အသက်အရွယ်ကွာဟမှုကြောင့် နှိုင်းယှဉ်သင့်တဲ့ ပုံစံကိုလည်း ပြောပြခဲ့ပါတယ်။
Pyae Phyo Thein

ရော်နယ်ဒိုကို ကလေးဘဝကတည်းက ဘတ်ပီက လေးစားအားကျနေခဲ့သူဖြစ်ပြီး လက်ရှိမှာတော့ ရော်နယ်ဒို နဲ့ မက်ဆီမရှိတော့မယ့် ဘောလုံးကမ္ဘာမှာ ဘတ်ပီက ထင်ပေါ်လာမယ်လို့ ခန့်မှန်းခံထားရပါတယ်။


ပေါ်တူဂီနဲ့ ကစားရမယ့် နေးရှင်းလိဂ်ပွဲစဉ််မတိုင်ခင်မှာ ပြင်သစ်နည်းပြဒက်ချမ့်စ်က ကိုင်လီယန်ဘတ်ပီ နဲ့ ရော်နယ်ဒိုတို့ကို မကြာခင်မှာ နှိုင်းယှဉ်မှုတွေပြုလုပ်နိုင်တော့မယ်လို့ ပြောဆိုလိုက်ပါတယ်။ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာဖြစ်ပြီး ကစားသမားနှစ်ဦးကြား အသက်အရွယ်ကွာခြားမှုကြောင့် ဘယ်လိုနှိုင်းယှဉ်ပြောတာမျိုးက သင့်တော်လဲဆိုတာကိုလည်း ဒက်ချမ့်စ်က ရှင်းပြခဲ့ပါတယ်။ 

ရော်နယ်ဒိုနဲ့ ဘတ်ပီတို့ဟာ အသက် ၁၄ နှစ်အထိ ကွာဟပြီး ဘတ်ပီရဲ့ စံပြကစားသမားအဖြစ် ရော်နယ်ဒိုက ရှိနေခဲ့ပါတယ်။ ဘလွန်းဒီအောဆုငါးကြိမ်အထိ ရှိထားတဲ့ ရော်နယ်ဒိုကို ကလေးဘဝကတည်းက ဘတ်ပီက လေးစားအားကျနေခဲ့သူဖြစ်ပြီး လက်ရှိမှာတော့ ရော်နယ်ဒို နဲ့ မက်ဆီမရှိတော့မယ့် ဘောလုံးကမ္ဘာမှာ ဘတ်ပီက ထင်ပေါ်လာမယ်လို့ ခန့်မှန်းခံထားရပါတယ်။


ဆယ်ကျော်သက်ကစားသမားဘဝမှာပဲ ဘတ်ပီက ပြင်သစ်နဲ့အတူ ကမ္ဘာ့ဖလားကို ဆွတ်ခူးနိုင်ခဲ့ပြီး အောင်မြင်မှုအကြီးအကျယ်ရရှိခဲ့ပြီးဖြစ်ပါတယ်။ ဒက်ချမ့်စ်က အသက်အရွယ်ကွာဟမှုကြောင့် လာမယ့်နှစ်အနည်းငယ်အတွင်း ဖြစ်လာမယ့် ဘတ်ပီရဲ့ ခြေစွမ်းနဲ့ ရော်နယ်ဒိုရဲ့ လက်ရှိခြေစွမ်းကိုသာ နှိုင်းယှဉ်သင့်တယ်လို့ ပြောခဲ့ပါတယ်။

"သူက ဘတ်ပီရဲ့ စံပြကစားသမားပါ၊ ဒါပေမယ့် ကျွန်တော်ထင်တာကတော့ ရော်နယ်ဒိုက လူငယ်တိုင်းရဲ့ စံပြကစားသမားပါ၊ သူတို့နှစ်ဦးကို နှိုင်းယှဉ်ဖို့က ခက်ခဲပါတယ်၊ ရော်နယ်ဒိုက ထိပ်တန်းအဆင့်မှာ နှစ်ပေါင်းများစွာကစားနေခဲ့သူဖြစ်ပါယ်၊ သူတို့က အသက်အရွယ်လည်း မတူညီကြပါဘူး၊ ဒါကြောင့် ဘတ်ပီအသက်အရွယ်ရလာမယ့်အချိန်နဲ့ ရော်နယ်ဒိုရဲ့ လက်ရှိအနေအထားကို နှိုင်းယှဉ်ထားတာက အကောင်းဆုံးဖြစ်မှာပါ"

"နှစ်ယောက်စလုံးက ဘယ်လိုအချိန်မှာဖြစ်ဖြစ် ပွဲကိုအလှည့်အပြောင်းဖြစ်စေတဲ့သူတွေပါ၊ ရော်နယ်ဒိုရဲ့ စွမ်းရည်က အဲဒါဖြစ်သလို ဘတ်ပီကလည်း အခြားနည်းတစ်မျိုးနဲ့ စွမ်းရည်ရှိသူပါ၊ သူက ပိုပြီးတော့ ငယ်ရွယ်တယ်ဆိုရင်တောင်မှပေါ့၊ နှစ်ဦးစလုံးက ထိပ်တန်းကစားသမားတွေ ဖြစ်ပါတယ်" လို့ ဒက်ချမ့်စ်ကပြောခဲ့ပါတယ်။


Author


က္က