ဘာစီလိုနာမှာ အရင်းနှီးဆုံးသူငယ်ချင်းတွေဖြစ်ခဲ့တာပါ။
Pyae Phyo Thein

ဥရုဂွေးတိုက်စစ်မှူးဟာ အက်သလက်တီကိုမက်ဒရစ်အသင်းကို ပြောင်းရွှေ့သွားခဲ့တာဖြစ်ပြီး ၆ နှစ်ကြာ ကစားခဲ့တဲ့ နူးကမ့််နဲ့ အရင်းနှီးဆုံးအသင်းဖော်မက်ဆီတို့ကို ခွဲခွာခဲ့ရတာလည်းဖြစ်ပါတယ်။


ဘာစီလိုနာအသင်းကနေ သူထွက်ခွာခဲ့ရတာမှာ မက်ဆီရဲ့ နာကျင်မှုနဲ့ထပ်တူ သူလည်းခံစားခဲ့ရတယ်လို့ လူးဝစ္စဆွာရက်ဇ်က ဖွင့်ဟလိုက်ပါတယ်။ ဥရုဂွေးတိုက်စစ်မှူးဟာ အက်သလက်တီကိုမက်ဒရစ်အသင်းကို ပြောင်းရွှေ့သွားခဲ့တာဖြစ်ပြီး ၆ နှစ်ကြာ ကစားခဲ့တဲ့ နူးကမ့််နဲ့ အရင်းနှီးဆုံးအသင်းဖော်မက်ဆီတို့ကို ခွဲခွာခဲ့ရတာလည်းဖြစ်ပါတယ်။

ဆွာရက်ဇ်ထွက်ခွာခဲ့ရမှုမှာ ဘာစီလိုနာက ကန်ထုတ်ခဲ့တာဖြစ်တယ်လို့ မက်ဆီက ပြောဆိုခဲ့ပြီး သူ့ရဲ့ အခင်မင်ဆုံးသူငယ်ချင်းထွက်ခွာခဲ့ရတဲ့အပေါ် ခံစားရတယ်လို့ ဆိုရှယ်မီဒီယာတွေကနေ ဖွင့်ဟခဲ့ပါတယ်။ အခုအခါမှာ ဆွာရက်ဇ်ကလည်း မက်ဆီနည်းတူ သူလည်းပဲ ခံစားရတယ်လို့ ပြောဆိုသွားခဲ့ကြောင်း ချီလီနဲ့ပွဲအပြီးမှာ ပြောဆိုသွားခဲ့ပါတယ်။ 

"မက်ဆီ အဲဒီလိုခံစားရတယ်ဆိုတာကို ကျွန်တော်မအံ့သြပါဘူး၊ ဘာလို့လဲဆိုတော့ ကျွန်တော် သူ့အကြောင်းကို ကောင်းကောင်းသိနေလို့ပါ၊ သူ ဘယ်လောက်ထိနာကျင်ရမလဲဆိုတာကို ကျွန်တော်ခံစားမိပါတယ်၊ ကျွန်တော်လည်း အဲဒီလိုပါပဲ၊ သူက ကျွန်တော်ကန်ထုတ်ခံခဲ့ရတယ်လို့ ခံစားခဲ့ရတာပါ၊ ဘာလို့လဲဆိုတော့ သူတို့ရဲ့လုပ်ပုံကြောင့်ပါ၊ ကျွန်တော်နဲ့ပတ်သက်ပြီး မှန်မှန်ကန်ကန်လုပ်လို့ရတဲ့ နည်းလမ်းတွေရှိပါတယ်"

"သူတို့က ၆ နှစ်လောက်ရှိခဲ့တဲ့ ကစားသမားတစ်ဦးကို ဆက်ဆံခဲ့ပုံတွေက မက်ဆီကိုပါ အနှောင့်အယှက်ဖြစ်စေခဲ့ပါတယ်၊ ကျွန်တော့်သူငယ်ချင်းတစ်ဦးအဖြစ်နဲ့ သူ့ကိုမြင်တွေ့ရသလို သူကလည်း ကျွန်တော်တို့ ဘယ်လောက်ထိ ဆိုးဆိုးရွားရွားခံစားခဲ့ရလဲဆိုတာကို သိနေပါတယ်၊ ကျွန်တော့်မိသားစုကတော့ ကျွန်တော်ပျော်ရွှင်နေတာကိုပဲ လိုချင်တာပါ" လို့ ဆွာရက်ဇ်က ပြောသွားခဲ့ပါတယ်။

ဆွာရက်ဇ်ကတော့ ချီလီနဲ့ကစားခဲ့တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ ပယ်နယ်တီကတဆင့် အနိုင်ဂိုးတစ်ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။ အက်သလက်တီကိုအတွက်လည်း ၃ပွဲကစားအပြီးမှာ ၂ဂိုးသွင်းယူပေးထားနိုင်ခဲ့သူဖြစ်ပါတယ်။ 


Author


က္က