စည်းကမ်းချိုးဖောက်ခဲ့လို့ ဆောက်ဂိတ်က ချန်လှပ်ခဲ့တာပါ။
Pyae Phyo Thein

အေဘရာဟမ်ရဲ့ အသက် ၂၃နှစ်ပြည့်မွေးနေ့ပါတီကို ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ညနေက ဆင်နွှဲခဲ့ကြတာဖြစ်ပြီး ဧည့်သည်ပေါင်း ၂ဝဦးအထိ တက်ရောက်ခဲ့ကာ ကူးစက်ရောဂါဖြစ်ပွားနေတဲ့ ကာလအတွင်း ချမှတ်ထားတဲ့ စည်းကမ်းတွေကို ချိုးဖောက်ခဲ့တာဖြစ်ပါတယ်။


ကိုရိုနာဗိုင်းရပ်စ်ကြောင့် ချမှတ်ထားတဲ့ စည်းမျဉ်း၊စည်းကမ်းတွေကို ဖောက်ဖျက်ခဲ့တဲ့ ချီဝဲလ်၊ ဆန်ချို နဲ့ အေဘရာဟမ်တို့ဟာ ဝေးလ်နဲ့ကစားမယ့် ခြေစမ်းပွဲမှာ အင်္ဂလန်အတွက် ပါဝင်မှာမဟုတ်ဘူးလို့ နည်းပြဆောက်ဂိတ်က အတည်ပြုသွားခဲ့ပါတယ်။ ချယ်လ်ဆီးကစားသမားနှစ်ဦးနဲ့ ဆန်ချိုတို့ဟာ မွေးနေ့ပွဲကို အတူတူဆင်နွှဲခဲ့ကြတာလည်းဖြစ်ပါတယ်။

အေဘရာဟမ်ရဲ့ အသက် ၂၃နှစ်ပြည့်မွေးနေ့ပါတီကို ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ညနေက ဆင်နွှဲခဲ့ကြတာဖြစ်ပြီး ဧည့်သည်ပေါင်း ၂ဝဦးအထိ တက်ရောက်ခဲ့ကာ ကူးစက်ရောဂါဖြစ်ပွားနေတဲ့ ကာလအတွင်း ချမှတ်ထားတဲ့ စည်းကမ်းတွေကို ချိုးဖောက်ခဲ့တာဖြစ်ပါတယ်။ ဒီအတွက် အေဘရာဟမ်က နောက်ပိုင်းမှာ တောင်းပန်စကားဆိုခဲ့ပြီး နောင်တကြီးစွာရမိတယ်လို့ ဖွင့်ဟခဲ့ပါတယ်။ 

ဆန်ချိုကလည်း သူ့ရဲ့အင်စတာဂရမ်ကတဆင့် နောင်တစကားဆိုခဲ့ပြီး ဒီအတွက် သူ့မှာ အပြည့်အဝတာဝန်ရှိကြောင်းနဲ့ ဒီဖြစ်ရပ်ကနေ သင်ယူသွားမယ်လို့ ဆိုခဲ့ပါတယ်။ ဒါဟာ ဂရင်းဝုဒ် နဲ့ ဖိုဒန်တို့ အိုက်စလန်မှာ ဖြစ်ပွားခဲ့တဲ့ အဖြစ်အပျက်အပြီး ဆောက်ဂိတ်အတွက် ဒေါသထွက်စရာလုပ်ရပ်ဖြစ်ခဲ့ပြီး အသင်းလူစာရင်းကနေ သူတို့သုံးဦးကို ချန်လှပ်ခဲ့ပြိလည်းဖြစ်ပါတယ်။ 

"သူတို့အမှားလုပ်ခဲ့တယ်ဆိုတာကို လက်ခံခဲ့ကြပြီလို့ ထင်ပါတယ်၊ သူတို့က တားမြစ်ထားတဲ့စည်းကမ်းချက်တွေကို ချိုးဖောက်ခဲ့ကြပါတယ်၊ အသင်းနဲ့အတူ လေ့ကျင့်စခန်းမှာမရှိချိန် ဒီလိုမျိုးတွေအတွက် ဂရုစိုက်ရမှာပါ၊ ကိုဗစ်လမ်းညွှန်ချက်တွေနဲ့ ပတ်သက်ပြီး ကျွန်တော်တို့အသင်းမှာ ပြသနာတွေရှိနေပါတယ်၊ အသင်းနဲ့ပူးပေါင်းမယ့်ကစားသမားတိုင်းကို တတ်နိုင်သလောက် အန္တရာယ်ကင်းဝေးအောင် လုပ်ရမှာပါ"


"ကစားသမားတွေကို စောင့်ကြည့်မှုတွေ ကျွန်တော်တို့လုပ်နေပြီး ဒီနေ့နဲ့ မနက်ဖြန်မှာ ဆေးစစ်မှုတွေလုပ်သွားမှာပါ၊ အခြားလက္ခဏာတွေကိုလည်း စောင့်ကြည့်စစ်ဆေးနေပြီး သူတို့သုံးဦးကတော့ ဝေးလ်နဲ့ပွဲကို လွဲချော်မှာ သေချာပါတယ်" လို့ ဆောက်ဂိတ်က ပြောဆိုခဲ့ကြောင်း Goal.com က ဖော်ပြခဲ့ပါတယ်။ 



Author


က္က