ဗိုင်းရပ်စ်ကူးစက်ခံရမှုကနေ ပျောက်ကင်းသွားခဲ့ပြီဖြစ်ပါတယ်။
Pyae Phyo Thein

အခြားကူးစက်ခံရသူတစ်ဦးဖြစ်တဲ့ နောက်ခံလူလီယိုဒူယာတီကလည်း ပြန်လည်ကောင်းမွန်နေခဲ့ပြီဖြစ်ပြီး သူတို့နှစ်ဦးစလုံးဟာ အောက်တိုဘာ ၁၇ ရက်နေ့မှာ ကစားရမယ့် မီလန်ဒါဘီပွဲကို ပါဝင်နိုင်ကြတော့မှာလည်းဖြစ်ပါတယ်။ 


အေစီမီလန်အသင်းရဲ့ တိုက်စစ်မှူးကြီး ဇလာတန်အီဘရာဟီမိုဗစ်ဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှုနေ ပျောက်ကင်းသက်သာသွားခဲ့ပြီဖြစ်ပါတယ်။ ကာယကံရှင် နဲ့ အေစီမီလန်အသင်းတို့က အတည်ပြုသတင်းထုတ်ပြန်ခဲ့ပြီး အသက် ၃၈ နှစ်အရွယ် ကစားသမားကြီးဟာ အသင်းနဲ့အတူပူးပေါင်းကာ စီးရီးအေပွဲစဉ်တွေကို ပြန်လည်ကစားပေးနိုင်တော့မှာဖြစ်ပါတယ်။

အေစီမီလန်မှာ ခြေစွမ်းပြနေတဲ့ ၀ါရင့်တိုက်စစ်မှူးကြီးဟာ ဗိုင်းရပ်စ်ကူးစက်ခံရပြီး သိပ်မကြာခင်မှာပဲ ပြန်လည်ကောင်းမွန်သွားခဲ့တာဖြစ်ပါတယ်။ နေအိမ်မှာ ကွာရန်တင်းဝင်နေစဉ်ကာလအတွင်း ဇလာတန်က တစ်ဦးတည်းလေ့ကျင့်မှုတွေ ပြုလုပ်နေခဲ့ပြိး အမြန်ဆုံးပြန်လည်ကစားပေးနိုင်ဖို့ ရည်ရွယ်ခဲ့ကာ ဗိုင်းရပ်စ်ကို တိုက်ထုတ်နိုင်ခဲ့တာဖြစ်ပါတယ်။

"မင်းကို ကုသပြီးပြီ၊ ကျန်းမာရေးအာဏာပိုင်တွေကလည်း သတိပေးပေးထားပြီးပြီ၊ မင်း ထွက်သွားလို့ရပြီ" လို့ ဇလာတန်က သူ့ရဲ့လူမှုကွန်ယက်တွေပေါ်မှာရေးသားကာ အသိပေးခဲ့ပါတယ်။ သူ့ကိုမှ ဗိုင်းရပ်စ်က လာပြီးကူးစက်တာဟာ စိန်ခေါ်လိုက်တာပဲလို့ ပြောခဲ့ဖူးပြီး ပရိသတ်တွေကို ပွဲကျစေခဲ့တဲ့ ဇလာတန်ဟာ အချိန်အနည်းငယ်အတွင်းမှာပဲ ဗိုင်းရပ်စ်ကို အနိုင်ယူခဲ့တာဖြစ်ပါတယ်။

ဒီတစ်ပတ်အတွင်း စစ်ဆေးခဲ့တဲ့ အေစီမီလန်ကစားသမားအားလုံးမှာ ဗိုင်းရပ်စ်ကင်းစင်ခဲ့တယ်လို့လည်း Sky Sports Italia က ဖော်ပြခဲ့ပါတယ်။ အခြားကူးစက်ခံရသူတစ်ဦးဖြစ်တဲ့ နောက်ခံလူလီယိုဒူယာတီကလည်း ပြန်လည်ကောင်းမွန်နေခဲ့ပြီဖြစ်ပြီး သူတို့နှစ်ဦးစလုံးဟာ အောက်တိုဘာ ၁၇ ရက်နေ့မှာ ကစားရမယ့် မီလန်ဒါဘီပွဲကို ပါဝင်နိုင်ကြတော့မှာလည်းဖြစ်ပါတယ်။ 


Author


က္က