ဂျာစီအပါအဝင် အခြားသေးငယ်တဲ့ အသုံးအဆောင်အချို့ပဲ ခိုးယူခံရတယ်လို့လည်း သိရပါတယ်။

ရော်နယ်ဒိုရဲ့ နေအိမ်က ၇ထပ်ရှိပြီး ဖောက်ထွင်းသူမှာ ကားဂိုဒေါင်ဖက်ခြမ်းကနေ ဝင်ရောက်လာခဲ့တာလို့ စီစီတီဗွီ မှတ်တမ်းတွေအရသိရပြီး ဖမ်းဆီးရမိခြင်းတော့ မရှိသေးဘူးလို့ သိရပါတယ်။

မန်ဒီရာမှာရှိတဲ့ ရော်နယ်ဒိုရဲ့ ၇ထပ်တိုက်အတွင်း သူခိုး ဝင်ခိုးခဲ့တယ်လို့ သိရပြီး ရဲတပ်ဖွဲ့က စုံစမ်း လျက်ရှိနေပါတယ်။



ရော်နယ်ဒိုအနေနဲ့ နိုင်ငံလက်ရွေးစင်အသင်းနဲ့အတူ တာဝန်ကျနေစဥ် အိမ်ဝန်းရဲ့ ကားဂိုဒေါင်ဖက်ခြမ်းကနေ သူခိုး ကဝင်ရောက်လာခဲ့တာလို့ စစ်ဆေးသိရပါတယ်။

ဒီလို အိမ်ကို သူခိုးကပ်ခံရတာကိုတော့ ရော်နယ်ဒိုရဲ့ မိသားစုဝင်တစ်ဦးက ပြောပြလာတာဖြစ်ပြီး ရော်နယ်ဒို က တော့ ဗုဒ္ဓဟူးနေ့ညမှာ စပိန်နဲ့ ဘောလုံးပွဲရှိလို့ ပေါ်တူဂီအသင်းနဲ့ ပူးပေါင်းနေတယ်လို့ သိရပါတယ်။

သူခိုးကပ်ခဲ့ပေမယ့်လည်း ရော်နယ်ဒိုရဲ့ ၇ထပ်မျှ မြင့်တဲ့ အိမ်ထဲကနေ တန်ဖိုးကြီးကြီးမားမား ပစ္စည်းတွေ ခိုးယူသွား ခဲ့ခြင်း မရှိပဲ ရော်နယ်ဒို လက်မှတ်ပါဝင်တဲ့ ပေါင် ၁၈၀တန် ဂျူဗင်တပ် ဂျာစီအပါအဝင် အခြား သေးငယ်တဲ့ ပစ္စည်း အချို့သာ ခိုးယူသွားတယ်လို့လည်း သိရပါတယ်။

လက်ရှိမှာတော့ အိမ်ဝန်းအတွင်းထားရှိထားတဲ့ စီစီတီဗွီ မှတ်တမ်းတွေအရ သူခိုးရဲ့ ရုပ်ပုံကို မှတ်တမ်းရရှိထားပြီ ဖြစ်ပြီး ဖမ်းဆီးရမိနိုင်ရေး လုပ်ဆောင်နေပြီလို့လည်း သိရပါတယ်။

သူခိုးဝင်ခိုးစဥ် နေအိမ်အတွင်း မည်သူမည်ဝါရှိနေခဲ့သေးလဲဆိုတာလည်း တိတိကျကျ မသိရသေးသလို အဆိုပါ အချိန်မှာလည်း ရော်နယ်ဒိုရဲ့ အတူနေချစ်သူ ဂျော်ဂျီယာလည်း ပါရိဖက်ရှင်ရက်သတ္တပတ်ကြောင့် အပြင်ရောက် နေတယ်လို့ သိရပါတယ်။

ယခုနှစ် အစောပိုင်းတုန်းက ကိုဗစ် သံသယကြောင့် ရော်နယ်ဒိုနဲ့ သူ့ရဲ့ အတူနေချစ်သူအပါအဝင် ကလေးငယ် တွေဟာ နေအိမ်ရဲ့ အမြင့် ဆုံး ၂လွှာမှာ သီးသန့် နေထိုင်ခဲ့ရပါသေးတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က