် ပိုမိုစိတ်ကျေနပ်ဖွယ်ရာဖြစ်လာခဲ့ပါတယ်။ 

ဂီရော့ဒ်ဟာ ပြင်သစ်အတွက် စုစုပေါင်း ၄၂ ဂိုးအထိ ရရှိသွားခဲ့ပြီဖြစ်ကာ ဂန္ထဝင်ကစားသမားကြီးပလာတီနီရဲ့ ၄၁ ဂိုးစံချိန်ကို ကျော်ဖြတ်နိုင်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် လက်ရှိမှာ သူ့ထက် ဂိုးပိုသွင်းထားသူအဖြစ် နာမည်ကျော်တိုက်စစ်မှူးဟောင်း အွန်နရီတစ်ဦးတည်းသာ ရှိတော့ပြီး အွန်နရီက ၅၁ ဂိုးအထိ ရရှိထားကာ ပွဲပေါင်း ၁၂၃ ပွဲအထိ ကစားပေးခဲ့သူဖြစ်ပါတယ်။ 

ချယ်လ်ဆီးမှာ အရန်ကစားသမားအဖြစ်နဲ့သာ ရှိနေခဲ့ပေမယ့် ဂီရော့ဒ်ကို ပြင်သစ်နည်းပြဒက်ချမ့်က ရွေးချယ်မှုပြုလုပ်ခဲ့ပြီး တိုက်စစ်ပိုင်းမှာ ပွဲထွက်နေရာပေးခဲ့ပါတယ်။ ဒက်ချမ့်ရဲ့ စိတ်ကြိုက်အဖြစ်ဆုံးကစားသမားတွေထဲက တစ်ဦးအဖြစ် ဂီရော့ဒ်က ရပ်တည်နေသူဖြစ်ပြီး ကမ္ဘာ့ဖလားဆွတ်ခူးခဲ့ရာမှာလည်း ပွဲတိုင်းပါဝင်ကစားခွင့်ရခဲ့ကာ ဒက်ချမ့်ရဲ့ တိုက်စစ်ဗျူဟာမှာ အရေးပါတဲ့သူဖြစ်ခဲ့ပါတယ်။ 

ပြင်သစ်အတွက် သွင်းဂိုးတွေကိုတော့ လူငယ်ကြယ်ပွင့်ကာမာဗင်ဂါက ၂ဂိုး၊ တိုလစ်ဆို၊ ဘတ်ပီ၊ ဂရစ်မန်းတို့က တစ်ဂိုးစီသွင်းယူပေးခဲ့ပြီး ယူကရိန်းဘက်က ကိုယ့်ဂိုးကိုယ်တစ်ဂိုးသွင်းယူခဲ့ပါတယ်။ ဂီရော့ဒ်အနေနဲ့ အခုလိုခြေစွမ်းပြခဲ့မှုက ချယ်လ်ဆီးမှာ အေဘရာဟမ်၊ တီမိုဝါနာတို့ ခြေစွမ်းမပြနိုင်ချိန်မှာ လမ်းပတ်အတွက်တော့ သတိထားချင်စရာဖြစ်လာခဲ့ပြီး လာမယ့်ပွဲတွေမှာ သူ့ကိုအသုံးပြုသွားမလား စောင့်ကြည့်ရတော့မှာပါ။ 


Author


က္က