နေးရှင်းလိဂ် ပြိုင်ပွဲအကြို ပြောစကားဖြစ်ပါတယ်။

၁၉၆၆ ကမ္ဘာ့ဖလားတစ်ခုသာ အောင်မြင်မှုအဖြစ် ချပြလို့ ရတဲ့ အင်္ဂလန်အတွက် နာမည်ကြီး ကစားသမားတွေ များစွာ ပိုင်ဆိုင်ထားသည့်တိုင် အောင်မြင်မှုနဲ့ မနီစပ်နိုင်တာကတော့ အရှိတရားပဲ ဖြစ်ပါတယ်။

ဘယ်လ်ဂျီယံအသင်း တိုက်စစ်မှူး ကီဗင် ဒီဘရိုင်းက အင်္ဂလန်အသင်းဟာ လာမယ့် ဥရောပဖလားနဲ့ ကမ္ဘာ့ဖလား ပြိုင်ပွဲတွေမှာ ချန်ပီယံ ဖြစ်မယ့်စာရင်းကို ဦးဆောင်အသင်း ဖြစ်သင့်တယ်လို့ ဆိုလာပါတယ်။

ဒီစကားကိုတော့ အင်္ဂလန်နဲ့ဘယ်လ်ဂျီယံအသင်းတို့ ကစားမယ့် နေးရှင်းလိဂ် ပြိုင်ပွဲ ပွဲကြို ပြောစကားအဖြစ် ဒီဘ ရိုင်းက ဆိုလိုက်တာပါ။

အင်္ဂလန်အသင်းဟာ ၂၀၁၈ ကမ္ဘာ့ဖလား ပြိုင်ပွဲတုန်းကတော့ မထင်မှတ်စရာ ခြေစွမ်းမျိုးနဲ့ အရင်လို ကွာတား ပြုတ်အသင်း မဖြစ်ခဲ့ပဲ ဆီမီးဖိုင်နယ်ထိ တက်လှမ်းခဲ့ပေမယ့် စတုတ္ထဆုနဲ့သာ ကျေနပ်ခဲ့ရပါတယ်။

လက်ရှိအချိန်ထိ ၁၉၆၆ ကမ္ဘာ့ဖလား ချန်ပီယံ ဖြစ်ပြီးကတည်းက နိုင်ငံ အသင်းသမိုင်းတစ်လျှောက် အဓိက ဆုဖလား တစ်ကြိမ်မျှ ဆွတ်ခူးထားနိုင်ခြင်း မရှိသေးတာပါ။

“ကျွန်တော်ကတော့အင်္ဂလန် အသင်းအနေနဲ့ လာမယ့် ယူရို(သို့)ကမ္ဘာ့ဖလားမှာ တစ်ခုခုတော့ လုပ်ဆောင်ပြနိုင် သင့်တယ်လို့ ထင်ပါတယ်။ဖြစ်နိုင်ချေလည်း ရှိပါတယ်။သူတို့မှာ ထိပ်တန်းလိဂ်မှာ ကစားနေတဲ့ ကစားသမားတွေ ရှိနေလျက်သားနဲ့ ဘာလို့ မဖြစ်နိုင်ရမှာလဲ။”ဆိုပြီး ဒီဘရိုင်းက ပြောခဲ့တာပါ။

ဒီစကားဟာ အင်္ဂလန်အတွက်တော့ ခံပြင်းစရာ စကားတစ်ခွန်းဖြစ်ပြီး ယခင်ကတည်းက နာမည်ကြီး ကစားသမား တွေသာ ရှိခဲ့ပြီး လက်ရှိလည်း ကမ္ဘာ့ပေါ်မှာ ထိပ်ဆုံးက ဦးဆောင်နေတဲ့ လိဂ်ကို ပိုင်ဆိုင်ထားတဲ့ အင်္ဂလန် အသင်း ဟာ ၁၉၆၆ ကမ္ဘာ့ဖလားက လွဲလို့ အခြားအောင်မြင်မှု မရှိတာကြောင့် ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဒီဘရိုင်းရဲ့ ပြောစကားကို ဘယ်လ်ဂျီယံအသင်းနည်းပြ မာတီနက်ဇ်ကလည်း ထောက်ခံပြီး အင်္ဂလန်နည်းပြ ဆောက်ဂိတ်မှာ အထင်ကြီးစရာ လူစာရင်းကို ပိုင်ဆိုင်ထားပြီး ဒါဟာ ဆုဖလားပိုင်ဆိုင်ဖို့ အဓိက အချက်ဖြစ်လာပါတယ်လို့ ပြော ခဲ့ပါသေးတယ်။

လက်ရှိမှာတော့ အင်္ဂလန်က ဝေးလ်နဲ့ ခြေစမ်းပွဲမှာ ၃-၀နဲ့ အနိုင်ရထားသလို ကမ္ဘာ့အဆင့်မှာလည်း အဆင့် ၄နေရာ ကို တက်လှမ်းရယူထားနိုင်ပါတယ်။

ဘယ်လ်ဂျီယံအသင်းကတော့ ၂၀၁၈ ကမ္ဘာ့ဖလား တတိယနေရာလုပွဲမှာ အင်္ဂလန်ကို အနိုင်ယူခဲ့သလို ကမ္ဘာ့အဆင့် ၁မှာ ရပ်တည်နေပြီး လာမယ့် အင်္ဂလန်နဲ့ပွဲမှာတော့ အဓိက ကစားသမားတွေ ဖြစ်တဲ့ ဟာဇက်နဲ့ဒီရိုင်းမာတင်တို့ကို လက်လွှတ်ရဖို့ ရှိနေပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က