ယူကရိန်းကို ၂-၁နဲ့ အနိုင်ရခဲ့တာပါ။

မနှစ်က နေးရှင်းလိဂ်ပြိုင်ပွဲမှာ နိုင်ပွဲလုံးဝမရရှိထားခဲ့ပဲ ယခု ၇ပွဲမြောက် နေးရှင်းလိဂ် ပြိုင်ပွဲကျမှ ပထမဆုံး နိုင်ပွဲကို ခက်ခက်ခဲခဲ ရရှိခဲ့တာပါ။

ဂျာမနီဟာ ယူကရိန်းကို ၂-၁ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲဟာ အသင်းသမိုင်းတစ်လျှောက် နေးရှင်းလိဂ်ပြိုင်ပွဲမှာ ပထမဆုံး နိုင်ပွဲရရှိခဲ့တာ ဖြစ်ပါတယ်။



ကိုဗစ်ကာလဖြစ်ပေမယ့် ယူကရိန်း အာဏာပိုင်တွေရဲ့ ခွင့်ပြုချက်နဲ့ ပရိသတ် ၇သောင်းဆံ့တဲ့ကွင်းအတွင်းမှာ ၂သောင်းဝန်းကျင်အထိ ဝင်ရောက်ကြည့်ရှုခွင့် ပေးခဲ့ပါတယ်။

မနှစ်က နေးရှင်းလိဂ်ပြိုင်ပွဲမှာ ဂျာမနီဟာ နိုင်ပွဲလုံးဝမရရှိခဲ့ပေမယ့် ဒီနှစ်မှာတော့ အုပ်စုတွင်း ၅မှတ်ထိ စုဆောင်း ထားနိုင်ပါပြီ။

ဂျာမနီရဲ့ နိုင်ပွဲမှာတော့ ချဲလ်ဆီးနဲ့အတူ ယခုနှစ်ရာသီတစ်ပွဲမျှ ပါဝင်ပေးထားနိုင်ခြင်း မရှိသေးတဲ့ ရူဒီဂါလည်း ပါဝင်ခဲ့ပြီး သူ့ရဲ့ ဖန်တီးပေးမှုကတဆင့် အသင်းအတွက် အဖိုးတန် ဦးဆောင်ဂိုးရရှိစေခဲ့သူပါ။

ဂျာမနီကတော့ လိဂ်(က)အုပ်စု(၄)မှာ စပိန်၊ယူကရိန်း၊ဆွစ်ဇာလန်တို့နဲ့အတူ ကျရောက်နေပြီး တစ်ပွဲနိုင် ၂ပွဲသရေ ကျထားလို့ စပိန်နောက် အုပ်စု ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က