စုစုပေါင်း ကစားသမား ၂၈ယောက်စာရင်း ထုတ်ပြန်ပေးလာပါတယ်။
Kyaw Ko Ko Sint

အောက်တိုဘာ ၂၀မှာ စတင်ကစားရမယ့် ပီအက်စ်ဂျီနဲ့ ပွဲစဥ်ကိုတော့ တိုက်စစ်မှူး ကာဗာနီ ပါဝင်ဖို့ မဖြစ်နိုင် သေးပါဘူး။


ချန်ပီယံလိဂ် အုပ်စုပွဲစဥ်တွေ ကစားဖို့ ယူနိုက်တက်အသင်းရဲ့ လူစာရင်းကို ထုတ်ပြန်ခဲ့ရာမှာတော့ ကစားသမား သစ်တွေဖြစ်ကြတဲ့ ကာဗာနီ၊တဲလက်စ်နဲ့ဗန်ဒီဘိခ်တို့ ပါဝင်လာခဲ့ပေမယ့် နောက်ခံလူ ဂျုံးစ်၊ရိုဂျိုနဲ့ဂိုးသမား ရိုမီယို တို့ ချန်လှပ်ခံခဲ့ရပါတယ်။



နည်းပြ ဆိုးလ်ရှား အနေနဲ့ ချန်ပီယံလိဂ် အုပ်စုအဆင့် ပွဲစဥ်တွေအတွက် လူစာရင်း ၂၈ယောက်ကို စာရင်းထုတ်ပြန် ပေးခဲ့တာပါ။

လာမယ့်အောက်တိုဘာ ၂၀မှာ ပီအက်စ်ဂျီအသင်းနဲ့ အဝေးကွင်းစတင်ကစားရမှာ ဖြစ်ပေမယ့်လည်း အသစ်ခေါ်ယူ ထားတဲ့ ကစားသမားတွေအနေနဲ့ ပါဝင်ဖို့ ဖြစ်နိုင်မှာ မဟုတ်သေးပါဘူး။

အကြောင်းကတော့ ဗြိတိန်ရဲ့ ဥပဒေအရ ပြည်ပ နိုင်ငံက ဝင်လာသူတိုင်း မဖြစ်မနေ ကွာရန်တင်း ၁၄ရက် နေထိုင်ရမှာ ဖြစ်တာကြောင့် ဖြစ်ပါတယ်။

ယူနိုက်တက်အသင်း ထုတ်ပြန်တဲ့ လူစာရင်းမှာတော့ ဂိုးသမား - ဒီဂီယာ၊ဟန်ဒါဆင်၊လီဂန့်တို့ ဖြစ်ပြီး နောက်တန်း အဖြစ် - ဘိုင်လီ၊မန်ဆာလင်ဒီလော့ဖ်၊မက်ဂွဲယား၊လုခ်ရှော၊အဲလက်စ်တဲလက်စ်၊သူအန်ဇီဘီ၊ဝန်ဘစ်ဆာကာတို့ပါ ဝင်လာပါတယ်။

အလယ်တန်းလူများအဖြစ် - ဖာနန်ဒက်စ်၊ဖရက်ဒ်၊ဂျိမ်း၊လင်ဂတ်၊မာတာ၊မာတစ်၊မက်ခ်တိုမီနေး၊ပယ်လစ်စထရီ၊ ပေါ့ဂ်ဘာနှင့်ဗန်ဒီဘိခ်တို့ ဖြစ်ပါတယ်။

တိုက်စစ်မှာတော့ အသစ်ခေါ်ယူထားတဲ့ ကာဗာနီ၊အီဂါလို၊မာရှယ်နဲ့ရက်ရှ်ဖို့ဒ်တို့ ပါဝင်လာပါတယ်။


Author


က္က