တစ်လုံးတည်းသော အနိုင်ဂိုးဖြစ်ခဲ့ပါတယ်။
Pyae Phyo Thein

မက်ဆီ၊ မာတီနက်ဇ်၊ အိုကမ်ပို့စ်တို့ ပါဝင်တဲ့ အာဂျင်တီးနားတိုက်စစ်ပိုင်းဟာ ကောင်းကောင်းအလုပ်မဖြစ်ခဲ့ဘဲ အနည်းငယရုန်းကန်ခဲ့ရပါတယ်။


ဒီနေ့မနက်ပိုင်းက ကစားခဲ့တဲ့ တောင်အမေရိကဇုန်ကမ္ဘာ့ဖလားခြေစစ်ပွဲအဖွင့်ပွဲမှာတော့ အာဂျင်တီးနားအသင်းဟာ မက်ဆီရဲ့ ပယ်နယ်တီသွင်းဂိုးတစ်ဂိုးတည်းနဲ့ အီကွေဒေါကို အနိုင်ရရှိသွားခဲ့ပါတယ်။ မက်ဆီ၊ မာတီနက်ဇ်၊ အိုကမ်ပို့စ်တို့ ပါဝင်တဲ့ အာဂျင်တီးနားတိုက်စစ်ပိုင်းဟာ ကောင်းကောင်းအလုပ်မဖြစ်ခဲ့ဘဲ အနည်းငယရုန်းကန်ခဲ့ရပါတယ်။

ပွဲကစားချိန် ၁၃ မိနစ်မှာ ရရှိခဲ့တဲ့ ပယ်နယ်တီကို မက်ဆီက ကန်သွင်းရယူပြီး တစ်လုံးတည်းသောအနိုင်ဂိုးဖြစ်ခဲ့ပါတယ်။ ကျန်ပွဲချိန်တွေမှာ အာဂျင်တီးနားက ဂိုးပေါက်တည့်မှု ၂ကြိမ်သာရှိခဲ့ပြီးတော့ တိုက်စစ်ပိုင်းက လိုအပ်ချက်တွေရှိနေခဲ့တယ်ဆိုတာကို ပြသခဲ့ပြီး နည်းပြစကာလိုနီအတွက်တော့ အသင်းကို ပြင်ဆင်စရာတွေအများကြီးရှိနေပြီဖြစ်ပါတယ်။ 


ဘောလုံးပိုင်ဆိုင်မှုအသာစီးရရှိခဲ့ပေမယ့် တိုက်စစ်ကို ပံ့ပိုးနိုင်မှုအားနည်းနေခဲ့ပြီး ကလပ်အသင်းတွေမှာ ခြေစွမ်းပြနေတဲ့ မာတီနက်ဇ် နဲ့ အိုကမ်ပို့စ်တို့ဟာ ထင်မှတ်ထားသလောက် မကစားနိုင်ခဲ့တာကိုလည်း တွေ့ခဲ့ရပါတယ်။ ဒါပေမယ့်လည်း ခြေစစ်ပွဲအဖွင့်ပွဲစဉ်မှာ အနိုင်၃ မှတ်ရရှိခဲ့လို့ ကျေနပ်စရာတော့ဖြစ်ခဲ့ပြီး ဘိုလီဗီယားကွင်းမှာ သွားကစားရမယ့် ဒုတိယပွဲစဉ်ကိုတော့ တော်တော်လေးသတိထားရမှာဖြစ်ပါတယ်။

ကျန်ပွဲစဉ်တွေမှာတော့ ပါရာဂွေးနဲ့ ပီရူးတို့ ၂ဂိုးစီသရေဖြစ်ခဲ့ပြီး ဥရုဂွေးကတော့ ပွဲပြီးခါနီးရရှိခဲ့တဲ့ အနိုင်ဂိုးကြောင့် ချီလီကို ၂-၁ နဲ့ အနိုင်ရရှိခဲ့ပါတယ်။ ကျန်ပွဲစဉ်တွေအဖြစ်တော့ ကိုလံဘီယာနဲ့ ဗင်နီဇွဲလား၊ ဘရာဇီးလ် နဲ့ ဘိုလီဗီယားတို့ပွဲစဉ်တွေကို အောက်တိုဘာလ ၁၀ ရက်နေ့မှာ ဆက်လက်ကစားသွားမှာဖြစ်ပါတယ်။ 


Author


က္က