ဆိုးလ်ရှားက ခေါ်ယူချင်ပေမယ့် ငြင်းဆန်ခဲ့တာဖြစ်ပါတယ်။
Pyae Phyo Thein

ကစားသမားကို ခေါ်ယူမယ်ဆိုရင် အေးဂျင့်ခ နဲ့ လျော်ကြေးငွေထည့်သွင်းချုပ်ဆိုဖို့အတွက် ပါဝင်ခဲ့တယ်လို့ သိရပြီး ဝုဒ်ဝက်ဒ်က အဆိုပါအချက်ကို သဘောမတူခဲ့တာလို့လည်း ဆိုပါတယ်။


ESPN သတင်းဌာနရဲ့ ဖော်ပြမှုအရ ယူနိုက်တက်အသင်းရဲ့ အပြောင်းအရွှေ့ကိစ္စတွေအားလုံးကို ချုပ်ကိုင်ထားတဲ့ အက်ဒ်ဝုဒ်ဝက်ဒ်ဟာ ဟာလန်းကို ယူရိုသန်း ၂၀ နဲ့ ခေါ်ယူနိုင်မယ့် အခွင့်အရေးရှိခဲ့ပေမယ့် ငြင်းဆန်ပယ်ချခဲ့တယ်လို့ သိရပါတယ်။ နော်ဝေကြယ်ပွင့်ကို ဆိုးလ်ရှားက ခေါ်ယူချင်နေခဲ့ပေမယ့် ဝုဒ်ဝက်ဒ်က တားဆီးခဲ့တာလည်းဖြစ်ပါယ်။

ကစားသမားကို ခေါ်ယူမယ်ဆိုရင် အေးဂျင့်ခ နဲ့ လျော်ကြေးငွေထည့်သွင်းချုပ်ဆိုဖို့အတွက် ပါဝင်ခဲ့တယ်လို့ သိရပြီး ဝုဒ်ဝက်ဒ်က အဆိုပါအချက်ကို သဘောမတူခဲ့တာလို့လည်း ဆိုပါတယ်။ ဒီအတွက်ကြောင့် ဟာလန်းကို ဒေါ့မွန်က အဆိုပါပြောင်းရွှေ့ကြေးပမာဏ၊ အေးဂျင့်ခနဲ့ စာချုပ်ဖျက်သိမ်းကြေး ယူရို ၇၅သန်းကို ထည့်သွင်းချုပ်ဆိုကာ ခေါ်ယူသွားခဲ့ပါတယ်။


ဒီဆုံးဖြတ်ချက်ဟာ ဒေါ့မွန်အတွက် မှန်ကန်နေခဲ့ပြီး ဟာလန်းဟာအဖွင့်ပွဲမှာပဲ ဟက်ထရစ်သွင်းယူကာ ခြေစွမ်းပြခဲ့ပြိး အချိန်တိုအတွင်းမှာ ဒေါ့မွန်ရဲ့ အဓိကတိုက်စစ်မှူးဖြစ်လာခဲ့ပါတယ်။ ဒေါ့မွန်အတွက် ပထမဆုံးကစားပေးခဲ့တဲ့ ၂၃ပွဲမှာပဲ ဟာလန်းက ၂၁ဂိုးအထိ သွင်းယူပေးခဲ့ကာ ကမ္ဘာကျော်ကစားသမားတစ်ဦးဖြစ်လာမယ့် ခြေစွမ်းခြေစတွေကို ပြသနေခဲ့ပြီး ယူနိုက်တက်အတွက်တော့ ကြီးမားတဲ့နောင်တတွေကို ရစေခဲ့ပါတယ်။

ဒီရာသီမှာလည်း ဒေါ့မွန်အတွက် ပြိုင်ပွဲစုံ ၅ပွဲကစားပေးအပြီးမှာ ၅ ဂိုးအထိသွင်းယူပေးကာ ဟာလန်းကခြေစွမ်းပြနေခဲ့ပါတယ်။ ဆိုးလ်ရှားက သူနဲ့ဟာလန်းကြား ရင်းနှီးမှုကိုအခွင့်ကောင်းယူပြီး အိုးထရက်ဖို့ဒ်ကို ခေါ်ယူနိုင်ဖို့ ကြိုးပမ်းခဲ့ပေမယ့် ဝုဒ်ဝက်ဒ်ရဲ့ ဆန္ဒကြောင့် ဖြစ်ပေါ်မလာခဲ့ဘဲ အရည်အသွေးမြင့်ကစားသမားတစ်ဦးကို လက်လွှတ်ဆုံးရှုံးခဲ့ရပါတယ်။


လက်ရှိအချိန်ထိလည်း ဆိုးလ်ရှားက ဟာလန်းကိုအလိုရှိနေဆဲဖြစ်ပြီး အသင်းဘက်ကခေါ်ယူပေးမယ်လို့ မျှော်လင့်နေသေးကြောင်းသိရပါတယ်။ ယူနိုက်တက်အနေနဲ့ ကစားသမားသစ်တွေခေါ်ယူရာမှာ နည်းပြစိတ်ကြိုက်မဟုတ်တဲ့ ကစားသမားတွေကို ခေါ်ယူနေတယ်လို့ သတင်းတွေထွက်နေခဲ့ပြီး အသင်းတွင်းအားကစားဒါရိုက်တာမရှိမှုက အားနည်းချက်အဖြစ်ရှိနေကာ ဝုဒ်ဝက်ဒ်လည်း အပြင်းအထန်ဝေဖန်ပြစ်တင်ခံနေရပြီဖြစ်ပါတယ်။ 


Author


က္က