မိုဒရစ်ရရှိခဲ့တဲ့ ဘလွန်းဒီအောဆုနဲ့ ပတ်သက်ပြီးဖြစ်ခဲ့တာပါ။
Pyae Phyo Thein

၂၀၁၈ ဘလွန်းဒီအော်ဆုပေးပွဲမှာ ဖြစ်ပျက်ခဲ့တဲ့ကိစ္စကြောင့် စကားမပြောခဲ့တာ ၂နှစ်အကြာမှာ ပထမဆုံးအကြိမ် ပြန်လည်သင့်မြတ်ခဲ့တာလည်းဖြစ်ပါတယ်။ 


မနေ့က ကစားခဲ့တဲ့ ပေါ်တူဂီ နဲ့ စပိန်တို့ရဲ့ ပွဲစဉ်အပြီးမှာတော့ ရီးရဲလ်အသင်းဖော်ဟောင်းတွေဖြစ်တဲ့ ရော်နယ်ဒိုနဲ့ ရာမို့စ်ဟာ အဝတ်လဲခန်းအတွင်းတွေ့ဆုံခဲ့ကြပြီး စကားပြောဆိုခဲ့ကြတယ်လို့ သိရပါတယ်။ ဒါဟာ ၂၀၁၈ ဘလွန်းဒီအော်ဆုပေးပွဲမှာ ဖြစ်ပျက်ခဲ့တဲ့ကိစ္စကြောင့် စကားမပြောခဲ့တာ ၂နှစ်အကြာမှာ ပထမဆုံးအကြိမ် ပြန်လည်သင့်မြတ်ခဲ့တာလည်းဖြစ်ပါတယ်။ 

စပိန်သတင်းစာ Marca က ရော်နယ်ဒိုနဲ့ ရာမို့စ်တို့ဟာ ရော်နယ်ဒိုက ဂျူဗီကို ပြောင်းရွှေ့ပြီးကတည်းက အဆက်အသွယ်ကင်းမဲ့နေခဲတယ်လို့ ဖော်ပြခဲ့ပါတယ်။ ၂၀၁၈ မှာ လူကာမိုဒရစ်က ဘလွန်းဒီအောဆုကို ရရှိခဲ့ပြီး ဒီအပေါ်မှာ ရော်နယ်ဒိုရဲ့ တုံ့ပြန်မှုတွေအပေါ် ရာမို့စ်က စိတ်တိုနေခဲ့ပြီး သူတို့နှစ်ဦးကြားဆက်ဆံရေးက အေးစက်ခဲ့ပြီး ၂နှစ်အထိ ကြာမြင့်သွားခဲ့တာဖြစ်ပါတယ်။ 

မနေ့ပွဲမှာတော့ ဂိုးမရှိသရေကျခဲ့ကြပြီး ပွဲအပြီးမှာ ရာမို့စ်က ရော်နယ်ဒိုနဲ့ ပီပီတို့ကို သွားရောက်နှုတ်ဆက်ခဲ့ပြီး အသင်းဖော်ဟောင်းတွေက အမှတ်တရဓာတ်ပုံရိုက်ကူးခဲ့ကြပါတယ်။ ရော်နယ်ဒိုဟာ ရာမို့စ်အပေါ်ကို လေးစားမှုအပြည့်ရှိနေဆဲလို့ သိရပြီးတော့ သူငယ်ချင်းတွေ ပြန်လည်ဆုံတွေ့ခဲ့ကြတဲ့ ပွဲလို့လည်း ဓာတ်ပုံကို ဖော်ပြခဲ့ရာမှာ ရေးသားသွားခဲ့တာကိုလည်း တွေ့ခဲ့ရပါတယ်။ 

ရော်နယ်ဒိုဟာ ရာမို့စ်ကို သူ့ရဲ့ပေါ်တူဂီဂျာစီကို လက်ဆောင်ပေးခဲ့ပြီး နှစ်ဦးသားအပြုံးကိုယ်စီနဲ့ ရှိနေခဲ့ကြပါတယ်။ သူတို့နှစ်ဦးဟာ ဘာနေဗျူးမှာ ၉ နှစ်ကြာအောင် အသင်းဖော်တွေအဖြစ်ရှိနေခဲ့ကြပြီး ရော်နယ်ဒိုရဲ့ အရင်းနှှီးဆုံးအသင်းဖော်တွေထဲမှာ ရာမို့စ်ကလည်း တစ်ဦးအပါအဝင် ဖြစ်ခဲ့ပြီး ရာမို့စ်ကတော့ အသင်းခေါင်းဆောင်ပီပီ ရော်နယ်ဒိုအပေါ်ကို သြဇာအရ လွှမ်းမိုးမှုအနည်းရှိခဲ့ပါတယ်။ 


ဘလွန်းဒီအောဆုကို မိုဒရစ်ရရှိခဲ့ပြီးနောက် ရော်နယ်ဒိုက "ကျွန်တော်စိတ်ပျက်ရပါတယ်၊ ကွင်းထဲမှာ ဒီဆုရဖို့ ကျွန်တော်အားလုံးလုပ်နိုင်ခဲ့တယ်၊ ကိန်းဂဏန်းတွေက လိမ်လို့မရပါဘူး၊ ဒါပေမယ့်လည်း အနိုင်မရဘူးဆို ကျွန်တော်နည်းနည်းမှမပျော်ရွှင်ပါဘူး၊ မိုဒရစ်ကို ဂုဏ်ပြုပါတယ်၊ ဒါပေမယ့် နောက်နှစ်မှာတော့ ကျွန်တော်တို့ ထပ်ဆုံကြဦးမှာပါ၊ ကျွန်တော် ဒီဆုရဖို့ နောက်တစ်ကြိမ် အရာအားလုံးကိုလုပ်သွားဦးမှာပါ၊ အိမ်ပြန်ပြီး ငိုနေမယ်ထင်လို့လား" လို့ ပြောဆိုခဲ့ဖူးတာဖြစ်ပါတယ်။ 


Author


က္က