ပါတေးကို အာဆင်နယ်အသင်းက ယခုနှစ်မှ ခေါ်ယူနိုင်ခဲ့တာပါ။
Kyaw Ko Ko Sint

အာဆင်နယ်အသင်းဟာ ၂၀၁၆-၁၇ ဘောလုံးရာသီက ချန်ပီယံလိဂ် ပြိုင်ပွဲကို နောက်ဆုံး ပါဝင်ယှဥ်ပြိုင်ခွင့်ရရှိ ထားခဲ့တာပါ။

လာမယ့်ရာသီမှာ အာဆင်နယ်အသင်းအနေနဲ့ ဝေးကွာနေတဲ့ ချန်ပီယံလိဂ် ပြိုင်ပွဲ ဝင်ခွင့် ပြန်လည်ရရှိအောင် မိမိရဲ့ သားဖြစ်သူ သောမတ်စ်ပါတေးက အကောင်းဆုံး ပံ့ပိုးပေးနိုင်လိမ့်မယ်လို့ ဖခင်ဖြစ်သူက ယုံကြည်နေပါတယ်။

ပါတေးကတော့ အာဆင်နယ်အသင်းကို အက်သလက်တီကိုအသင်းထံကနေ ပြောင်းရွှေ့ကြေး ပေါင် ၄၅.၃သန်းနဲ့ ယခု အပြောင်းအရွှေ့ကာလမှ ရောက်ရှိလာသူပါ။

ချန်ပီယံလိဂ် ပြိုင်ပွဲကို အာဆင်နယ်အသင်း ဝေးကွာနေတဲ့ နှစ်အနည်းငယ်ရှိနေပြီ ဖြစ်ပြီး ပရီးမီးယားလိဂ်ရဲ့ ကြီး ၆ကြီး စာရင်းမှာလည်း လက်စတာတို့ အဲဗာတန်တို့က ထပ်မံ ခြိမ်းခြောက်လာနေပါတယ်။

ဒါပေမယ့်လည်း ပါတေးရဲ့ ဖခင်ဖြစ်သူ ဂျာကော့ဗ်ကတော့ သူ့သား ပါတေးအနေနဲ့ ၂၀၁၆-၁၇ ဘောလုံးရာသီ နောက်ပိုင်း အာဆင်နယ်အသင်းရဲ့ ဝေးကွာနေတဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲဆီကို ပြန်လည်ခေါ်ဆောင်ပေးနိုင်မယ် လို့ ယုံကြည်ထားပါတယ်။

ဆက်လက်ပြီးတော့လည်း အာဆင်နယ်အသင်းအနေနဲ့ ပရီးမီးယားလိဂ်မှာ အဆင့် ၁ မှ ၄အတွင်း ဝင်နိုင်သလို ယူရိုပါလိဂ် ဆုဖလားကိုလည်း ဆွတ်ခူးနိုင်ဖို့အထိ ရှိတယ်လို့ ဆိုပါသေးတယ်။

ပါတေးအနေနဲ့ ယခုနှစ်မှာ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိထားတဲ့ အက်သလက်တီကိုအသင်းထံကနေ အာဆင်နယ် အသင်းထံ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပြီး ယခုနှစ်မှာ အက်သလက်ကို ချန်ပီယံလိဂ် ဝင်ခွင့်ရအောင် စွမ်းဆောင်ပေး ခဲ့သလိုမျိုး အာဆင်နယ်ကိုလည်း အလားတူ စွမ်းဆောင်ပေးနိုင်မယ်လို့ ယုံကြည်နေတာပါ။

“ပါတေး ချန်ပီယံလိဂ်မှာ ကစားတာကို စိတ်မဝင်စားဘူး၊သူ့အနေနဲ့ အသင်းသစ်နဲ့အတူ မှတ်တမ်းအသစ်ရေးထိုး နိုင်ဖို့ ကြိုးစားသင့်ပါတယ်။လာမယ့်နှစ်မှာတော့ အာဆင်နယ်အသင်းချန်ပီယံလိဂ် ဝင်ခွင့်ရတာကို စောင့်ကြည့် နေပါမယ်။”လို့ ပါတေးရဲ့ ဖခင်က ဆိုပါတယ်။

အင်္ဂလန်မှာ ပါတေး အတွက် စိုးရိမ်မှုအလျင်းမရှိသလို ကစားသမားတစ်ယောက်အတွက် အချိန်တစ်ခုမှာ ပြောင်းလဲမှုတွေ ကြုံရစမြဲဖြစ်ပြီး ပါတေးအနေနဲ့လည်း အာဆင်နယ်အသင်းအတွက် နှလုံးသားနဲ့ ရင်းပြီး ကစားပေးလိမ့်မယ်လို့ ဆိုပါသေးတယ်။


Author


က္က