အငှားပြောင်းရွှေ့မှု စရိတ်ကိုတော့ ဖော်ပြခြင်း မရှိပါဘူး။

အပြီးသတ် ခေါ်ယူဖို့ အစီအစဥ် မရှိပေမယ့်လည်း ခြေစွမ်းကို ကြိုက်နှစ်သက်ပါက နှစ်ရှည် အငှားမျိုး ခေါ်ယူ သွားဖို့ ရှိတယ်လို့ သိရပါတယ်။

အာဆင်နယ်အသင်းက အငှားခေါ်ယူထားတဲ့ ဥရုဂွေး ကွင်းလယ်လူ တော်ရဲရားကို အက်သလက်တီကို မက်ဒရစ် အသင်းအနေနဲ့ အပြီးသတ် စာချုပ်ချုပ်ဆို ခေါ်ယူဖို့ အစီအစဥ် မရှိဘူးလို့ သိရပါတယ်။



အာဆင်နယ်အသင်းက အက်သလက်တီကိုအသင်းရဲ့ ကွင်းလယ်လူ သောမတ်စ်ပါတေးကို ပြောင်းရွှေ့ကြေး ပေါင် ၄၅.၃သန်းနဲ့ ခေါ်ယူလိုက်ချိန်မှာ အက်သလက်တီကိုအသင်းကလည်း အာဆင်နယ်အသင်းရဲ့ ကွင်းလယ်လူ တော် ရဲရားကို အငှားပြန်လည်ခေါ်ယူခဲ့တာပါ။

အက်သလက်အနေနဲ့ တော်ရဲရားကို အပြီးသတ် ခေါ်ယူဖို့ အစီအစဥ် မရှိဘူး ဆိုပေမယ့်လည်း ခြေစွမ်းကို ကြိုက် နှစ်သက်ပါက ကာလရှည် အငှားစာချုပ်ကိုတော့ ထပ်မံ ချုပ်ဆိုဖို့ ရှိတယ်လို့လည်း တော်ရဲရားရဲ့ အေးဂျင့်ဖြစ်သူရဲ့ ပြောဆိုချက်အရ သိရပါတယ်။

တော်ရဲရားအနေနဲ့ အက်သလက်ကို အငှားနဲ့သာ သွားကစားရချိန်မှာ ရိုးမား၊ဖီအိုရင်တီးနားနဲ့ လာဇီယိုအသင်းတို့ ကလည်း ခေါ်ယူဖို့ ကမ်းလှမ်းခဲ့ပေမယ့် တော်ရဲရားကတော့ အက်သလက်တီကိုမက်ဒရစ်အသင်းကိုသာ ရွေးချယ် ခဲ့တာလို့သိရပါတယ်။

တော်ရဲရားအနေနဲ့ အက်သလက်တီကို အသင်းကို ရောက်ရှိသွားတဲ့အတွက် ချန်ပီယံလိဂ် ပြိုင်ပွဲကို ကစားခွင့်ရရှိ ဖို့ ရှိနေပါတယ်။

Share

Loading Next Article...
က္က