ဗိုင်းရပ်စ်ကူးစက်တာ ဟုတ်၊မဟုတ် စစ်ဆေးနေပါတယ်။
Pyae Phyo Thein

ချယ်လ်ဆီးတိုက်စစ်မှူးအေဘရာဟမ်ရဲ့ ၂၃နှစ်ပြည့်မွေးနေ့ပါတီကို ချီဝဲလ်၊ ဆန်ချိုတို့ တက်ရောက်ခဲ့ပြီး အခြားဧည့်သည်ပေါင်း ၂ဝဦးအထိ ပါဝင်ခဲ့တယ်လို့ သိရပါတယ်။


အေဘရာဟမ်ရဲ့ မွေးနေ့ပါတီပွဲကို တက်ရောက်ခဲ့တဲ့ အင်္ဂလန်နောက်ခံလူဘင်ချီဝဲလ်ဟာ ဖျားနာမှုဖြစ်ပွားနေတယ်လို့ သိရပါတယ်။ အသင်းအခြေစိုက်စခန်းမှာ ချီဝဲလ်ကို ဆေးအဖွဲ့က သီးသန့်ကုသပေးနေပြီး ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရတာလားဆိုတာကို စစ်ဆေးနေပြီး လက်ရှိအချိန်ထိတော့ ရလဒ်အဖြေကို မသိရှိရသေးဘူးလို့ ဆိုပါတယ်။ 

ချယ်လ်ဆီးတိုက်စစ်မှူးအေဘရာဟမ်ရဲ့ ၂၃နှစ်ပြည့်မွေးနေ့ပါတီကို ချီဝဲလ်၊ ဆန်ချိုတို့ တက်ရောက်ခဲ့ပြီး အခြားဧည့်သည်ပေါင်း ၂ဝဦးအထိ ပါဝင်ခဲ့တယ်လို့ သိရပါတယ်။ အဆိုပါအပြုအမူနဲ့ လုပ်ရပ်အတွက် သူတို့သုံးဦးကို ဆောက်ဂိတ်က ဝေးလ်နဲ့ကစားခဲ့တဲ့ ခြေစမ်းပွဲမှာချန်လှပ်ထားခဲ့ပြီး ဘယ်လ်ဂျီယံနဲ့ ဒီနေ့ကစားရမယ့် နေးရှင်းလိဂ်ပွဲအတွက်တော့ ပြန်လည်ခေါ်ယူခဲ့ပါတယ်။

ဒါပေမယ့် လက်ရှိမှာ ချီဝဲလ်က ဖျားနာနေတာကြောင့် ဆေးစစ်မှုရလဒ်သာ မကောင်းခဲ့ဘူးဆိုရင် လွဲချော်မှာဖြစ်ကာ ဆန်ချို နဲ့ အေဘရာဟမ်တို့ကိုလည်း စစ်ဆေးမှုတွေ ပြုလုပ်သွားရမှာဖြစ်ပါတယ်။ ဆောက်ဂိတ်အတွက်တော့ ဘယ်လ်ဂျီယံနဲ့ကစားရမယ့် ပွဲကြီးပွဲကောင်းအတွက် ခေါင်းစားနေရချိန်မှာ အသင်းသားတွေရဲ့ ပြသနာက စိတ်ရှုပ်စရာလည်းဖြစ်လာခဲ့ရပါတယ်။ 

ပြီးခဲ့တဲ့ နိုင်ငံတကာပွဲစဉ်ကာလအတွင်းကလည်း ဂရင်းဝုဒ် နဲ့ ဖိုဒန်တို့က အသင်းတည်းခိုရာဟိုတယ်ကို အမျိုးသမီးတွေ ခေါ်ယူဖို့ ကြိုးစားခဲ့လို့ အသင်းလူစာရင်းကနေ ထုတ်ပယ်ခံခဲ့ရပါတယ်။ လက်ရှိမှာ သူတို့ငါးဦးစလုံးကို ပရိသတ်တွေက ပြစ်တင်ဝေဖန်မှုတွေပြုလုပ်နေကြပြီး နည်းပြဆောက်ဂိတ်ကလည်း တော်တော်လေးဒေါသထွက်နေတယ်လို့ Mirror က ဖော်ပြခဲ့ပါတယ်။ 


Author


က္က